FAQs MM

Home / FAQs MM

၁။ KBZPay အသက်အာမခံ ဆိုသည်မှာ အဘယ်နည်း။

  • KBZPay အသုံးပြုသော customer များအားလုံးအတွက် အခကြေးငွေ ပေးဆောင်စရာမလိုဘဲ ရရှိနိုင်သာ အခမဲ့အသက်အာမခံဝန်ဆောင်မှုကို ခေါ်ဆိုပါသည်။

၂။ အခကြေးငွေပေးဆောင်ရန် လိုအပ်ပါသလား။

  • အခကြေးငွေ ပေးဆောင်ရန်မလိုအပ်ပါ။ KBZPay Customer များအားလုံးအတွက် အခမဲ့ KBZPay
    အသက်အာမခံ ရရှိစေရန် ဝန်ဆောင်မှုများကို စီစဉ်ပေးထားခြင်း ဖြစ်ပါသည်။

၃။ အကျုံးဝင်သူ ဖြစ်ရန် မည်ကဲ့သို့ဆောင်ရွက်ရမည်နည်း။

၁။ KBZPay ဖွင့်လှစ်ရမည်။

၂။ တစ်လအတွင်း KBZPay ဖြင့် ကုန်ပစ္စည်းဝယ်ယူမှု အနည်းဆုံး (၃) ကြိမ် ပြုလုပ်ရပါမည်။

၄။ KBZPay အသက်အာမခံ ရရှိရန်အတွက် မည်သည့်ပေးချေမှုမျိုးဆောင်ရွက်လျှင် အကျူံးဝင်မည်နည်း။

  • တစ်လလျှင် အနည်းဆုံး ကုန်ပစ္စည်းဝယ်ယူမှု (၃)ကြိမ်ပြုလုပ်ရပါမည်။ထိုသို့ဝယ်ယူရာတွင် ဖုန်းငွေဖြည့်ခြင်းနှင့် အင်တာနက်ဒေတာများ ဝယ်ယူခြင်း၊ KBZPay to KBZPay စာရင်းလွှဲပြောင်းခြင်း၊ ငွေသားအသွင်းအထုတ် ပြုလုပ်ခြင်း၊ မုန့်ဖိုး၊ KBZPay နှင့် ဘဏ်အကောင့်အကြား စာရင်းလွှဲပြောင်းခြင်းများ မပါဝင်ပါ။

၅။ ကုန်ပစ္စည်းဝယ်ယူမှု တစ်ကြောင်းလျှင် ပေးချေရမည့် ငွေပမာဏ အနည်းဆုံး ကန့်သတ်ထားခြင်း ရှိပါသလား။

  • လက်ရှိတွင် Transaction တစ်ကြောင်းလျှင် ပေးချေရမည့် အနည်းဆုံး ငွေပမာဏ ကန့်သတ်ထားခြင်း မရှိပါ။

၆။ မိမိ၏ မိသားစုဝင်၊ ဆွေမျိုးသားချင်းနှင့် အိမ်ထောင်ဖက်အပြင် အခြားဆွေမျိုးမတော်စပ်သူ တစ်ဦးဦးကို အကျိုးသက်ရောက်ခွင့်ရှိသူအဖြစ် အမည်ပေးသွင်းခွင့် ရှိပါသလား။

  • မည်သူ့ကိုမဆို အကျိုးသက်ဆိုင်ခွင့်ရှိသူအဖြစ် အမည်ပေးသွင်းခွင့် ရှိပါသည်။

၇။ အကျိုးသက်ဆိုင်ခွင့်ရှိသူဖြစ်ကြောင်း မည်ကဲ့သို့ သိရှိနိုင်မည်နည်း။

  • အကျိုးသက်ဆိုင်ခွင့်ရှိသူ သိရှိနိုင်ရန်အတွက် Customer ကိုယ်တိုင် ပြောကြားရန် တာဝန်ရှိပါသည်။

၈။ KBZPay အသက်အာမခံ ခံစားခွင့်ရှိသူမှ ဖော်ပြထားပြီးသော အကျိုးသက်ဆိုင်သူကို ပြောင်းလဲဖော်ပြခွင့် ရှိပါသလား။

  • KBZPay အသက်အာမခံ ခံစားခွင့်ရှိသူသည် အချိန်မရွေး အကျိုးခံစားခွင့်ရှိသူကို ပြောင်းလဲဖော်ပြခွင့် ရှိပါသည်။

