“ကြာကြာစု များများယူ Campaign” ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ Fixed Deposit Account အမျိုးအစားများ၏ ရက်ပေါင်း (၃၀) သက်တမ်းရှိသည့် ဘဏ်ငွေစာရင်းများတွင် Roll Over ထပ်မံသက်တမ်းတိုးစုဆောင်းတိုင်း အပိုထပ်ဆောင်းအတိုးနှုန်းများ ရရှိနိုင်မည့် Campaign ကာလကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့ မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ 

၂။ ဤ Campaign ကာလအတွင်း ကမ္ဘောဇဘဏ်၏ Customer များသည် အောက်ပါဇယားတွင်ပါရှိသည့် ရက်ပေါင်း(၃၀) သက်တမ်းရှိ Fixed Deposit Account များအား Roll Over ထပ်မံသက်တမ်းတိုး စုဆောင်းခြင်းဖြင့် အတိုးနှုန်းများထပ်တိုးရရှိမည့်အပြင် ရက်ပေါင်း(၉၀)သက်တမ်းပြည့်ပါက အပိုထပ်ဆောင်းအတိုးနှုန်းပါရရှိမည်ဖြစ်သည်။

၃။ ဤ Campaign တွင်ပါဝင်ခွင့်ရှိသော Fixed Deposit Account အမျိုးအစားများဖြစ်သည့်  ဘဏ်စာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

TenorAccount NameAccount Type
30 DaysOrdinary Fixed DepositIndividual, Joint, Corporate
30 DaysSpecial Cash Fixed DepositIndividual, Joint, Corporate
30 DaysE-Fixed DepositIndividual, Corporate
30 DaysPremium Fixed DepositIndividual, Joint, Corporate

၄။ အထက်ပါဇယားတွင် ဖော်ပြထားသော  Fixed Deposit Account (Individual, Joint, Corporate) များကို Campaign ကာလအတွင်း Rollover ပြုလုပ်ခြင်းဖြင့် အပိုဆောင်းအတိုးနှုန်း ရရှိနိုင်မည်ဖြစ်သည်။ ရရှိမည့် အတိုးနှုန်း အသေးစိတ်ကို အောက်ပါဇယားတွင်ကြည့်ရှု နိုင်ပါသည်။

ရက်ပေါင်း (၃၀)p.aရက်ပေါင်း (၆၀)p.aရက်ပေါင်း (၉၀)p.aထပ်ဆောင်း အတိုးနှုန်း ၀.၁%p.a
Normal Rate1st Rollover (၀.၀၅%)2nd Rollover (၀.၁%)
ကျပ်သိန်း ၃၀၀၀ အောက် ၈.၅၀%၈.၅၅%၈.၆၅%၈.၇၅% 
ကျပ်သိန်း ၃၀၀၀နှင့် အထက်၉.၅၀%၉.၅၅%၉.၆၅%၉.၇၅% 

ရှင်းလင်းချက်။ ။ Campaign ကာလအတွင်း အပိုထပ်ဆောင်းအတိုးနှုန်းရရှိနိုင်မည့် သတ်မှတ်ထ ားသော စည်းကမ်းချက်များမှာ ရက်ပေါင်း (၃၀) သက်တမ်းရှိသော စာရင်းသေ အပ်ငွေအမျိုး အစားအားလုံးတို့တွင် ကနဦးရက်ပေါင်း(၃၀) အထိ စုဆောင်းအပ်နှံရမည်ဖြစ်ပြီး မပိတ်သိမ်းပဲ သက်တမ်းတိုး၍ ထပ်မံစုဆောင်းရမည်ဖြစ်သည်။  သို့ဖြစ်ပါ၍ ပထမအကြိမ် ရက်ပေါင်း(၃၀) ထားရှိပြီးနောက် ထပ်မံသက်တမ်းတိုးသော ရက်ပေါင်း  (၃၀) အတွက်  ပုံမှန်အတိုးနှုန်းပေါ်တွင် ၀.၀၅% အတိုးနှုန်း တိုး၍ ရရှိမည်၊ ဒုတိယအကြိမ် ရက်ပေါင်း (၃၀) ထပ်မံသက်တမ်းတိုး ပါက  ယခင်ရရှိထားသော အတိုးနှုန်း ပေါ်တွင် ၀.၁၀% အတိုးနှုန်းဖြင့် ထပ်တိုး၍ ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် ရက်ပေါင်း (၉၀)သက်တမ်း  ပြည့်မှီသည်အထိ စုဆောင်းခြင်းအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ကမ္ဘောဇဘဏ်မှ အပိုဆုကြေး အဖြစ်၀.၁၀%အား  ထပ်ဆောင်း ပေးသွားမည်ဖြစ်ပါသည်။

