သောကြာနေ့ အထူးစပါယ်ရှယ် အစီအစဉ်

Home / သောကြာနေ့ အထူးစပါယ်ရှယ် အစီအစဉ်

၁။ သောကြာနေ့ အထူးစပါယ်ရှယ် အစီအစဉ်သည်  စက်တင်ဘာလ (၄) ရက် တစ်ရက်အတွင်းသာ အကျုံး၀င်ပါသည်။

၂။ KBZ Mobile Banking လျှောက်ထားသော Customer များအတွက်သာ ဦးတည် သော အစီအစဉ်ဖြစ်သည်။

၃။ အနည်းဆုံး ၃၀၀၀ ကျပ် နှင့်အထက် ဖုန်းငွေဖြည့်သော customer တိုင်းသည် ၅၀၀ ကျပ် discount အား Promo code အသုံးပြုသည် နှင့် တပြိုင်နက် ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

၅။ Promo Code သည် စာတိုလက်ခံရရှိသည့်  ရက်မှစပြီး ၁ ရက်အတွင်းသာ အကျူံးဝင်မည် ဖြစ်သည်။

၆။ Top Up Bill ဝယ်ယူခြင်းအား အကြိမ်အရေအတွက် ကန့်သတ်ထားခြင်း မရှိပါ။ သို့သော် Promo Code အသုံးပြုနိုင်ရန် အကြိမ်အရေ အတွက်မှာ (၁) ကြိမ်သာ ခံစားခွင့် ရရှိနိုင်ပါသည်။

၇။ ဤအစီအစဉ်နှင့်ပတ်သက်၍ ထပ်မံသိရှိလိုသည့်အချက်များရှိပါက ကမ္ဘောဇဘဏ်၏ Facebook messenger သို့လည်းကောင်း၊ ကမ္ဘောဇဘဏ်၏ Customer Service ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ သို့လည်းကောင်းဆက်သွယ်‌မေးမြန်းနိုင်ပါသည်။

၈။ ပေါ်ပေါက်လာသည့်မည်သည့်အငြင်းပွားမှုမဆိုရှိခဲ့လျှင်ကမ္ဘောဇဘဏ်တစ်ဦးတည်း၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်သည်။ 

၉။ အထက်တွင်ဖော်ပြထားသည့်အတိုင်း တစ်ဖက်သတ် ဖျက်သိမ်းခြင်းကြောင့် သော်လည်းကောင်း သို့မဟုတ် ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအရ လည်းကောင်း ပါဝင်သူများအနေဖြင့် လျော်ကြေးရပိုင်ခွင့်မရှိစေရ။

၁၀။ ကမ္ဘောဇဘဏ်သည်မည်သည့်အချိန်တွင်မဆို၊မည်သည့်ကြိုတင် အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက် ကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိ သည်။


KBZ Mobile Banking Registration at All Branches _Mobile Top Up Promo Code Feature – User Guide & FAQs

၁။ Operator နှင့် ငွေဖြည့်မည့်ပမာဏ ကိုရွေးချယ်ပါ

၂။ ဖုန်းနံပါတ်ကို ရွေးချယ်ပါ

၃။ Promo Code အသုံးပြုရန် “Use Promo Code” ကိုနှိပ်ပါ

၄။ ပိုမိုသိရှိရန် Promo Code ကိုနှိပ်ပါ

၅။ ချက်ချင်းအသုံးပြုရန် “Use Now” ကိုနှိပ်ပါ

၆။ Description ကိုဖတ်ပါ

၇။ စည်းမျဉ်း စည်းကမ်းများ ဖတ်ရန်ကိုနှိပ်ပါ

၈။ လုပ်ဆောင်မည် ကိုနှိပ်ပါ

10. ငွေဖြည့်ခြင်း အောင်မြင်ပါသည်

11. ငွေဖြည့်ပြီး Promo Code ကိုရယူပါ


KBZ Mobile Banking Registration at all KBZ Branches _ Mobile Top Up Promo Code Feature – FAQs

၁။ KBZ mBanking Mobile Top Up Promo Code ကို မည်သူအသုံးပြုနိုင်သလဲ?

