“Senior Care Savings Account ဖွင့်ပြီး ဆုလက်ဆောင်များရယူပါ Campaign” ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ ကမ္ဘောဇဘဏ်၏ အသက် (၆၀) နှင့်အထက် Customer များအတွက် ငွေစုဘဏ်အပ်ငွေစာရင်း အမျိုးအစားတစ်ခုဖြစ်သော Senior Care – Savings Account ဖွင့်ပြီး ဆုလက်ဆောင်များရယူပါ Campaign ကာလကို ​​၂၀၂၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်၍ ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ တနှစ်တိတိ ကျင်းပမည်ဖြစ်ပါသည်။ Campaign ကာလအတွင်း မိမိတို့၏ ဘဏ်စာရင်းထဲရှိ လစဉ်လက်ကျန်စုငွေပမာဏပေါ်မူတည်၍ Lucky Draw အတွက်အခွင့်အ‌ရေး (Chance) များရရှိနိုင်မည်ဖြစ်ပါသည်။

၂။ ယခု Campaign တွင်ပါဝင်ရန် Customer များသည် အသက် (၆၀) နှင့်အထက် ဖြစ်ရန်လိုအပ်ပြီး ဤ Campaign ကာလအတွင်း ကမ္ဘောဇဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်း အမျိုးအစားတစ်ခုဖြစ်သော Senior Care – Savings Account ဖွင့်လှစ်ထားရန်လိုအပ်ပါသည်။ ထိုဘဏ်စာရင်း ဖွင့်လှစ်ထားသော Customer အားလုံးသည် Campaign  ကာလအတွင်း ဘဏ်စာရင်းထဲတွင် စုငွေပမာဏ လစဉ်ပျှမ်းမျှ ကျပ်(၁)သိန်း မှစ၍  လစဉ် Lucky Draw chance (၁)ခု ရရှိနိုင်မည်ဖြစ်သည်။ (ဥပမာ- စုငွေပမာဏ လစဉ် ပျှမ်းမျှ (၁၀)သိန်းကျပ် ကျန်ရှိနေမည်ဆိုပါက လစဉ် chance (၁၀)ခု ရရှိပါမည်။) လစဉ် Customer တဦးလျှင် Ticket အစောင် အများဆုံး အစောင်ရေ (၅၀) အထိသာ ရရှိနိုင်မည်ဖြစ်ပါသည်။ (ဥပမာ- စုငွေပမာဏ လစဉ် ပျှမ်းမျှ ကျပ် (၁၀၀) သိန်း ကျန်ရှိနေမည်ဆိုပါက Lucky Draw chance (၅၀) သာရရှိပါမည်။)

၃။ဤ Campaign ကာလအတွင်း Senior Care – Savings Account ကိုဖွင့်လှစ်ထားသော  Customer  များသည် Lucky Draw တွင် ရွေးချယ်ခံရပါက ကျပ် ၅၀,၀၀၀နှင့် ညီမျှသော ဆုလက်ဆောင်များရရှိမည်ဖြစ်ပါသည်။ ဆုလက်ဆောင်များမှာ ကမ္ဘောဇဘဏ်မှ ရန်ကုန်မြို့တွင် ဘဏ်စာရင်းဖွင့်လှစ်သော Customer များကို (၅၀,၀၀၀) ကျပ်တန်ဖိုးရှိသော Medical Check-up Coupon ၊ ရန်ကုန်မြို့ပြင်ပဘဏ်ခွဲများတွင် ဘဏ်စာရင်းဖွင့်လှစ်သော Customer များကို (၅၀,၀၀၀) ကျပ်တန်ဖိုးရှိသော အားဖြည့် ဖြည့်စွက်အစားအစာ များကို လက်ဆောင်အဖြစ် ကျေးဇူးတုန့်ပြန်သောအားဖြင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။ ဆုလက်ဆောင်အရေအတွက်မှာ ၂၀၂၅ ဧပြီလတွင် ဆုလက်ဆောင် (၁၀) ခု ၊ မေလတွင် ဆုလက်ဆောင် (၁၅) ခု ၊ ဇွန်  ဇူလိုင်  ဩဂုတ် နှင့် စက်တင်ဘာ လများ၌ (၁) လလျှင် ဆုလက်ဆောင် (၂၀) ခုစီ ဖြစ်ပြီး၊ အောက်တိုဘာ နိုဝင်ဘာ  နှင့် ဒီဇင်ဘာ လများတွင် (၁) လလျှင် ဆုလက်ဆောင် (၂၅) ခု ဖြစ်ပြီး ၂၀၂၆ ဇန်နဝါရီ ဖေဖော်ဝါရီ နှင့် မတ် လတို့တွင်လည်း (၁) လလျှင် ဆုလက်ဆောင်အရေအတွက် (၃၀) ခုစီ ဖြင့်ဆုလက်ဆောင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်များအား လစဥ် အသီးသီးလက်ဆောင်ပေးအပ်သွားမည်ဖြစ်ပါသည်။

