“ဝန်ဆောင်မှုအဆင့်သတ်မှတ်ကာ ဆုလက်ဆောင်တွေကံစမ်းပါ”အစီအစဉ်ရဲ့  စည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက်များ

၁။ ဤအစီအစဥ်ကာလသည်  ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ အထိဖြစ်ပါသည်။

၂။ ဤအစီအစဉ်ကာလအတွင်း KBZ Bank ဘဏ်ခွဲများ သို့သွားရောက်၍ဝန်ဆောင်မှု ရယူခဲ့သော သုံးစွဲသူများထံသို့ KBZ Bank မှ ဝန်ဆောင်မှုများနှင့်ပက်သက်သောစစ်တမ်းအား ကောက်ခံနိုင်ရန် Survey Link ပါဝင်သော SMS ကိုပေးပို့ပါမည်။ ထိုပေးပို့သောစစ်တမ်းအားဖြေဆိုသော သုံးစွဲသူများအားလုံး ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။

၃။ ဤအစီအစဥ်တွင် ပါဝင်သော သုံးစွဲသူများသည် အောက်ပါဆုများကို ကံထူးခွင့်ရရှိနိုင်ပါသည်။

✦ ၁၀၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ

✦ ၅၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ

✦ ၁၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ

✦ ၅၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ နှင့် 

✦ ၅၀၀,၀၀၀ကျပ်အထိ တန်ဖိုးရှိ Vacation Package များ

ပါဝင်မည်ဖြစ်ပြီး (၂) ပတ်လျှင် တစ်ကြိမ် စစ်တမ်းဖြေဆိုခဲ့သူများထဲမှ KBZPay Market Coupon အတွက် (၅၄) ဦး နှင့် Vacation Package အတွက် (၁) ဦး ကို ရွေးချယ်ပြီး အစီအစဥ်ကာလအတွင်းတွင် စုစုပေါင်း (၆) ကြိမ်ရွေးချယ်ပြီး ဆုများပေးအပ်သွားမည်ဖြစ်သည်။

၄။ သုံးစွဲသူများအနေဖြင့် ရရှိလာသော KBZPay Market Coupon များကို ပြန်လည်အသုံးပြုရာတွင် ဝယ်ယူသည့်ပမာဏသည် KBZPay Market Coupon ၏ ပမာဏထက်ပိုများရန်လိုအပ်ပါသည်။

၅။ ဤအစီအစဉ်ကာလအတွင်း သုံးစွဲသူတစ်ဦးလျှင် ဆု (၁) ဆုစီသာ ကံထူးခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။

၆။ ကံထူးသူများကို KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော)နှင့်  Official Website များတွင် ကြေညာပေးမည် ဖြစ်ပါသည်။ ဆုရရှိသည့် ကံထူးရှင်များကို Social Media များနှင့် Website များတွင်ကြေညာရန်အလို့ငှာ ကံထူးသူများ၏ အမည် နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။

၇။ ထို့နောက် KBZ Bank မှ  ကံထူးသူများကို SMS ပေးပို့၍အကြောင်းကြားသွားမည်ဖြစ်ပြီး ထို SMS တွင် ကံထူးသူသည် မည်သည့်ဆုကံထူးသည်ကို အသိပေးသွားမည်ဖြစ်သည်။

၈။ Coupon များကို ကံထူးကြောင်းကြေညာပြီး သတ်မှတ်ရုံးဖွင့်ရက် (၇) ရက်အတွင်း SMS ပေးပို့သွားမည်ဖြစ်ပြီး ထို SMS တွင် KBZPay Market Coupon အားဝင်ရောက်အသုံးပြုနိုင်မည့် Link ကိုပါ ထည့်သွင်းပေးပို့သွားမည်ဖြစ်ပါသည်။

၉။ Vacation Package များကို ကံထူးကြောင်းကြေညာပြီး သတ်မှတ်ရုံးဖွင့်ရက် (၇) ရက်အတွင်း SMS ပေးပို့သွားမည်ဖြစ်ပြီး ၎င်းတို့ဖုန်းသို့ ဆုရရှိကြောင်းပေးပို့သည့် SMS  ၏ screenshot နှင့် ၎င်းတို့၏ဆုများကိုလက်ခံရယူရန် အချက်အလက်များကို KBZ Bank Facebook Page ၏ Chat Box(Messenger) ထဲသို့ ပေးပို့ပေးရပါမည်။

၁၀။ ကံထူးသူများသည် ၎င်းတို့၏ဆုလက်ဆောင် လျှော့ဈေး Coupon များအား လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ငွေကြေးအဖြစ် လဲလှယ်ခြင်းအား ခွင့်မပြုပါ၊ ကံထူးသွားသော KBZPay Market Coupon များကို KBZPay Market တွင် ဈေးဝယ်ယူရန် အော်ဒါတင်သည့်အခါ အသုံးပြုနိုင်မည်ဖြစ်ပြီး KBZPay Market Coupon ကိုလက်ခံရရှိသည့်နေ့မှစ၍ (၁၀) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပါသည်။ Vacation Package ကို ကံထူးသော ကံထူးရှင်အနေဖြင့် ထိုVacation Package အတွက်သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း အသုံးပြုရမည် ဖြစ်ပါသည်။

၁၁။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေးအချက် အလက်များ၊  OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤအစီအစဉ်ကာလအတွင်းသာလျှင် သုံးစွဲသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဉ်ကာလ၏ နောက်ဆုံးရက်တွင် Coupon များရရှိသော သုံးစွဲသူများအနေဖြင့် အစီအစဉ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၁၀) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၃။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤအစီအစဉ်နှင့်ပတ်သက်၍ သုံးစွဲသူများနှင့် KBZ Bank တို့အကြားအငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက ထိုအငြင်းပွားမှုအား KBZ Bank၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှု မရှိစေရန် သေချာစွာစိစစ် ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၅။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိပဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့် သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက် နိုင်သည်။

၁၆။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိပဲ ဤ အစီအစဉ်အားပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာပြောင်းလဲခြင်းကြောင့် သုံးစွဲသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZ Bank နှင့် KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bankအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှူကြောင့် ဖြစ်စေ ဆောက်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ Bank  အနေဖြင့် KBZ Bank အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ် ယူခြင်းမရှိစေရပါ။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုး ဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပါယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားသောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာသာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။