၁။ ယခုကျင်းပသည့် “Online Banking အကောင့်များများဖွင့်ကာ ဆုငွေများ အတူရယူကြစို့” Campaign သည် ကမ္ဘောဇဘဏ်ခွဲအားလုံးရှိ ဝန်ထမ်းများအတွက်သာ ရည်ရွယ်သည့် Campaign ဖြစ်ပါသည်။ ဤ Campaign ၏အဓိက ရည်ရွယ်ချက်မှာ ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် Online Banking ဝန်ဆောင်မှုများကို ပိုမိုအသုံးပြုလာရန်အတွက် Online Banking(Personal) အကောင့်ဖွင့်လှစ်ပေးသော အရေအတွက် တိုးတက်လာအောင် ရှာဖွေနိုင်သည့် ကမ္ဘောဇ ဘဏ်ခွဲများအား အသိအမှတ်ပြု၍ ဂုဏ်ပြုသောအားဖြင့် လစဥ်ဆုကြေးများရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။
၂။ ဤ Campaign ကာလအား ၂၀၂၆ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစတင်၍ ၂၀၂၆ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့အထိ (၃)လတိတိ ကျင်းပသွားမည်ဖြစ်ပြီး ဆုကြေးငွေရရှိသည့် ကမ္ဘောဇဘဏ်ခွဲများကို လစဥ်ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ပါသည်။
၃။ ဤ Campaignတွင် ကမ္ဘောဇဘဏ်ခွဲများအား Online Banking(Personal) အကောင့်ဖွင့်လှစ်မှုအတွက် အကောင့်အရေအတွက်အလိုက် အမှတ်ပေးမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်၏ လက်ရှိဖွင့်လှစ်နေသော ဘဏ်ခွဲများ အားလုံးပါနိုင်ဝင်မည်ဖြစ်သည်။ ဆုကြေးငွေသတ်မှတ်ချက်အတွက် ကမ္ဘောဇဘဏ်ခွဲများအနေဖြင့် Campaign ကာလအတွင်း ကမ္ဘောဇဘဏ်ခွဲတစ်ခုသည် တစ်လလျှင် အနည်းဆုံး Online Banking(Personal) အကောင့် သုံးဆယ်(၃၀)ခုဖွင့်လှစ်ထားရန် လိုအပ်ပြီး အဆိုပါ သတ်မှတ်အရေအတွက် ပြည့်မှီအောင် အကောင့်များအားအောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့သော ကမ္ဘောဇဘဏ်ခွဲများသာလျှင် ဤ Campaign တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။
၄။ ဤ Campaign ကာလအတွင်း တစ်လလျှင် တစ်ကြိမ် Online Banking(Personal) အပိုဒ် (၃)နှင့် အညီ ပါဝင်ခွင့်ရရှိသော ကမ္ဘောဇဘဏ်ခွဲများအနက် Online Banking အကောင့်ဖွင့်လှစ်သည့်အရေအတွက်အများဆုံး ရရှိခဲ့သည့် ဘဏ်ခွဲများအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် High Achiever Award ဟူ၍ ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Campaign ကာလအတွင်း တစ်လလျှင်တစ်ကြိမ် Online Banking (Personal) အကောင့်အရေအတွက် အနည်းဆုံး သုံးဆယ် (၃၀)ခု အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့သော ဘဏ်ခွဲများအနက်မှ ကမ္ဘောဇဘဏ်ခွဲ ငါး (၅) ခု အား ကျပန်းရွေးချယ်၍ Bonus ဆုကြေးငွေအား ပေးအပ်သွားမည် ဖြစ်ပါသည်။
၅။ ကမ္ဘောဇဘဏ်ဝန်ထမ်းများအတွက် တစ်လတစ်ကြိမ် ဆုချီးမြင့်ရန်အတွက် တွက်ချက်ရမည့် အမှတ်တွက်ချက်ပုံနှင့် ရရှိမည့် ဆုကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
| Online Banking အကောင့်အရေအတွက် | အကာင့်တစ်ကောင့်အတွက် ရမှတ် | ရမှတ်စုစုပေါင်း |
| ၃၀ ~ ၁၀၀ | ၁မှတ် | Online Banking အကောင့်အရေအတွက် x1 |
| ၁၀၁ ~ ၁၅၀ | ၂မှတ် | Online Banking အကောင့်အရေအတွက် x2 |
| ၁၅၁ နှင့်အထက် | ၃မှတ် | Online Banking အကောင့်အရေအတွက် x3 |
၆။ ထို့အပြင် ဤ Campaignတွင် ကမ္ဘောဇဘဏ်၌ ယခင်က စာရင်းမရှိဖူးသေးသောသူများ Customer အသစ်များ (NTB) အတွက် Online Banking(Personal) အကောင့်အသစ်ဖွင့်လှစ်ပေးခဲ့သည့် ကမ္ဘောဇဘဏ်ခွဲများအား ထပ်မံ၍ အမှတ်များတွက်ချက်ပေးသွားမည်ဖြစ်ပါသည်။ ကမ္ဘောဇ ဘဏ်ခွဲတစ်ခုအနေဖြင့် တစ်လအတွင်း စုစုပေါင်းဖွင့်လှစ်ခဲ့သော Online Banking(Personal) အကောင့် အရေအတွက်အနက် Customer အသစ်(NTB)အတွက် ဖွင့်လှစ်ပေးခဲ့သော Online Banking(Personal) အကောင့်မည်မျှပါဝင်သည်ကို ရာခိုင်နှုန်းဖြင့် တွက်ချက်ကာ အောက်ပါအတိုင်း အမှတ်ပေးသွားမည် ဖြစ်ပါသည်။
