မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများအတွက် ငွေလွှဲဝန်ဆောင်မှု

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်မှ အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ယွမ်စာရင်းဖွင့်လှစ်ခြင်း
  • ကျပ်ငွေစာရင်း နှင့် ယွမ်စာရင်း တိုက်ရိုက်လွှဲပြောင်းနိုင်ခြင်း
  • တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသော ကုန်ဖိုးငွေလွှဲ ဝင်ရောက်လာပါက Customer ၏ ဘဏ်စာရင်းသို့ ထည့်သွင်းပေးခြင်း
  • ကုန်ပစ္စည်းတန်ဖိုးပေးချေရန်အတွက် တရုတ်နိုင်ငံရှိကုန်ရောင်းသူထံသို့ ငွေလွှဲပေးပို့ခြင်း

ယွမ် စာရင်းဖွင့်လှစ်ရန် လိုအပ်ချက်များ

၁)ကုမ္ပဏီ ယွမ်စာရင်းဖွင့်ခွင့် လျှောက်လွှာအား ဖြည့်စွက်ရန်
၂) သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်
၃) Company Extract from DICA
၄) ကုမ္ပဏီ၏ Constitution
၅) ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်
၆) ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်
၇) စာရင်းပိုင်ရှင်များ၏ မှတ်ပုံတင်

ကနဦးစာရင်းဖွင့်အပ်ငွေCNH 30 နှင့် ညီမျှသော မြန်မာကျပ်ငွေ
ထားရှိရမည့် အနည်းဆုံးလက်ကျန်ငွေCNH 30

တရုတ်နိုင်ငံရှိကုန်ဝယ်သူမှလွှဲပို့လိုက်သော ယွမ်ငွေအား Customer ၏ ကမ္ဘောဇဘဏ်စာရင်းသို့ ငွေလွှဲထည့်သွင်းခြင်း

လိုအပ်သော စာရွက်စာတမ်းများ (ကုန်ပစ္စည်း မတင်ပို့မှီ)

  • ယွမ်စာရင်းသို့ ငွေထည့်ပေးရန် လျှောက်ထားလွှာ (Company Letterhead ဖြင့်)
  • ကုန်ရောင်းပြေစာ/အရောင်းအဝယ်သဘောတူလက်မှတ်ထိုးထားသည့်စာရွက်စာတမ်း 

လိုအပ်သော စာရွက်စာတမ်းများ (ကုန်ပစ္စည်း တင်ပို့ပြီး)

  • ယွမ်စာရင်းသို့ ငွေထည့်ပေးရန် လျှောက်ထားလွှာ (Company Letterhead ဖြင့်)
  • ကုန်ရောင်းပြေစာ/အရောင်းအဝယ်သဘောတူလက်မှတ်ထိုးထားသည့်စာရွက်စာတမ်း 
  • ကုန်ပို့စာရွက်စာတမ်းများ (မိတ္တူ)
  • Export Declaration (ED) Allowed Shipment Notification

KBZ ဘဏ်ရှိ Customer ၏ ယွမ်စာရင်းမှ တရုတ်နိုင်ငံရှိ ကုန်ရောင်းသူထံသို့ ငွေလွှဲပေးပို့ခြင်း

လိုအပ်သောစာရွက်စာတမ်းများ (ကုန်ပစ္စည်းမရောက်ရှိမီ – Advance TT)

  • Telegraphic Transfer Application Form ဖြည့်ရန်
  • ကုန်ရောင်းပြေစာ/အရောင်းအဝယ်သဘောတူ လက်မှတ်ထိုးထားသည့်စာရွက်စာတမ်း 
  • Undertaking Letter (ကုန်ပစ္စည်း ရောက်ရှိပြီးချိန်၌ Release Order Notification (ID)လာရောက် တင်ပြပါမည်ဖြစ်ကြောင်း ခံဝန်စာ)
  • သွင်းကုန်လိုင်စင် (လိုအပ်ပါက)

လိုအပ်သောစာရွက်စာတမ်းများ (ကုန်ပစ္စည်းရောက်ရှိပြီး)

  • Telegraphic Transfer Application Form ဖြည့်ရန်
  • ကုန်ရောင်းပြေစာ/အရောင်းအဝယ်သဘောတူ လက်မှတ်ထိုးထားသည့်စာရွက်စာတမ်း 
  • ကုန်ပို့စာရွက်စာတမ်းများ (မိတ္တူ)
  • သွင်းကုန်လိုင်စင် (လိုအပ်ပါက)
  • Import Declaration (ID) Release Order Notification