ဇယားဖြင့်ဖော်ပြရလျှင် –

 ၂၀၂၅
သတ်မှတ်ကာလဧပြီမေဇွန်ဇူလိုင်ဩဂုတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာ
ဆုအရေအတွက်၁၀၁၅၂၀၂၀၂၀၂၀၂၅၂၅၂၅
စုစုပေါင်း အရေအတွက်၁၈၀
 ၂၀၂၆
သတ်မှတ်ကာလဇန်နဝါရီဖေဖော်ဝါရီမတ်
ဆုအရေအတွက်၃၀၃၀၃၀
စုပေါင်း အရေအတွက်၉၀

၄။ ဤ Campaign ကာလအတွင်း သတ်မှတ်ထားသောလများ၌ Customer များသည် မိမိတို့၏ ဘဏ်စာရင်းထဲ၌ စုငွေပမာဏ လစဉ်ပျှမ်းမျှ အနည်းဆုံး ကျပ်(၁)သိန်း စာရင်းလက်ကျန် ရှိသောသူများသာ အပိုဒ် ၃ တွင် ဖော်ပြထားသော ဆုလက်ဆောင်များကို ကံထူးနိုင်မည့်အခွင့်ရေးရရှိမည်ဖြစ်သည်။

၅။ ဤ Campaign ကာလအတွင်း  လစဉ်ဆုလက်ဆောင်များ၏ ကံထူးရှင်များအား ၂၀၂၅ မေလ မှစ၍  ပထမဆုံး ရုံးဖွင့်ရက် ( ၇ ) ရက်မြောက်နေ့ တွင် နောက်ဆုံးထားရွေးချယ်ပေးမည်ဖြစ်သည်။ (ဥပမာ- ဧပြီလအတွက် ကံထူးရှင်များ ကို မေလ တွင်ရွေးချယ်ပြီး မေလအတွက် ကံထူးရှင်များကို  ဇွန်လတွင် ကျပန်းစနစ်ကို အသုံးပြု၍ လတိုင်း၏ လစဉ်ဆုလက်ဆောင် အသီးသီးကို ရွေးချယ်ပေးမည်ဖြစ်သည်။) Campaign ၏ နောက်ဆုံးလဖြစ်သော ၂၀၂၆ မတ်လ ၏ ကံထူးရှင်များကို ၂၀၂၆ ဧပြီလ ပထမဆုံး ရုံးဖွင့်ရက် (၇) ရက်မြောက်နေ့ တွင် နောက်ဆုံးထားပြီး ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။

၆။ ဤ Campaign ကာလအတွင်း လစဉ် လဆန်း (၄) ရက်နေ့မှစ၍ ရှေ့လများ၏ သတ်မှတ်ချက်ပြည့်မီသော Lucky Draw ကံစမ်းမဲ အစောင်အရေအတွက်စုစုပေါင်းအား ကမ္ဘောဇဘဏ်၏ Official Website တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

၇။ လစဉ်ဆုလက်ဆောင်များ၏  ကံထူးရှင်များကို ရွေးချယ်ပြီးနောက် လစဥ်လတိုင်း ပထမဆုံး ရုံးဖွင့်ရက် (၇)ရက်မြောက်နေ့အား နောက်ဆုံးထားပြီး ဆုလက်ဆောင်ရရှိသော ကံထူးရှင်များကို  အပြာရောင်အမှန်ခြစ်ပါသော ကမ္ဘောဇဘဏ်၏  Social Media Channel မှ တဆင့် ကြေညာပြီး ကံထူးရှင်များ ၏ Mobile ဖုန်းသို့လည်း SMS ပေးပို့အကြောင်းကြားမည်ဖြစ်ပါသည်။

၈။ ကမ္ဘောဇဘဏ်မှ ပေးပို့သည့် SMS ရရှိသောကံထူးရှင်များသည် မိမိ၏ ကိုယ်ရေးအချက် အလက်များဖြစ်သည့် အမည်၊ Senior Care Savings Account ဘဏ်နံပါတ်ပါဝင်သော ဘဏ်စာအုပ်၏ ရှေ့စာမျက်နှာဓာတ်ပုံ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာ တို့အပြင် ကမ္ဘောဇဘဏ်မှ ပေးပို့အကြောင်းကြားထားသော အတည်ပြု SMS Screenshot နှင့် အတူ ကမ္ဘောဇဘဏ်၏ Hotline Phone No. +95 9 951018555 သို့ ဆက်သွယ်၍ သော်လည်းကောင်း၊ အပြာရောင် အမှန်ခြစ်ပါသော ကမ္ဘောဇဘဏ်၏ Facebook Page Messenger (သို့) customer_service@kbzbank.com သို့ပေးပို့၍ ဆက်သွယ်ရပါမည်။