၉။ KBZPay အသက်အာမခံ ခံစားခွင့်ရရန်အတွက် တစ်လအတွင်း Transaction ၃ ကြောင်း လုပ်ဆောင်ခြင်းသည် အချိန်မည်မျှအတွက် အာမခံရရှိနိုင်မည်နည်း။

  • တစ်လလျှင် သတ်မှတ် Transaction ၃ ကြောင်းပြည့်မီသည်နှင့် နောက်လတစ်လအတွက် KBZPay အသက်အာမခံ ရရှိမည် ဖြစ်သည်။

ဥပမာ။ Customer သည် မေလပိုင်းတွင် Merchant Transaction ၃ ကြောင်းပြုလုပ်ခြင်းသည် ဇွန်လအတွက် KBZPay အသက်အာမခံ ရရှိနိုင်မည် ဖြစ်သည်။

၁၀။ KBZPay အသက်အာမခံ ငွေပမာဏအများဆုံး မည်မျှခံစားခွင့်ရနိုင်မည်နည်း။

  • သေဆုံးသည့်နေ့၏ အရင်လရှိ လစဉ်ပျှမ်းမျှလက်ကျန်ငွေအပေါ်တွင် ၃ဆ ပေးမည် ဖြစ်ပြီး လစဉ်ပျမ်းမျှလက်ကျန်ငွေအများဆုံးငွေကျပ် ၁ သိန်း အပေါ်တွင်သာ အကျိုးခံစားခွင့်ရရှိပါသည်။ အများဆုံးပေးအပ်သည့် အသက်အာမခံလျော်ကြေးငွေမှာ ကျပ် ၃ သိန်း ဖြစ်ပါသည်။

ဥပမာ။ Customer ၏ပျမ်းမျှ လက်ကျန်ငွေ သည် ၉၀,၀၀၀ ကျပ်ဖြစ်ပါက အသက်အာမခံ လျော်ကြေးငွေ ၂၇၀,၀၀၀ ကျပ်ရရှိမည်ဖြစ်ပြီး လစဉ်ပျမ်းမျှ လက်ကျန်ငွေသည် ၄၀၀,၀၀၀ ကျပ်ဖြစ်ပါက အသက်အာမခံ လျော်ကြေးငွေ ၃၀၀,၀၀၀ ကျပ်သာ ရရှိမည်ဖြစ်သည်။

၁၁။ Customer မှ ၎င်းတို့၏ လစဉ်ပျမ်းမျှလက်ကျန်ငွေကို မည်ကဲ့သို့ တွက်ချက်နိုင်မည်နည်း။

  • လစဉ်ပျမ်းမျှလက်ကျန်ငွေတွက်ချက်ရာတွင် နေ့စဉ်လက်ကျန်ငွေစုစုပေါင်းကို လတစ်လတွင် ရှိသည့်ရက်ဖြင့် (၂၈၊ ၂၉၊ ၃၀ သို့မဟုတ် ၃၁ ရက်) စား ၍တွက်ချက်မည်ဖြစ်ပြီး အကယ်၍ လတစ်လ၏(၁)ရက်နေ့တွင် KBZPay မဖွင့်လှစ်ထားပါက စတင်ဖွင့်လှစ်သည့်နေ့မှ လကုန်သည့်နေ့အထိ အမှန်တကယ်ရှိသည့် ရက်ဖြင့်သာ တွက်ချက်မည် ဖြစ်သည်။

ဥပမာ။ ၂၁.၅.၂၀၁၉ ရက်နေ့တွင် KBZPay ဖွင့်လှစ်ထားသူအတွက် လစဉ်ပျမ်းမျှလက်ကျန်ငွေ တွက်ချက်မည်ဆိုပါက နေ့စဉ်လက်ကျန်ငွေ စုစုပေါင်းကို ၁၁ ရက်ဖြင့်စား၍ တွက်ချက်မည်ဖြစ်ပါသည်။ ဇွန်လ ၂၀၁၉ မှစတင်၍ရက်များ တွက်ချက်ရာတွင် လတစ်လချင်းစီတွင် ရှိသည့်ရက်ဖြင့် (၂၈၊ ၂၉၊ ၃၀ သို့မဟုတ် ၃၁ ရက်) တွက်ချက်မည် ဖြစ်ပါသည်။

