၁။ Recurring Deposit Yin Thway SuBoo Account ဖွင့်လှစ်ခြင်းအတွက် ပြုလုပ်သော Campaign ကာလမှာ ၂၀၂၅ခုနှစ် မေလ ၁၆ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့အထိဖြစ်ပါသည်။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် စုဘူးငွေစာရင်းများထဲမှတစ်ခုဖြစ်သော ရင်သွေးစုဘူးစာရင်း (Recurring Deposit : Yin Thway SuBoo Account)အား ဖွင့်လှစ်၍ မိမိတို့၏ အနာဂတ်ရင်သွေးလေးများအတွက် ငွေစုခြင်းဖြင့် ဆုလက်ဆောင် များရရှိစေနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
၂။ ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် ယခု Campaign တွင်ပါဝင်ရန် ဤ Campaign ကာလအတွင်း Customer များသည် ကမ္ဘောဇဘဏ်၏ စုဘူးငွေစာရင်းများထဲမှတစ်ခုဖြစ်သော ရင်သွေးစုဘူးစာရင်း အား အနည်းဆုံးအပ်နှံ ငွေပမာဏ တစ်သိန်း (၁၀၀,၀၀၀) ကျပ်မှစတင် ထည့်သွင်းစုဆောင်း၍ ဖွင့်လှစ်နိုင်သည်။ စုဆောင်းရာတွင် လစဉ် မပျက်မကွက် ပုံမှန် ငွေစုဆောင်းသော Customer များသာ ယခု Campaign တွင် အကျုံးဝင်မည်ဖြစ်သည်။
၃။ ဤ Campaign ကာလစတင်သည့်နေ့ရက်မှစ၍ ပြီးဆုံးသည့်နေ့ရက်အထိ ရင်သွေးစုဘူးစာရင်းများ ဖွင့်လှစ်ထားသော Customer များထဲမှ ကမ္ဘောဇဘဏ်သည် တစ်လလျှင် Lucky Draw ကံထူးရှင် (၁၅) ဦးစီဖြင့် စုစုပေါင်း ကံထူးရှင် (၃၀) ဦး ကို Campaign ကာလအတွင်း Random Picker software ဖြင့် ရွေးချယ်ပေးမည်ဖြစ်သည်။ မေလ ၁၆ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ Campaign ကာလ အတွက် ကံထူးရှင် (၁၅)ဦးကို ဇွန်လ တတိယအပတ်တွင် ရွေးချယ်မည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ Campaign ကာလအတွက် ကံထူးရှင် (၁၅)ဦးကို ဇူလိုင်လ campaign ပြီးဆုံးချိန်ကာလမှစ၍ တစ်ပတ်အတွင်း နောက်ဆုံး ထား၍ ရွေးချယ်ပေးမည်ဖြစ်သည်။
၄။ ဤ Campaign တွင် ပါဝင်သော ရင်သွေးစုဘူးစာရင်း ဖွင့်လှစ်သော Customer များအတွက် ဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
Month | Lucky Draw | Total |
မေလ ၁၆ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ | သတ်မှတ်ထားသော မိခင်နှင့်ကလေး အသုံးအဆောင်ပစ္စည်းဆိုင်တွင် ၂၅၀,၀၀၀ ကျပ်တန်ပစ္စည်းဝယ်ယူခွင့်ကူပွန် | ၁၅ စောင် |
ဇွန်လ ၁၆ ရက်မှ ဇူလိုင်လ ၁၅ ရက်နေ့ အထိ | သတ်မှတ်ထားသော မိခင်နှင့်ကလေး အသုံးအဆောင်ပစ္စည်းဆိုင်တွင် ၂၅၀,၀၀၀ ကျပ်တန်ပစ္စည်းဝယ်ယူခွင့်ကူပွန် | ၁၅ စောင် |
စုစုပေါင်း | ၃၀ စောင် |
၅။ ဆုလက်ဆောင်ရရှိသည့် ကံထူးရှင်များစာရင်းကို ၂၀၂၅ ခုနှစ် ဇွန်လ တတိယအပတ် နှင့် ဇူလိုင်လ တတိယအပတ် တို့တွင် ကမ္ဘောဇဘဏ်၏ Official Facebook Page (သို့မဟုတ်) ကမ္ဘောဇဘဏ် ၏ Official Website တို့မှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။ ဆုရရှိသည့် ကံထူးရှင်များကို Social Media များနှင့် Website များတွင်ကြေညာရန်အလို့ငှာ ကံထူးသူများ၏ အမည် နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ) တို့အား ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ ဆုလက်ဆောင်များအား ကြေညာပေးမည့် အချိန်သည် အစိုးရရုံးပိတ်ရက်များ (သို့မဟုတ်) ကမ္ဘောဇဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များ ရှိပါက ဆုလက်ဆောင် ကြေညာမည့်အချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။
