“Savings Deposit Account မှာ ထပ်ဆင့်အတိုးနှုန်းရယူပါ” Campaign ၏စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

၁။ Savings Account အမျိုးအစားဖြစ်သော ဘဏ်ငွေစာရင်းများတွင် အပ်ငွေပိုမိုစုဆောင်းခြင်းဖြင့် အပိုထပ်ဆောင်းအတိုးနှုန်းများ ရရှိမည့် Campaign ကာလကို ၂၀၂၅ ခုနှစ် ဇွန်လ (၁) ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ အထိကျင်းပမည် ဖြစ်သည်။

၂။ ဤ Campaign ကာလအတွင်း ကမ္ဘောဇဘဏ်၏ Customer များသည် မည်သည့် Savings Account (Individual, Joint) အမျိုးအစားတွင်မဆို လစဉ် ပျမ်းမျှအပ်ငွေပမာဏထက်ပိုမိုစုဆောင်းခြင်းဖြင့် အပိုထပ်ဆောင်းအတိုးနှုန်းကိုပါ ထပ်မံခံစားခွင့် ရရှိမည်ဖြစ်ပါသည်။ 

          ရှင်းလင်းချက်။ ။   အပိုထပ်ဆောင်းအတိုးနှုန်း ရရှိနိုင်မည့်သတ်မှတ်ချက်မှာ Campaign ကာလဖြစ်သည့် ၂၀၂၅ ဇွန်လ ၏ ပျမ်းမျှအပ်ငွေပမာဏသည်  Campaign ကာလ ၏ ရှေ့လဖြစ်သော ၂၀၂၅ မေလ ၏ပျမ်းမျှအပ်ငွေပမာဏထက် အနည်းဆုံး ၁၀ သိန်းကျပ် တိုးလာမှသာလျှင် အပိုအတိုးနှုန်းကို ခံစားခွင့်ရှိမည်ဖြစ်သည်။

၃။ ဤ Campaign တွင်ပါဝင်ခွင့်ရှိသော Savings Account (Individual, Joint) အမျိုးအစားများဖြစ်သည့်  ဘဏ်စာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Account NameAccount ClassAccount Type
Ordinary Savings301,302Individual, Joint
Cash Savings325, 326Individual, Joint
Premium Savings316,317,319,320Individual, Joint
Senior Care Savings337,338Individual, Joint
Minor Savings303Individual

၄။ အထက်ပါဇယားတွင် ဖော်ပြထားသော Savings Account (Individual, Joint) များတွင် Campaign ကာလအတွင်း လစဉ် ပျမ်းမျှအပ်ငွေပမာဏထက် ပိုမိုစုဆောင်းခြင်းဖြင့် အပိုဆောင်းအတိုးနှုန်း ၀.၅% မှ ၁ % အထိ ရရှိနိုင်မည်ဖြစ်သည်။ အသေးစိတ်ကို အောက်ပါဇယားတွင်ကြည့်ရှု နိုင်ပါသည်။

စဥ်ပျမ်းမျှ အပ်ငွေပမာဏ (ကျပ်)အပိုဆောင်း တစ်နှစ်လျှင် အတိုးနှုန်း
၁။၁၀သိန်းမှ စ၍ သိန်း ၁၀၀ အထိ၀.၅%
၂။သိန်း ၁၀၀ အထက်မှ စ၍ သိန်း ၂၀၀ အထိ၁ %

၅။ Customer များသည် သတ်မှတ်ထားသော Savings Account (Individual, Joint) အမျိုးအစားများတွင် Campaign ကာလ ၏ ရှေ့လဖြစ်သော ၂၀၂၅ မေလ ၏ပျမ်းမျှအပ်ငွေပမာဏ ထက် အနည်းဆုံး ၁၀ သိန်းကျပ် တိုးလာမှသာလျှင် အပိုဆောင်းအတိုးနှုန်းကို စတင်ခံစားခွင့်ရရှိမည်ဖြစ်ပြီး အများဆုံး ပျမ်းမျှအပ်ငွေပမာဏ သိန်း ၂၀၀ အထိတိုးလာမှုအပေါ်တွင်သာ သတ်မှတ်ထားသည့် အပိုထပ်ဆောင်းအတိုးနှုန်းကို တွက်ချက်ထည့်သွင်း ပေးသွားမည်ဖြစ်သည်။  ပျမ်းမျှအပ်ငွေပမာဏသိန်း ၂၀၀ ထက်ကျော်လွန်သော မည်သည့်အပ်ငွေပမာဏအပေါ်တွင်မဆို အပိုထပ်ဆောင်းအတိုးနှုန်း ကိုထပ်မံခံစားခွင့် ရရှိနိုင်မည်မဟုတ်ပါ။ 