၁၂။ KBZPay အသက်အာမခံကို ကာလမည်မျှအတွင်း တောင်းခံပိုင်ခွင့်ရှိသနည်း။

  • တောင်းခံပိုင်ခွင့်ရှိသူမှ Customer သေဆုံးသည့်ရက်မှစ၍ ၆ လအတွင်း တောင်းခံပိုင်ခွင့် ရှိပါသည်။

၁၃။ KBZPay အသက်အာမခံလျော်ကြေးငွေ ရရှိနိုင်ရန်အတွက် အချိန်မည်မျှ စောင့်ဆိုင်းရမည်နည်း။

  • တောင်းခံသည့်အချက်အလက်များအားလုံး မှန်ကန်ပြည့်စုံသည်နှင့် ရုံးဖွင့်ရက် ၁၄ ရက်အတွင်း KBZPay အသက်အာမခံ လျော်ကြေးငွေကို ရရှိခံစားနိုင်ပါသည်။

၁၄။ အကျိုးခံစားခွင့်ရှိသူမှ KBZPay အသက်အာမခံ ရရှိရန် မည်ကဲ့သို့ တောင်းဆိုရမည်နည်း။

  • အကျိုးခံစားခွင့်ရှိသူမှ အောက်ဖော်ပြပါ အချက်အလက်များအတိုင်း IKBZ ၏ email (သို့) viber (သို့) IKBZ ရုံးများ သို့ ပေးပို့၍ တောင်းခံနိုင်ပါသည်။

၁။ သေဆုံးသူCustomer ၏ KBZPay ဖုန်းနံပါတ်

၂။ သေဆုံးသူCustomer ၏ မှတ်ပုံတင်

၃။ သေဆုံးကြောင်းလက်မှတ် (သို့) သေဆုံးကြောင်းအထောက်အထား

၄။ အကျိုးခံစားခွင့်ရှိသူ၏ အမည်

၅။ အကျိုးခံစားခွင့်ရှိသူ၏ မှတ်ပုံတင်

၆။ အကျိုးခံစားခွင့်ရှိသူ၏ KBZPay ဖုန်းနံပါတ် ရှိလျှင်

၁၅။ အသက်အာမခံလျော်ကြေးငွေ တောင်းခံလိုပါသည်။ သို့မဟုတ် KBZPay မရှိပါ။ မည်ကဲ့သို့ တောင်းခံ နိုင်မည်နည်း။

  • IKBZ မှ အကျိုးခံစားခွင့်ရှိသူထံသို့ လက်ရှိလုပ်ငန်းစဉ်များအတိုင်း အသက်အာမခံ လျော်ကြေးငွေ ရရှိစေရန် စီစဉ်ပေးမည် ဖြစ်ပါသည်။

၁၆။ Customer မှ KBZPay တွင် အကျိုးခံစားခွင့်ရှိသူအမည် မဖော်ပြထားပါက တစ်ခြားသူတစ်ဦးမှ လာရောက် တောင်းခံပိုင်ခွင့် ရှိပါသလား။

  • အသက်အာမခံလျော်ကြေးငွေကို သေဆုံးသူ Customer ၏ KBZPay ထဲသို့ ထည့်သွင်းမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်၏ လက်ရှိ ဘဏ်စာရင်းပိုင်ရှင်ကွယ်လွန်လျှင် လက်ကျန်ငွေများ ပြန်လည်ထုတ်ပေးသည့် စည်းမျဉ်းစည်းကမ်း များအတိုင်း စစ်ဆေးအတည်ပြု၍ ထုတ်ပေးမည် ဖြစ်ပါသည်။

၁၇။ KBZPay အသက်အာမခံကို မည်သည့်နေရာတွင် တောင်းခံရမည်ကို မည်ကဲ့သို့ သိရှိနိုင်မည်နည်း။

  • https://www.i-kbz.com/kbzpaylifeinsurance/ မှတစ်ဆင့် အသက်အာမခံ တောင်းခံရန်အတွက် လိုအပ်သည့် သတင်းအချက်အလက် အပြည့်အစုံ ကို သိရှိနိုင်ပါသည်။

၁၈။ KBZPay အသက်အာမခံနှင့် ပတ်သက်၍ မည်သည့်နေရာတွင် ဖတ်ရှုနိုင်မည်နည်း။