၅။ ဤ Campaign ကာလအတွင်း Fixed Deposit Account ပိုင်ရှင် များသည် Rollover တစ်ကြိမ် ပြုလုပ်ပြီးမှသာလျှင်  ထပ်ဆောင်း အတိုးနှုန်း ၀.၀၅% ကို စတင်၍ ရရှိနိုင်မည်ဖြစ်သည်။ ဒုတိယအကြိမ် ရက်ပေါင်း (၃၀) ထပ်မံသက်တမ်းတိုး ပါက  ယခင်ရရှိထားသော အတိုးနှုန်း ပေါ်တွင် ၀.၁ % အတိုးနှုန်းဖြင့် ထပ်တိုး၍ ရရှိမည်ဖြစ်ပါသည်။  Rollover နှစ်ကြိမ်အထိ ပြုလုပ်ပြီး ငွေစုဆောင်းပါက ယခင်ရရှိထားသော အပိုအတိုးနှုန်းအပြင်  ထပ်ဆောင်းအပိုဆုကြေးအတိုးနှုန်း ၀.၁% ကိုထပ်မံ ရရှိနိုင်မည်ဖြစ်ပါသည်။ ရက် ၉၀ ငွေစုဆောင်းပြီးပါက အတိုးနှုန်းမှာ မူလသတ်မှတ်ထားသော အတိုးနှုန် းအတိုင်းပြန်လည်ရရှိမည်ဖြစ်သည်။

၆။ သတ်မှတ်ချက်နှင့်ကိုက်ညီသော Fixed Deposit Account ပိုင်ရှင်များအနေဖြင့် ၎င်းတို့ရရှိလာသော အပိုထပ်ဆောင်းအတိုးကို သက်ဆိုင်ရာ Fixed Deposit Account များ၏ Payout Accountများသို့ ရက်ပေါင်း (၆၀) နှင့်ရက်ပေါင်း (၉၀) ပြည့်ပြီးသောနေ့တွင် ရရှိမည် ဖြစ်သည်။  အစိုးရ ရုံးပိတ်ရက်များ သို့မဟုတ် ကမ္ဘောဇဘဏ်မှ ထိန်းချုပ်၍ မရနိုင်သော အခြေအနေမျိုးတွင် အတိုးထည့်သွင်းပေးမည့် နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။ 

၇။ Fixed Deposit Account အမျိုးအစားများ၏ ရက်ပေါင်း (၃၀) သက်တမ်းရှိသည့် ဘဏ်ငွေစာရင်းများဟုဆိုရာတွင် အတိုးနှုန်းကို Special Rate ဖြင့် ခံစားရရှိနေသော Customer များ၏‌ငွေစာရင်းများမပါဝင်ပါသဖြင့် ယခု campaign တွင် ပါဝင်ခွင့်ရရှိမည် မဟုတ်ပါ။ 

၈။ ဤ Campaign ကာလအတွင်းသာလျှင် သတ်မှတ်ချက်နှင့်ကိုက်ညီသော Fixed Deposit Account ပိုင်ရှင်များအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလပြီးသည့်နောက်ပိုင်းတွင်  အပ်နှံလာသော အပ်နှံငွေများအပေါ်တွင် ပုံမှန်အတိုးနှုန်းဖြင့်သာ တွက်ချက်ပေးမည်ဖြစ်သည်။

၉။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ဤ Campaignတွင် ပါဝင်သည့် Customerများ အား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign ကာလနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၂။ ကမ္ဘောဇဘဏ် သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။  ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤCampaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် ကမ္ဘောဇဘဏ် Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။   ကမ္ဘောဇဘဏ်၏သက်ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၅။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ် မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် Customerများ အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။