“စိတ်ကူးထဲက အိပ်မက်အိမ်လေးအတွက် Sweety Home မှာ KBZ Cards တွေနဲ့ ဝယ်ယူရင်း ငွေကျပ် (၁၀) သိန်း ကံထူးခွင့်ရယူလိုက်ပါ” Campaign ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ အထိ (၁) လတိုင်တိုင်ကျင်းပသွားမည် ဖြစ်ပါသည်။
၂။ ဤ Campaign ကာလအတွင်း KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများ အနေဖြင့် အပိုဒ် ၆ တွင် ဖော်ပြထားသော Sweety Home ဆိုင်ခွဲများတွင် သတ်မှတ်ထားသော ငွေပမာဏအား KBZ POS စက်များဖြင့် အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်ကာ Lucky Draw နှင့် Cashback အစီအစဥ်များ၌ ပါဝင်ပြီး ဆုလက်ဆောင်များကို ကံထူးပိုင်ဆိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။
၃။ ဤ Campaign ကာလအတွင်း အသုံးပြုနိုင်သော KBZ Bank Debit Card နှင့် Credit Card များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
| Debit Cards | Credit Cards |
| 1. MPU-UnionPay Asia Prestige Diamond Debit Card | 1. Visa Credit Cards (Classic, Platinum) |
| 2. MPU Debit Card | 2. MPU-UnionPay Credit Cards (Classic, Platinum) |
| 3. MPU Teen Debit Card | 3. MPU Credit Cards (Classic, Gold, Platinum) |
| 4. MPU Business Debit Card |
၄။ KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများအတွက် Lucky Draw အစီအစဉ်
ဤ Campaign ကာလအတွင်း KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများအနေဖြင့် အပိုဒ် ၆ ၌ ဖော်ပြထားသော Sweety Home ဆိုင်ခွဲများရှိ KBZ POS စက်များတွင် ပြေစာတစ်စောင်လျှင် ငွေပမာဏ သုံးသိန်း (၃၀၀,၀၀၀) ကျပ် နှင့် အထက် ငွေပေးချေမှုပြုလုပ်ခြင်းဖြင့် Lucky Draw အစီအစဉ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ပြေစာတစ်စောင်လျှင် ငွေပမာဏ သုံးသိန်း (၃၀၀,၀၀၀) ကျပ် ပြည့်တိုင်း Lucky Draw ကံထူးခွင့် တစ်ကြိမ် စီရရှိမည်ဖြစ်ပြီး KBZ Bank Debit Card နှင့် Credit Card များဖြင့် အသုံးပြုမှု ပမာဏ များ လေလေ အမြင့်ဆုံးငွေသားဆုလက်ဆောင် ဆယ်သိန်း (၁,၀၀၀,၀၀၀) ကျပ် ကံထူးနိုင်မည့် အခွင့်အရေး ပိုမိုများပြားလေ ဖြစ်ပါသည်။
Lucky Draw အစီအစဉ်တွင် ပါဝင်သော ဆုလက်ဆောင်များမှာ-
- ငွေသားဆု ဆယ်သိန်း (၁,၀၀၀,၀၀၀) ကျပ် – (၁) ဆု
- ငွေသားဆု တစ်သိန်း (၁၀၀,၀၀၀) ကျပ် – (၅) ဆု
- နှစ်သိမ့်ဆု အနေဖြင့် ကျပ် တစ်သိန်း (၁၀၀,၀၀၀) ဝန်းကျင် တန်ဖိုးရှိ Sweety Home Brand အမှတ်တံဆိပ် နှစ်ယောက်အိပ် Bed Sheet – (၁၀) ဆု တို့ကိုချီးမြင့်သွားမည်ဖြစ်ပါသည်။
၅။ KBZ Bank Credit Card ကိုင်ဆောင်သူများအတွက် Additional အထူးအခွင့်အရေး
KBZ Bank Credit Card ကိုင်ဆောင်သူများသည် လက်ရှိဖွင့်လှစ်ထားသော Sweety Home ဆိုင်ခွဲများအားလုံးရှိ KBZ POS စက်များတွင် ပြေစာတစ်စောင်လျှင် ငွေပမာဏ ငါးသိန်း (၅၀၀,၀၀၀) ကျပ် နှင့် အထက် အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်ပြီး အဆိုပါဝယ်ယူထားသော Transaction အား Smart Deal Program ကို အောင်မြင်စွာ ပြောင်းလဲ လျှောက်ထားပါက အပိုထပ်ဆောင်း အနေဖြင့် Cashback တစ်သောင်း (၁၀,၀၀၀)ကျပ်ကို ထပ်မံရရှိမည် ဖြစ်ပါသည်။ အရစ်ကျပေးချေမှု (Installment Payment Plan) ဖြစ်သည့် Smart Deal Program အသေးစိတ်ကို ယခု Link မှ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၆။ ဤ Campaign တွင် အောက်ပါအတိုင်း လက်ရှိဖွင့်လှစ်ထားသော Sweety Home ဆိုင်ခွဲများအားလုံးပါဝင်ပါသည်။
