ငွေလွှဲလက်ခံယူ ရွှေသားဆုများကံထူးကြစို့အတူ အစီအစဉ်၏ မေးလေ့မေးထရှိသော မေးခွန်းများ

သတ်မှတ်ကာလအတွင်း ကမ္ဘောဇဘဏ်တွင် Western Union ဖြင့် ကမ္ဘာတစ်ဝှမ်းမှ လွှဲပို့ငွေ (၅၀၀,၀၀၀) ကျပ်နှင့်အထက် ထုတ်ယူသူများသည် ဆုကံထူးခွင့် တစ်ကြိမ်စီ ရရှိပြီး ဤ Campaign တွင်ပါဝင်နိုင်မှာဖြစ်ပါသည်။ 

ဤ Campaign တွင် ပါဝင်သောသူများထဲမှ ရွှေ ၅ မူးသားဆု (၁) ဆု နှင့် ရွှေ ၁ မတ်သား (၄) ဆု ကံထူးသူ စုစုပေါင်း (၅) ဦးကို ကျပန်းစနစ်ဖြင့်ရွေးချယ်မည်ဖြစ်သည်။

ကံထူးသူများကို  အပြာရောင်အမှန်ခြစ်ပါသော KBZ Bank နှင့် KBZPay Official Facebook Page နှင့် KBZ Bank Official Website မှတစ်ဆင့် Campaign ပြီးဆုံးသည့် ရက်မှစ၍ သတ်မှတ်ရုံးဖွင့်ရက် (၅) ရက် ထက်နောက်မကျဘဲ ကြေညာပေးသွားမည် ဖြစ်ပါသည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် ကမ္ဘောဇဘဏ် မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးသူများကို ကြေညာပေးသည့်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။ ထို့အပြင် ကမ္ဘောဇဘဏ်အနေဖြင့် ကံထူးသူ၏ဖုန်းနံပါတ်သို့ SMS စာတိုလည်း ပေးပို့မည်ဖြစ်ပါသည်။

ကံထူးသူသည် ကမ္ဘောဇဘဏ်မှပို့လာသော SMS ၏ Screenshot ကိုအထောက်အထားအဖြစ်ရယူကာ KBZ Bank နှင့် KBZPay Facebook Page Messenger သို့သွားရောက်၍ SMS အထောက်အထားအပြင် အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် စသည်တို့ကို ပေးပို့ရမည်ဖြစ်သည်။ (ထိုအချက်အလက်များကို ကမ္ဘောဇဘဏ်အနေဖြင့် ကံထူးသူမှန်ကန်ကြောင်းအတည်ပြုရန်မှအပ အခြားကိစ္စရပ်များအတွက် အသုံးပြုမည်မဟုတ်ပါ။) 

ကံထူးရှင်များကြေညာပြီး (၃) ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက နောက်ထပ် SMS စာတို တစ်စောင်ထပ်ပို့မည်ဖြစ်သည်။ ထိုနေ့မှစပြီး (၃) ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက ဆုလက်ဆောင်ကို ရုပ်သိမ်းလိုက်မည်ဖြစ်ပါသည်။ 

အချက်အလက်များစုံလင်ပြီး အတည်ပြုပြီးပါက ကမ္ဘောဇဘဏ်အနေဖြင့် ဆုလက်ဆောင် လာရောက် ထုတ်ယူနိုင်မည့် လိပ်စာအား ထို KBZ Bank နှင့် KBZPay Facebook Page Messenger မှ တဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ ဆုလက်ဆောင်ကံထူးသူများသည် ဆုလက်ဆောင်အား ထုတ်ယူရန်အကြောင်းကြားသည့် နေ့ရက်မှစတင်၍ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။သတိပြုရန်။ ။ဤ Campaign နှင့်ပက်သက်ပြီး ကမ္ဘောဇဘဏ်အနေဖြင့် Customer များထံမှ Username၊ Password နှင့် OTP ကုဒ်များကို လုံးဝ(လုံးဝ) တောင်းခံမည်မဟုတ်ပါ။

Campaign ကာလသည် မတ်လ (၂၅) ရက်နေ့ မှ မေလ (၃၁) ရက် ၂၀၂၄ ခုနှစ် အထိ  ဖြစ်ပါသည်။ (ငွေလွှဲပေးပို့ခြင်းနှင့် ငွေလွှဲလက်ခံသည့် ရက်စွဲ နှစ်ခုစလုံးသည် ဤရက်စွဲများအတွင်း အကျုံးဝင်ရမည်။)

အားလုံး ပါဝင်ပါသည်။။ ဤရွှေသားဆုအစီအစဉ်၌  ကမ္ဘာတစ်ဝှမ်းက နိုင်ငံများမှ ငွေလွှဲများ အားလုံးအကျုံးဝင်ပါသည်။

Western Union ငွေလွှဲထုတ်ခွင့်ပြုထားသည့်  ယခုလက်ရှိဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများအားလုံး၌ အကျုံးဝင်ပါသည်။