လိုရာသုံးစုဗူးနဲ့ ငွေများစု သားသားမီးမီးတို့အတွက်ရမယ့်အထူးဆု

ရင်သွေးငယ်လေးတွေအတွက် လိုရာသုံးနိုင်ဖို့ရည်ရွယ်ပြီး ပုံမှန်ငွေစုသွားဖို့အစီအစဉ်ရှိတဲ့ ဖေဖေ၊ မေမေတို့ရေ၊ သားသားမီးမီးတို့အတွက် ငွေစုပြီးသားလည်းဖြစ်၊ ကျောင်းသုံးပစ္စည်း ဆုလက်ဆောင်များလည်းရစေမယ့် ကမ္ဘောဇဘဏ်ရဲ့  အစီအစဉ်သစ်ဖြစ်တဲ့ “လိုရာသုံးစုဗူးနဲ့ ငွေများစု သားသားမီးမီးတို့အတွက်ရမယ့်အထူးဆု” အစိအစဉ်နဲ့ မိတ်ဆက်ပေးပါရစေ။

ပါဝင်ရန်

ဒီအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ကမ္ဘောဇဘဏ်ရဲ့ လိုရာသုံးနိုင်မယ့် လိုရာသုံးစုဘူးအကောင့် (Recurring Deposit: General Purpose Account) ကို ကနဦးစုငွေ အနည်းဆုံး ၅၀,၀၀၀ ကျပ်နဲ့ ဘဏ်စာရင်းသစ်ဖွင့်လှစ်ပြီး လစဉ်ပုံမှန် ၃၀,၀၀၀ ကျပ်ကစလို့ စုဆောင်းရမှာဖြစ်ပါတယ်။

အစီအစဉ်မှာ ပါဝင်သူများ ကံထူးနိုင်မယ့် ဆုလက်ဆောင်များကတော့ ကျောင်းသုံးပစ္စည်းများဖြစ်တဲ့ –

✣ ရေဘူး
✣ ထမင်းဘူး
✣ ကျောပိုးအိတ် စတဲ့ ကျောင်းသုံးပစ္စည်းများ ဖြစ်ပါတယ်။ 

အစီအစဉ်စတင်တဲ့နေ့ကစလို့ ပြီးဆုံးတဲ့နေ့အထိ တစ်ရက်လျှင် Customer များမှ ဖွင့်လှစ်ထားတဲ့ လိုရာသုံးစုဘူးငွေစာရင်း (၁၀) ခုပြည့်တိုင်း  ကမ္ဘောဇဘဏ်မှ Lucky Draw ကံထူးရှင် (၃) ဦးကို ကျပန်းစနစ်နဲ့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ကံထူးရှင်များကို နှစ်ပတ်တစ်ခါ အင်္ဂါနေ့တိုင်း ကမ္ဘောဇဘဏ်ရဲ့ Social Medial Channel များမှာ ကြေညာပေးသွားမှာဖြစ်ပြီး အစီအစဉ်ကာလကတော့ မေလ (၈) ရက်နေ့ကနေ ဇွန်လ (၃၀) ရက်နေ့အထိ ဆုလက်ကျန် ကျန်ရှိသည်အထိ ဖြစ်ပါတယ်။ 

ဒါကြောင့် ဖေဖေ၊ မေမေတို့ရေ ကိုယ့်ရဲ့ချစ်စရာ သားသားမီးမီးတို့အတွက် လိုရာသုံးစုဘူးအကောင့်နဲ့ ငွေစုပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြစို့နော်။

စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။