၆။ ကံထူးရှင်များကို ရွေးချယ်ပြီးနောက် ရုံးဖွင့်ရက် (၃)ရက်အတွင်း ကံထူးသူများကို အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media channel မှ တဆင့် ကြေညာ၍လည်းကောင်း ကံထူးရှင်များ ၏ Mobile ဖုန်းသို့ SMS ပေးပို့၍လည်းကောင်း ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသောကံထူးရှင်များသည် မိမိ၏ ကိုယ်ရေးအချက် အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ် တို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot ၊ ဖွင့်လှစ်ထားသော ရင်သွေးစုဘူးဘဏ်စာရင်းနံပါတ် နှင့် အတူ KBZ Bank Hotline Phone No. +95 9 951018555 သို့ ဆက်သွယ်၍သော်လည်းကောင်း၊ အပြာရောင် အမှန်ခြစ်ပါသော KBZ Bank official Facebook Page Messenger (သို့) customer_service@kbzbank.com သို့ပေးပို့၍လည်းကောင်း ဆက်သွယ်ရပါမည်။
၇။ ကံထူးရှင်များသည် ဆုလက်ဆောင်များကို ကမ္ဘောဇဘဏ်မှ ကြေညာပြီးသည့်အချိန်မှစ၍ တစ်လအတွင်း ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသောနေရာတွင် လူကိုယ်တိုင် လာရောက်ထုတ်ယူ ရမည်ဖြစ်သည်။ သတ်မှတ်ထားသော ကာလအတွင်း ထုတ်ယူခြင်းမရှိသော ဆုလက်ဆောင်များအား ကမ္ဘောဇဘဏ်မှ ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ပြီး ကံထူးရှင်များသည် သတ်မှတ်ထားသော ကာလ ကျော်လွန်မှ ဆုလက်ဆောင်များကိုထုတ်ယူမည်ဆိုပါက ထုတ်ယူခွင့်ရှိမည်မဟုတ်ပါ။ ဆုလက်ဆောင်အား ထုတ်ယူပြီးသော ကံထူးရှင်များအနေဖြင့်လည်း ၎င်းတို့၏ ဆုလက်ဆောင်များနှင့်ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအတွင်းအသုံးပြုရမည်ဖြစ်သည်။
၈။ ဆုရရှိသောကံထူးရှင်များမှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့်ပတ်သက်၍ ပျောက်ဆုံးခြင်း (သို့မဟုတ်) ပျက်စီးမှု သို့မဟုတ် တစ်စုံတစ်ရာ ပေါ်ပေါက်မှုတို့အတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ ကံထူးသော Coupon အား အသုံးပြုရာတွင် သတ်မှတ်ထားသောမိခင်နှင့်ကလေး အသုံးအဆောင်ပစ္စည်းဆိုင်များမှ စည်းမျဉ်း သတ်မှတ်ချက်များအတိုင်း ဆုံးဖြတ်ချက်အပေါ် Customer တို့က လိုက်နာကြ ရမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
၉။ ဆုရရှိသော ကံထူးရှင်များသည် ၎င်းတို့ရရှိသောဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။
၁၀။ ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP၊ PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။
၁၁။ ဤCampaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၂။ ဤ Campaign ကာလအတွင်း Lucky Draw အစီအစဉ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ Customerများ မှ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
၁၃။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaignနှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၄။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၅။ ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် ဆုလက်ဆောင်များ အသီးသီးတွင် သတ်မှတ်ပါရှိသော စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၇။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်း အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။