| NTB Online Banking အကောင့် ဖွင့်လှစ်မှုနှုန်း | ရရှိမည့် အမှတ်အရေအတွက် |
| ၂၀% အောက် | +၁၀၀မှတ် |
| ၂၀% အထက်နှင့် ၃၅% အောက် | +၂၀၀မှတ် |
| ၃၅% နှင့်အထက် | +၃၀၀မှတ် |
၇။ ဤ Campaignတွင် ပေးအပ်သွားမည့် ဆုများအလိုက် ဆုကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
| ဆု | ဆုကြေးပမာဏ (တစ်လလျှင်) | ဆုကြေးအရေအတွက် (တစ်လလျှင်) |
| ပထမဆု | ကျပ်ငါးသိန်း (၅၀၀,၀၀၀) | (၁) ဆု |
| ဒုတိယဆု | ကျပ်သုံးသိန်း (၃၀၀,၀၀၀) | (၁) ဆု |
| တတိယဆု | ကျပ်နှစ်သိန်း (၂၀၀,၀၀၀) | (၁) ဆု |
| High Achiever Award | ကျပ်တစ်သိန်းခွဲ (၁၅၀,၀၀၀) | (၁၀) ဆု |
| Bonus ဆုကြေး | ကျပ်တစ်သိန်း (၁၀၀,၀၀၀) | (၅) ဆု |
| စုစုပေါင်းတစ်လလျှင်ဆုကြေးအရေအတွက် | (၁၈)ဆု | |
၈။ ဤ Campaign တွင် Online Banking(Personal) အကောင့်ဖွင့်လှစ်မှုပေါ်မူတည်၍ အမှတ်ပေးအပ်မည် ဖြစ်သောကြောင့် ကမ္ဘောဇဘဏ်ခွဲများအနေဖြင့် တစ်ခုနှင့်တစ်ခု အမှတ်ရရှိမှုတူညီခဲ့ပါက ထိုကမ္ဘောဇဘဏ်ခွဲများမှဖွင့်လှစ်ပေးလိုက်သော Online Banking (Personal) အကောင့်၏ Login active နှင့် Transaction active ဖြစ်မှုပေါ်မူတည်၍ ထပ်မံရွေးချယ်ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။
၉။ ဆုကြေးငွေရရှိသည့် ကမ္ဘောဇဘဏ်ခွဲများအား ရွေးချယ်ကြေငြာခြင်းကို ဤအစီအစဥ်ကာလ၏ ပထမလအတွက် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင်တစ်ကြိမ်၊ နှင့် ဒုတိယလအတွက်၂၀၂၆ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအပတ် တွင်တစ်ကြိမ် နှင့် တတိယလအတွက် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလထဲတွင် တစ်ကြိမ် ရွေးချယ်ကြေငြာပေးသွားပါမည်။
၁၀။ ဆုကြေးငွေရရှိသည့် ကမ္ဘောဇဘဏ်ခွဲများအတွက် ဆုကြေးငွေများကို ဆုကြေးငွေကြေညာပြီးနောက် သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထိုဘဏ်ခွဲတာဝန်ခံ၏ KBZPay စာရင်းထဲသို့ တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်သည်။
၁၁။ Online Banking အကောင့်ဖွင့်လှစ်သည့် အရေအတွက်အား FCDB Admin portal ၏ Maker အကောင့်များတွင် ထည့်သွင်းထားသည့် ကမ္ဘောဇဘဏ်ခွဲလိပ်စာကိုသာ အတည်ယူမည်ဖြစ်ပါသဖြင့် ဘဏ်ခွဲများအနေဖြင့် မိမိဘဏ်ခွဲရှိ Maker အကောင့် information များကို မှန်ကန်စွာ update ပြုလုပ်ထားရန် လိုအပ်ပါသည်။
၁၂။ ဤCampaignကာလနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ် ဝန်ထမ်းများနှင့် ကမ္ဘောဇဘဏ်တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ ဝန်ထမ်းများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၁၃။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့် ပတ်သက်သော အကျိုးခံစား ခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင် ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၄။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ် အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် အသုံးပြုသူ အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၅။ ကမ္ဘောဇဘဏ် ၏ ပုံမှန် စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၆။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။
၁၇။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ် မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် အသုံးပြုသူ အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ် တစ်ဦးဦးအပေါ်တွင် ဖြစ်စေတာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။