၉။ ကမ္ဘောဇဘဏ်မှ ဆုလက်ဆောင်ရရှိသောကံထူးရှင်များ ပေးပို့လာသော ကိုယ်ရေးအချက် အလက်များ စုံလင်စွာရရှိပြီးနောက် အတည်ပြုပြီးပါက ဆုလက်ဆောင် ရရှိသော ကံထူးရှင်များထံသို့ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့် လိပ်စာအား အောက်ပါအတိုင်း ဆက်သွယ်အကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။

  • ဆုလက်ဆောင် ကံထူးသော customer သည် ရန်ကုန်မြို့တွင်းရှိဘဏ်ခွဲတွင် ဘဏ်စာရင်းဖွင့် လှစ်ထားပါက 50,000 တန် Medical Check-up Discount Coupon ကို မိမိကိုယ်တိုင် ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် လိုအပ်သော စာရွက်စာတမ်းမျာကို ယူဆောင်လာပြီး ရန်ကုန် ကမ်းနားလမ်းဘဏ်ခွဲတွင် Call Center မှ ဖုန်းဆက်၍ အကြောင်းကြားသည့် နေ့မှစ၍ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။
  • ဆုလက်ဆောင် ကံထူးသော customer သည်  ရန်ကုန်မြို့ နယ်နိမိတ်ပြင်ပရှိ ဘဏ်ခွဲတွင် ဘဏ်စာရင်းဖွင့်ထားပါက ဆုလက်ဆောင်အနေဖြင့် ပေးသော အာဟာရဖြည့်စွက်စာများကို မိမိကိုယ်တိုင်   ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် လိုအပ်သော စာရွက်စာတမ်းမျာကို ယူဆောင်လာပြီး မိမိစာရင်းဖွင့်လှစ်ထားသောဘဏ်ခွဲတွင် Call Center မှ ဖုန်းဆက်၍ အကြောင်းကြားသည့် နေ့မှစ၍ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

၁၀။ ဆုလက်ဆောင်ရရှိသည့် ကံထူးရှင်များကို ကမ္ဘောဇဘဏ်၏ Social Media များနှင့် Official Website များတွင် ကြေညာရန်အလို့ငှာ  ဆုလက်ဆောင်ရရှိသော ကံထူးရှင်များ၏ အမည် နှင့် အပြည့်အစုံမဟုတ်သော မိုဘိုင်းဖုန်းနံပါတ်အား ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ဆုလက်ဆောင်ရရှိသော ကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။

၁၁။ ဆုလက်ဆောင်များအား ပိုင်ဆိုင်ခွင့်ရရှိသူသည် ဆုလက်ဆောင်အား လက်ခံရယူရန် ကမ္ဘောဇဘဏ် မှ ဆက်သွယ် အကြောင်းကြားပြီးနောက် ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့် လာရောက်ထုတ်ယူရမည့်လိပ်စာအတိုင်း ဆုလက်ဆောင်ရရှိသူကိုယ်တိုင် ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ဆုလက်ဆောင်အား လာရောက် ထုတ်ယူရမည်ဖြစ်ပါသည်။ သတ်မှတ်ထားသောရက် (၁၀)ရက်အတွင်း လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုလက်ဆောင်ရရှိသူသည် မိမိရရှိသည့် ဆုလက်ဆောင်အားထုတ်ယူစဉ်တွင် သေချာစစ်ဆေးပြီးမှသာ လက်ခံရယူရမည်မှာ ဆုလက်ဆောင်ရရှိသူ၏ တာဝန်ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသူမှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့် ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၂။ ဆုလက်ဆောင်ရရှိသော ကံထူးရှင်များသည် ၎င်းတို့ရရှိသောလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၃။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးသူများကို ကြေညာပေးသည့်နေ့ရက် နှင့် ဆုလက်ဆောင်များကို ထုတယူရမည့်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၁၄။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤCampaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၅။ ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP၊ PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၆။ ဤCampaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၇။ ဤအစီအစဥ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ Customer နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၈။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၉။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaignနှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၀။ ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် ဆုလက်ဆောင်များ အသီးသီးတွင် သတ်မှတ်ပါရှိသော စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်း အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။