ဥပမာ (၁) – ၂၀၂၅ မေလ၏ ပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၂၀ ဖြစ်ပြီး ၂၀၂၅ ဇွန်လ ၏ ပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၄၀ ဖြစ်ပါက၊ တိုးလာသောပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၂၀ ဖြစ်သည်။ ထိုသို့တိုးလာပါက ပုံမှန်အတိုးနှုန်းအပြင် ထပ်ဆောင်းအပိုအတိုးနှုန်း ၀.၅% p.a. ကို ရရှိမည်ဖြစ်ပြီး အတိုးကို အပ်ငွေပမာဏ တိုးတက်လာသော Savings Account ထဲသို့ ဇွန်လ၏ နောက်ဆုံးရက်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

ဥပမာ (၂) – ၂၀၂၅ မေလ၏ ပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၂၀၀ ဖြစ်ပြီး ၂၀၂၅ ဇွန်လ ၏ ပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၄၀၀ ဖြစ်ပါက၊ တိုးလာသောပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၂၀၀ ဖြစ်သည်။ ထိုသို့တိုးလာပါက ပုံမှန်အတိုးနှုန်းအပြင် ထပ်ဆောင်းအပိုအတိုးနှုန်း ၁% p.a. ကို ရရှိမည်ဖြစ်ပြီး အတိုးကို အပ်ငွေပမာဏ တိုးတက်လာသော  Savings Account ထဲသို့ ဇွန်လ၏ နောက်ဆုံးရက်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

ဥပမာ (၃) – ၂၀၂၅ မေလ၏ ပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၂၀၀ ဖြစ်ပြီး ၂၀၂၅ ဇွန်လ ၏ ပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၅၀၀ ဖြစ်ပါက၊ တိုးလာသောပျမ်းမျှအပ်ငွေပမာဏမှာ ကျပ်သိန်း ၃၀၀ ဖြစ်သည်။ ထိုသို့တိုးလာပါက တိုးလာသော ကျပ်သိန်း ၃၀၀ အပေါ်တွင် ထပ်ဆောင်းအတိုနှုန်းကိုတွက်ချက်ပေးမည်မဟုတ်ပဲ သတ်မှတ်ထားသော အများဆုံး ပျမ်းမျှအပ်ငွေပမာဏ ကျပ်သိန်း ၂၀၀ ပေါ်တွင်သာ ထပ်ဆောင်းအပိုအတိုးနှုန်း ၁% p.a. ကို ရရှိမည်ဖြစ်သည်။ ရရှိလာသော အတိုးကို အပ်ငွေပမာဏ တိုးတက်လာသော သက်ဆိုင်ရာ Savings Account ထဲသို့ ဇွန်လ၏ နောက်ဆုံးရက်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

၆။ သတ်မှတ်ချက်နှင့်ကိုက်ညီသော Savings Account ပိုင်ရှင်များအနေဖြင့် ၎င်းတို့ရရှိလာသော အပိုထပ်ဆောင်းအတိုးကို သက်ဆိုင်ရာ Savings Account များထဲသို့ ဇွန်လ၏ နောက်ဆုံးရက်တွင် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ အတိုးထည့်သွင်းပေးမည့် နေ့ရက်အထိ တိုးလာ‌သော ပျမ်းမျှအပ်ငွေပမာဏ အပေါ်တွင်သာလျှင် အပိုထပ်ဆောင်းအတိုးနှုန်းဖြင့် တွက်ချက်မည်ဖြစ်သည်။ အစိုးရ ရုံးပိတ်ရက်များ သို့မဟုတ် ကမ္ဘောဇဘဏ်မှ ထိန်းချုပ်၍ မရနိုင်သော အခြေအနေမျိုးတွင် အတိုးထည့်သွင်းပေးမည့် နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် သတ်မှတ်ချက်နှင့်ကိုက်ညီသော Savings Account ပိုင်ရှင်များအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလပြီးနောက် အပ်နှံလာသော အပ်နှံငွေများအပေါ်တွင် ပုံမှန်အတိုးနှုန်းဖြင့်သာ တွက်ချက်ပေးမည်ဖြစ်သည်။

၈။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ဤCampaignတွင် ပါဝင်သည့် Customerများ အား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign ကာလနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၁။ ကမ္ဘောဇဘဏ် သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤCampaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် ကမ္ဘောဇဘဏ် Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ ကမ္ဘောဇဘဏ်၏သက်ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ် မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် Customerများ အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။