၄.၈.၂၀၂၀ မှ ၃၁.၈.၂၀၂၀ အထိ  မြန်မာတနိုင်ငံလုံးရှိ ဘဏ်ခွဲများအားလုံးတွင် KBZ Mobile Banking အကောင့်သစ်ဖွင့်သော Customer များအားလုံး အသုံးပြု နိုင်ပါသည်။

၂။ Promo Code အသုံးပြုလျှင် မည်သည့်ခံစားခွင့် ရရှိနိုင်ပါသလဲ?

Mobile Top Up အတွက်သတ်မှတ်ထားသော ၅၀၀ ကျပ် discount အား Promo code အသုံးပြုသည် နှင့် တပြိုင်နက် ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

၃။ Promo Code သက်တမ်းမှာ မည်မျှနည်း။

Promo Code သည် လက်ခံရရှိသည့် ရက်မှ စပြီး ၁၀ ရက်အတွင်း အကျူံးဝင်မည် ဖြစ်ပါသည်။

၃။ တခြားဖုန်းနံပါတ်များအတွက်ပါ ဝယ်ယူပြီး Promo code အသုံးပြုနိုင်ပါသလား?

ဝယ်ယူပေးနိုင်ပါတယ်။ မိမိဝယ်ယူပေးလိုသော ဖုန်းနံပါတ်ကို ထည့်သွင်းပြီး တခြားဖုန်းများအတွက်ပါ လွယ်ကူစွာ Promo code အသုံးပြုနိုင်ပါသည်။

၄။ Mobile Top Up Bill ကို မည်သို့ရရှိမည်နည်း?

KBZ mBanking system မှအောင်မြင်ကြောင်း စာတိုလက်ခံရရှိပြီးတာနဲ့ချက်ခြင်း Top Up Bill အား အသုံးပြုသူမှ လက်ခံရရှိမည်ဖြစ်ပါသည်။

၅။ Mobile Top Up Bill လက်ခံရရှိကြောင်း စာတိုကို မိမိလက်ခံရရှိပါမလား?

လက်ခံရရှိပါမည်။ သက်ဆိုင်ရာ Telco (MPT, Telenor, Ooredoo , MyTel, MEC) မှ Mobile Top Up ဝယ်ယူမှု အောင်မြင်ကြောင်း စာတိုကို အသုံးပြုနိုင်မည့် သက်တမ်းကုန်ဆုံး ရက်နှင့်အတူ ပေးပို့မှာ ဖြစ်ပါသည်။

၆။ Promotion Discount လက်ခံမရရှိပါက မည်သို့ ပြုလုပ်ရမလဲ?

မိမိလက်ခံရရှိသော သတင်းအချက်အလက်များနှင့်အတူ KBZ Call Center +959 9510 18555 ကို ဆက်သွယ်မေးမြန်းနိုင် ပါသည်။

၇။ Telecom အားလုံးအတွက် Promo Code အသုံးပြုပြီး ဝယ်ယူရရှိနိုင်ပါသလား?

MPT, Telenor, Ooredoo, MyTel, MEC Telecom အားလုံးအတွက်ရရှိနိုင်ပါသည်။

 (သတ်မှတ်ထား သော Promotion အတိုင်းသာ)

 ၈။ Top Up Bill ဝယ်ယူခြင်းအား အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းရှိပါသလား။

Top Up Bill ဝယ်ယူခြင်းအား အကြိမ်အရေအတွက် ကန့်သတ်ထားခြင်း မရှိပါ။ သို့သော် Promo Code အသုံးပြုနိုင်ရန် အကြိမ်အရေ အတွက်မှာ (၁) ကြိမ်သာ ခံစားခွင့် ရရှိနိုင်ပါသည်။

၉။ Promo code အသုံးပြုရန် Top Up Bill မည်မျှအနည်းဆုံး ဝယ်ယူရရှိနိုင်ပါသလဲ?

၃၀၀၀ ကျပ်နှင့်အထက်  Top Up Bill အတွက် ၅၀၀ ကျပ် discount ရရှိနိုင် ပါသည်။

၁၀။ Promo Code အသုံးပြုနိုင်ရန် အကြိမ်အရေအတွက်အား မည်မျှကန့်သတ်ထားပါသလဲ။

Welcome Promotion ဖြစ်သည့်အတွက် (၁) ကြိမ်သာ ခံစားခွင့် ရရှိနိုင်ပါသည်။