| No | Outlet Name | Outlet Address |
| 1 | SWEETY HOME MDY-1 | Ou Yin Tann,35th St (64*65), Mahar Myaing 1 Qtr,Mahar Aung Myay Tsp |
| 2 | SWEETY HOME MDY-2 | No.(568),33rd St(81*82),Aung Nan yeik Thar Qtr,Chanayetharzan Tsp |
| 3 | SWEETY HOME (SHWE PYI THAR) | No.58, MyaTaungWunGyi U Hmo Street, ShwePyiThar Zone (3),,Shwe Pyi Thar Tsp, Yangon |
| 4 | SWEETY HOME(KYAIKKASAN MALL- TAMWE) | No-2A (1/16 G), East Horse Race Road, Man Aung Qtr, Tamwe Township, Yangon |
| 5 | SWEETY HOME (HLAING) | No.82,Ywar Ma kyaung Road, Hlaing (1) Ward,,Hlaing Tsp,Yangon |
| 6 | SWEETY HOME (MAYANGONE) | No.(3/A),Mindama Road,Mayangone (3)Ward,Mayangone Tsp, Yangon. |
| 7 | SWEETY HOME (SOUTH OKKALAPA) | No.(84), Yadanar Road,South Oakkalarpa Tsp(8)Ward,Yangon . |
| 8 | SWEETY HOME (THAKETA) | No.(296)-(A-10/12/14), Erawong Road,Thaketa,(Industrial Ward), Yangon. |
| 9 | SWEETY HOME (AHLONE) | No.2/ Kha ,KanNarRoad, Thittaw Qtr,Ahlone Tsp,Yangon. |
၇။ ဤ Campaign တွင် ငွေသားဆုရရှိသူများသည် KBZ Bank Debit Card ကိုင်ဆောင်သူဖြစ်ပါက KBZ Debit Card နှင့်ချိတ်ဆက်ထားသော သက်ဆိုင်ရာ ဘဏ်အကောင့်ထဲသို့လည်းကောင်း ၊ KBZ Bank Credit Card ကိုင်ဆောင်သူ ဖြစ်ပါက KBZ Credit Card အကောင့်ထဲသို့ လည်းကောင်း Lucky Draw ငွေသားဆုများနှင့် Cashback များ ကို ဤCampaign ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ငွေသားဆုများအား ထည့်သွင်းပြီးပါက ငွေသားဆုရရှိသူများထံသို့ KBZ Bank မှ SMS နှင့် Email မှတဆင့် ပေးပို့အကြောင်းကြား သွားမည် ဖြစ်ပါသည်။
၈။ ဤ Campaign မှ Lucky Draw ကံထူးရှင်များ နှင့် Cashback ရရှိသူများသည် ၎င်းတို့၏ KBZ Bank Credit Card များကို ပိတ်သိမ်းရန် လျှောက်လွှာတင်ထားသူများမဖြစ်ရပါ။ Lucky Draw ကံထူးရှင်များ နှင့် Cashback ရှိသူများ၏ Credit Card သည် System Active ဖြစ်နေပြီး Campaign ကာလမတိုင်မီ ရှေ့ (၃) လအတွင်း အကြွေးပြန်လည်ပေးဆပ်ခြင်း ပျက်ကွက်မှုမရှိသော Non-Delinquent Users ဖြစ်မှသာလျှင် Lucky Draw ဆု နှင့် Cashback များအား ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
၉။ ဤ Campaign မှ နှစ်သိမ့်ဆုလက်ဆောင် ကံထူးသွားသော ကံထူးရှင်များသည် ရန်ကုန်ရုံးလိပ်စာ Card Business Unit (CBU) – တိုက်အမှတ် (MS-4)၊ ဒုတိယထပ်၊ ကန်တော်ကြီး ရိပ်မွန်၊ အထက်မန္တလေးလမ်း၊ မဂ်လာတောင်ညွန့်မြို့နယ် (သို့မဟုတ်) မန္တလေးရုံးလိပ်စာ မန္တလေး ဘဏ်ခွဲ(44) အပေါ်ထပ်၊ 26 လမ်း 74 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ် တွင် ၂၀၂၆ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့ (အစိုးရရုံးပိတ်ရက်များမပါဝင်ပါ) နောက်ဆုံးထား၍ ကံထူးသူ၏ မှတ်ပုံတင် မူရင်းဖြင့် ရုံးချိန်အတွင်း ကိုယ်တိုင် လာရောက် ထုတ်ယူရပါမည်။ သတ်မှတ်ရက် ကျော်လွန်ပြီးမှ လာရောက် ထုတ်ယူသည့် ဆုလက်ဆောင်များအတွက် KBZ Bank မှ တာဝန်ယူ ထုတ်ပေးမည်မဟုတ်ပါ၊ ကံထူးရှင် များအနေဖြင့်လည်း ထိုကဲ့သို့နောက်ကျထုတ်ယူခွင့်ကို တောင်းဆိုပိုင်ခွင့်ရှိမည် မဟုတ်ပါ။
