Eaxi Account နဲ့အတူ သုံးဆပြန်အမ်းငွေဆုယူ

ကမ္ဘောဇဘဏ်ရဲ့ Current Account (Individual – Ordinary & Cash) လို့လူသိများတဲ့ အကောင့်တွေဟာ အခုအချိန်မှာ ခံစားခွင့်တွေအများကြီးရတဲ့ Eaxi အကောင့်အဖြစ် အမည်ပြောင်းလဲထားရှိပြီးဖြစ်ပါတယ်။ ငွေသွင်းငွေထုတ် လွယ်ကူ၊ စိတ်ချရပြီး ခံစားခွင့်တွေအများကြီးရတဲ့ Eaxi Account ကိုင်ဆောင်ထားသူများအတွက် ပြန်အမ်းငွေပြန်လည်ပေးအပ်မယ့် အထူးအစီအစဥ်တစ်ခုလည်း မိတ်ဆက်လို့ပေးချင်ပါတယ်။ 

ဒီအစီအစဥ်ကိုတော့ မေလ (၂) ရက်နေ့မှ ဇွန်လ (၃၀) ရက် ၂၀၂၄ ခုနှစ်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အစီအစဥ်ကျင်းပစဥ်ကာလမှာ ရရှိနိုင်မယ့် အခွင့်အရေးတွေကတော့ – 

နေ့စဉ်ဆုများ – Eaxi အကောင့်ကို ဖွင့်ထားဖို့လိုအပ်ပြီး အကောင့်ထဲမှာ နေ့စဉ်စာရင်းပိတ်လက်ကျန်ငွေ အနည်းဆုံး ၁၀၀,၀၀၀ ကျပ်ကို ထားရှိရန်လိုအပ်ပါတယ်။  သတ်မှတ်ထားတဲ့လက်ကျန်ငွေကျန်ရှိသူများထဲမှ ရုံးဖွင့်ရက်များအတွက် တစ်ရက်လျှင် ကံထူးရှင်တစ်ယောက်စီ ရွေးချယ်ပြီး အစီအစဥ်မပြီးမချင်း နေ့စဥ်ဆုအဖြစ် ပြန်အမ်းငွေ ၅၀,၀၀၀ ကျပ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

လစဉ်ဆုများ – Eaxi အကောင့်ကို ဖွင့်ထားသူများအနက်ကမှ လကုန်တိုင်းမှာလည်း ကံထူးရှင် ၅ ဦးကို ထပ်မံရွေးချယ်ပြီး မိမိ Eaxi အကောင့်အတွင်းမှာရှိတဲ့ ပျမ်းမျှလက်ကျန်ငွေရဲ့ (၃) ဆတိတိ (အများဆုံး ၁၀ သိန်းကျပ်အထိ) ပြန်အမ်းငွေရရှိနိုင်မှာ ဖြစ်ပါတယ်။

ပါဝင်ရန်

နေ့စဉ်ဆုများကို ကံစမ်းနိုင်ဖို့အတွက် Eaxi အကောင့်ကို ဖွင့်ထားဖို့လိုအပ်ပြီး အကောင့်ထဲမှာ နေ့စဉ်စာရင်းပိတ်လက်ကျန်ငွေ အနည်းဆုံး ၁၀၀,၀၀၀ ကျပ်ကို ထားရှိရန်လိုအပ်ပါတယ်။

နေ့စဉ်ဆုကံထူးရှင်များကို မေလ (၁၃) ရက်ကစတင်ပြီး အစီအစဉ်ကုန်ဆုံးသည်အထိ အပတ်စဉ် တနင်္လာနေ့များမှာ ကမ္ဘောဇဘဏ်ရဲ့ Social Channel များမှာ ကြေညာသွားမှာဖြစ်ပါတယ်။ 

လစဉ်ဆုများကို ကံစမ်းနိုင်ဖို့အတွက် Eaxi အကောင့်ကို ဖွင့်ထားဖို့လိုအပ်ပါတယ်။ လစဉ်ဆုကံထူးရှင်များကို လဆန်းပထမပတ် တနင်္လာနေ့များမှာ ကမ္ဘောဇဘဏ်ရဲ့ Social Channel များမှာ ကြေညာသွားမှာဖြစ်ပါတယ်။ 

ပြန်အမ်းငွေများကို ကံထူးရှင်များရဲ့ Eaxi အကောင့်များအတွင်းသို့ ကံထူးရှင်ကြေညာအပြီး ရုံးဖွင့်ရက် (၇) ရက်အတွင်း လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ 

ဒါကြောင့် အသုံးပြုရလွယ်ကူတဲ့ KBZ Bank ရဲ့ Eaxi အကောင့်ကို အခုပဲဖွင့်ရင်း ပြန်အမ်းငွေများရရှိနိုင်မယ့် အခွင့်အရေးမှာ ပါဝင်လိုက်ပါ။ Eaxi Account ကို မည်သည့်ဘဏ်ခွဲမှာမဆို လူကိုယ်တိုင်ဖြစ်စေ KBZ Bank ရဲ့ Self-Service Banking Portal ဖြစ်တဲ့ https://bit.ly/44I2TKc မှာ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။

စည်းမျည်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။ 

နေ့စဉ်ဆုကံထူးရှင်များစာရင်း

Winner DateNamePhone NumberPrize
2.5.2024U TIN WIN09403xxxxxx50,000 MMK
3.5.2024U YE LWIN KO09516xxxx50,000 MMK
6.5.2024U THEIN THAN HEIN09783xxxxxx50,000 MMK
7.5.2024DAW KHIN THANDAR AUNG09252xxxxxx50,000 MMK
8.5.2024DAW MYO KYI09518xxxx50,000 MMK
9.5.2024AUNG HTAY09421xxxxxx50,000 MMK
10.5.2024DAW SHINE APRIL PHYO09454xxxxxx50,000 MMK