🏡 စိတ်ကူးထဲက အိမ်ကလေးအတွက် Sweety Home မှာ KBZ Card တွေနဲ့ ဝယ်ယူရင်း ငွေကျပ်(၁၀) သိန်း နှင့် ဆုမဲပေါင်းများစွာကံထူးခွင့်ရယူလိုက်ပါ

မိမိရဲ့ အိမ်လေးအတွက် ပရိဘောဂတွေ ဝယ်ဖို့ စဉ်းစားနေတာလား။ ဒါမှမဟုတ် အိမ်အပြင်အဆင်လေးကို ပိုမိုလှပပြီး သက်တောင့်သက်သာဖြစ်အောင် ပြောင်းလဲချင်နေတာလား။

KBZ Bank နဲ့ Sweety Home တို့ ပူးပေါင်းပြီး KBZ Debit Card နှင့် KBZ Credit Card ကိုင်ဆောင်သူတွေအတွက် အထူးအစီအစဉ်ကြီးတစ်ခုကို ယူဆောင်လာပါပြီ။

ဒီအစီအစဉ်မှာတော့ ပရိုမိုးရှင်းကာလအတွင်း Sweety Home ဆိုင်တွေမှာ KBZ Card တွေနဲ့ KBZ POSမှာ ငွေပေးချေပြီး အောက်ပါ အထူးအခွင့်အရေးတွေကို ရယူနိုင်ပါပြီ –

🎁 ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ Sweety Home အရောင်းဆိုင်တိုင်းမှာ KBZ Card ဖြင့် ပြေစာတစ်စောင်လျှင် (၃၀၀,၀၀၀) ကျပ်နှင့်အထက် KBZ POS တွင် ငွေပေးချေပါက ငွေကျပ် (၁၀) သိန်းအထိ ကံထူးနိုင်မည့် Lucky Draw အစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံစမ်းခွင့် ရရှိမည်ဖြစ်ပါသည်။

Lucky Draw အစီအစဥ်တွင် ရယူကံစမ်းနိုင်မယ့် ဆုများကတော့ 

  1. ၁,၀၀၀,၀၀၀ ကျပ် – (၁) ဆု
  2. ၁၀၀,၀၀၀ ကျပ်  – (၅) ဆု
  3. နှစ်သိမ့်ဆု အနေဖြင့် ကျပ် တစ်သိန်း (၁၀၀,၀၀၀) ဝန်းကျင် တန်ဖိုးရှိ Sweety Home Brand အမှတ်တံဆိပ် နှစ်‌ယောက်အိပ် Bed Sheet – (၁၀) ဆု တို့ ဖြစ်ပါတယ်။

(ဝယ်ယူမှု (၃၀၀,၀၀၀) ကျပ်တိုင်းအတွက် ကံစမ်းခွင့် (၁) ကြိမ် ရရှိမည်ဖြစ်၍ များများဝယ်လေလေ ကံထူးခွင့် များလေလေပါပဲ)

💳 ဒါ့အပြင် KBZ Credit Card ဖြင့် ပြေစာတစ်စောင်လျှင် (၅၀၀,၀၀၀) ကျပ်နှင့်အထက် ဝယ်ယူပြီး 0% Interest Smart Deal (IPP) အရစ်ကျအစီအစဉ် လျှောက်ထားပါကလည်း ထပ်ဆောင်းအနေနဲ့ Cashback ငွေကျပ် (၁၀,၀၀၀) ကို ရရှိဦးမှာ ဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလက ဇွန်လ (၁) ရက်မှ (၃၀) ရက် ၂၀၂၆ ခုနှစ်အထိဖြစ်လို့ အခုပဲ နီးစပ်ရာ Sweety Home အရောင်းဆိုင်တွေကို သွားရောက်ပြီး KBZ Card တွေနဲ့ ငွေပေးချေကာ ဒီအထူးအခွင့်အရေးတွေကို ရယူလိုက်ပါ။

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။ 

အသေးစိတ် သိရှိရန် – https://bit.ly/4o0yWAo