“ဝန်ဆောင်မှုအဆင့်သတ်မှတ်ကာ ဆုလက်ဆောင်တွေကံစမ်းပါ” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

ဒီအစီအစဥ်တွင် မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက် ၂၀၂၄ ခုနှစ်ကာလအတွင်းတွင် KBZ Bank ဘဏ်ခွဲသို့သွားရောက်ဝန်ဆောင်မှု ရယူခဲ့သော သုံးစွဲသူများထံသို့ KBZ Bank မှ ဝန်ဆောင်မှုများနှင့်ပက်သက်သောစစ်တမ်းအား ကောက်ခံနိုင်ရန် Survey Link ပါဝင်သော SMS ကိုပေးပို့ ပါမည်။ ထို ပေးပို့သောစစ်တမ်းအားဖြေဆိုသော သုံးစွဲသူများအားလုံး အလိုအလျောက် ပါဝင်ခွင့် ရရှိမည်ဖြစ်ပါသည်။

ဒီအစီအစဥ်တွင် ရရှိနိုင်တဲ့ဆုတွေကတော့-

✦ ၁၀၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ

✦ ၅၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ

✦ ၁၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ

✦ ၅၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ နှင့် 

✦ ၅၀၀,၀၀၀ကျပ်အထိ တန်ဖိုးရှိ Vacation Package များ

ဖြစ်ပြီး (၂) ပတ်လျှင် တစ်ကြိမ် စစ်တမ်းဖြေဆိုခဲ့သူများထဲမှ KBZPay Market coupon အတွက် (၅၄) ဦးစီ နှင့် vacation Package အတွက် (၁) ဦးစီ ကို ရွေးချယ်ပြီး အစီအစဥ်ကာလအတွင်းတွင် စုစုပေါင်း (၆) ကြိမ်ရွေးချယ်ပြီး ဆုများပေးအပ်သွားမည်ဖြစ်သည်။

ကံထူးရှင်များကို ကွန်ပြူတာစနစ်ဖြင့် ကျပန်းရွေးချယ်သွားမည်ဖြစ်ပါသည်။

ကံထူးရှင်များကို KBZ Bank Facebook Official Page  (အပြာရောင် အမှန်ခြစ်ပါသော) နှင့် Official Website တို့တွင် ကြေညာပေးပါမည်။ ထို့နောက် KBZ Bank နာမည်ဖြင့် ကံထူးသူများကို SMS ပို့ပေးပါမည်။ ထို SMS တွင် ကံထူးသူသည် မည်သည့်ဆုရရှိသည် ဆိုသည်ကို အသိပေးသွားမည်ဖြစ်ပြီး KBZ Bank Customer များထံမှ လျှို့ဝှက်နံပါတ် တောင်းခံခြင်းကို မည်သည့်အခါမှ မပြုလုပ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ လူကြီးမင်းတို့ အနေဖြင့်လည်း OTP နှင့် PIN အား မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါတယ်။

Coupon များကို ကံထူးကြောင်းကြေညာပြီး သတ်မှတ်ရုံးဖွင့်ရက် (၇) ရက်အတွင်း SMS ပေးပို့သွားမည်ဖြစ်ပြီး ထို SMS တွင် KBZPay Market Coupon အားဝင်ရောက်အသုံးပြုနိုင်မည့် Link ကိုပါ ထည့်သွင်းပေးပို့သွားမည်ဖြစ်ပါသည်။ ကူပွန်ကုဒ်သည် လူတစ်ဦးလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ကူပွန်အရေအတွက်သည် အကန့်အသတ်ရှိပြီး လူတစ်ဦးလျှင် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုခွင့်မရှိပါ။ Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါသည်။

Vacation Package များကို ကံထူးကြောင်းကြေငြာပြီး သတ်မှတ်ရုံးဖွင့်ရက် (၇) ရက်အတွင်း SMS ပေးပို့သွားမည်ဖြစ်ပြီး ၎င်းတို့ဖုန်းသို့ ဆုရရှိကြောင်းပေးပို့သည့် SMS  ၏ screenshot နှင့် ၎င်းတို့၏ဆုများကိုလက်ခံရယူရန် အချက်အလက်များကို KBZ Bank Facebook Page ၏ Chat Box(Messenger) ထဲသို့ ပေးပို့ပေးရပါမည်။

ကံထူးသွားသော KBZPay Market Coupon များကို KBZPay Market တွင် ဈေးဝယ်ယူရန် အော်ဒါတင်သည့်အခါ အသုံးပြုနိုင်ပါသည်။

မှတ်ချက်။ Coupon ရရှိပြီး (၁၀) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပါသည်။

ကံထူးသွားသော Vacation Package များကို ပါဝင်သော စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များအတိုင်း သတ်မှတ်ကာလအတွင်း အသုံးပြုရမည် ဖြစ်ပါသည်။