၁၀။ နှစ်သိမ့်ဆုလက်ဆောင်အား ကံထူးသူကတ်ပိုင်ရှင်၏ မှတ်ပုံတင် မူရင်းဖြင့် ကိုယ်တိုင် လာရောက်ထုတ်ယူရ မည်ဖြစ်ပြီး ကိုယ်စားထုတ်ယူ ခွင့်မပြုပါ။ နှစ်သိမ့်ဆုလက်ဆောင်ကို ရရှိသူသည် မိမိရရှိသည့် နှစ်သိမ့်ဆုလက် ဆောင်အား ထုတ်ယူစဉ်တွင် သေချာစစ်ဆေးပြီးမှသာ လက်ခံရယူရမည်မှာ ဆုလက်ဆောင် ကံထူးသူ၏ တာဝန်ဖြစ်ပါသည်။ နှစ်သိမ့်ဆုလက်ဆောင်ရရှိသူမှ ထုတ်ယူပြီးသော နှစ်သိမ့်ဆုလက်ဆောင်များနှင့် ပတ်သက်၍ ချို့ယွင်းမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ Bank မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။ KBZ Bank သည် ဤ Campaign မှရရှိသော နှစ်သိမ့်ဆုလက်ဆောင်များကို မည့်သည့်အခါမှ ငွေသားဖြင့် လဲလှယ်ပေးမည်မဟုတ်ပါ။
၁၁။ ဤ Campaign ၏ Lucky Draw ကံထူးရှင်များနှင့် Cashback ရရှိသူများကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော) နှင့် KBZ Bank Official Website များတွင် Campaign ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း ကြေညာပေးမည် ဖြစ်ပါသည်။ KBZ Bank Facebook Page နှင့် Official Website များတွင် ကြေညာရန်အလို့ငှာ Lucky Draw ကံထူးရှင်များနှင့် Cashback ရရှိသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။
၁၂။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် Lucky Draw ကံထူးရှင်များနှင့် Cashback ရရှိသူများကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် ကြေညာမည့်အချိန် နှင့် ငွေသားဆုများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။
၁၃။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။
၁၄။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Debit Card နှင့် Credit Card ကိုင်ဆောင်သူများ အနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများ လည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။
၁၅။ ဤ Campaign အတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZ Debit Card နှင့် Credit Card ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
၁၇။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) Campaign အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့ အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၈။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank Debit Card နှင့် Credit Card ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၉။ KBZ Bank Debit Card နှင့် Credit Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက် များ နှင့် Sweety Home ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၁။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အမှန်ယူမည်ဖြစ်သည်။