“Western Union နှင့်ပြည်ပငွေလွှဲလက်ခံရင်းရွှေသားဆုများကံထူးနိုင်မည့်သင်္ကြန်အထူးအစီအစဉ်”  နှင့်သက်ဆိုင်သောစည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ Western Union နှင့် ပြည်ပငွေလွှဲလက်ခံရင်း ရွှေသားဆုများကံထူနိုင်မည့် သင်္ကြန်အထူးအစီအစဉ် ကာလသည် မတ်လ (၂၅) ရက်နေ့ မှ မေလ (၃၁) ရက်နေ့ ၂၀၂၄ ခုနှစ် အထိကြာမြင့်မည် ဖြစ်ပါသည်။ 

၂။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ Western Union သုံးစွဲသူ ကမ္ဘောဇဘဏ် Customer များကို မြန်မာနှစ်သစ်ကူးသင်္ကြန်အထိမ်းအမှတ် ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ရွှေသားဆုများကံစမ်းနိုင်မည့် အခွင့်အရေးရရှိနိုင်ရန် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ 

၃။ သတ်မှတ်ကာလအတွင်း ကမ္ဘောဇဘဏ်တွင် Western Union ဖြင့် ကမ္ဘာတစ်ဝှမ်းမှ မြန်မာနိုင်ငံသို့ လွှဲပို့ငွေ (၅၀၀,၀၀၀) ကျပ်နှင့်အထက် ငွေထုတ်ယူသူများသည် ဆုကံထူးခွင့် တစ်ကြိမ်ရရှိခွင့်ရှိမည်ဖြစ် ပြီး ဤ Campaign တွင်ပါဝင်နိုင်မည် ဖြစ်ပါသည်။ ဤ Campaign ကာလအတ္ငင်း လွှဲပို့ငွေ (၅၀၀,၀၀၀) ကျပ်နှင့်အောက် ငွေထုတ်ယူသူများသည် Campaign တွင်ပါဝင်နိုင်မည်မဟုတ်ပါ။

၄။ ငွေလွှဲပေးပို့ခြင်းနှင့် ငွေလွှဲလက်ခံသည့် ရက်စွဲနှစ်ခုစလုံးသည် ဤ Campaign ကာလအတွင်း အကျုံးဝင် ရမည်ဖြစ်ပြီး သို့မှသာ ဤ Campaign အရ ဆုကံထူးခွင့် တစ်ကြိမ်ရရှိခွင့်ရှိမည်ဖြစ်သည်။ Campaign ကာလကျော်လွန်သည့် မည်သည့်ငွေလွှဲပေးပို့ခြင်းနှင့် ငွေလွှဲလက်ခံများအတွက် ဤ Campaign ပါ ခံစားခွင့်များအား ရရှိခွင့်ရှိမည် မဟုတ်ပါ။

၅။ ဤ Campaign တွင် ပါဝင်သော ဆုလက်‌ဆောင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

ဆုအရေအတွက်
ရွှေ ၅ မူးသား(၁) ဆု
ရွှေ ၁ မတ်သား(၄) ဆု

၆။ ဤ Campaign တွင် အထက်ဖော်ပြပါ ဆုလက်ဆောင် ကံထူးသူ (၅) ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး  ကံထူးသူများကို  အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media Channel နှင့် KBZ Bank Official Website မှတစ်ဆင့် Campaign ပြီးဆုံးသည့် ရက်မှစ၍ သတ်မှတ်ရုံးဖွင့်ရက် (၅) ရက် ထက်နောက်မကျဘဲ ကြေညာပေးသွားမည် ဖြစ်ပါသည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် ကမ္ဘောဇဘဏ် မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးသူများကို ကြေညာပေးသည့်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။ 

၇။ ကံထူးသူများအား အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media Channel နှင့် KBZ Bank Official Website များတွင် ကြေညာရန်အလို့ငှာ  ကံထူးသူများ၏ အမည်နှင့်  ဖုန်းနံပါတ် (ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ) ကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ကံထူးသူများမှ သိရှိပြီး သဘောတူပါသည်။ 

၈။ ကံထူးသူများထံသို့ ကမ္ဘောဇဘဏ်မှ SMS ပေးပို့၍လည်း ဆက်သွယ်မည်ဖြစ်ပါသည်။ ကံထူးသူသည် ကမ္ဘောဇဘဏ်မှပို့လာသော SMS ၏ Screenshot နှင့်တကွ ကံထူးသူ၏အမည်၊ မှတ်ပုံတင်နံပါတ်နှင့် ဖုန်းနံပါတ် စသည်တို့ကို အပြာရောင် အမှန်ခြစ်ပါသော KBZ Bank နှင့် KBZPay Facebook Page Messenger သို့ ပေးပို့ရမည်ဖြစ်သည်။ (ထိုအချက်အလက်များကို ကမ္ဘောဇဘဏ်အနေဖြင့် ကံထူးသူမှန်ကန်ကြောင်း အတည်ပြုရန်မှအပ အခြားကိစ္စရပ်များအတွက် အသုံးပြုမည်မဟုတ်ပါ။ ထို့အပြင် ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ကံထူးသူများထံမှ ကံထူးသည့် ဆုလက်ဆောင်များနှင့် စပ်လျဉ်း၍ ငွေကြေးကောက်ခံခြင်း၊ OTP သို့မဟုတ် လျှို့ဝှက် PIN နံပါတ် နှင့် KBZ Bank Account နှင့် သက်ဆိုင်သော မည်သည့်အချက်အလက်များကိုမျှ လုံးဝတောင်းခံမည် မဟုတ်ပါ။)

၉။ ကံထူးသူများသည့် ဆုရရှိကြောင်းကြေညာပြီး () ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက နောက်ထပ် SMS စာတို တစ်စောင်ထပ်ပို့မည်ဖြစ်သည်။ ထိုနေ့မှစပြီး () ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက ဆုလက်ဆောင်ကို ရုပ်သိမ်းလိုက်မည်ဖြစ်ပါသည်။ 

၁၀။ အချက်အလက်များစုံလင်ပြီး အတည်ပြုပြီးပါက ကမ္ဘောဇဘဏ်အနေဖြင့် ဆုလက်ဆောင် လာရောက် ထုတ်ယူနိုင်မည့် လိပ်စာအား ထို KBZ Bank နှင့် KBZPay Facebook Page Messenger မှ တဆင့် ကံထူးသူထံသို့ ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ ကံထူးသူများသည် ဆုလက်ဆောင် အား ထုတ်ယူရန်အကြောင်းကြားသည့် နေ့ရက်မှစတင်၍ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ကံထူးသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက် အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် ဆုလက်ဆောင်များအား ကမ္ဘောဇဘဏ်မှ ပြန်လည် ရုပ်သိမ်းသွားမည် ဖြစ်သည်။

၁၁။ ကံထူးသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ကံထူးသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှု၊ ကွဲလွဲမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။ 

၁၂။ ဆုလက်ဆောင်ကံထူးသူများသည် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်ရရှိမည် မဟုတ်ပါ။

၁၃။ ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်း အချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် Customer များအနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၅။ ဤ Campaign တွင် ကမ္ဘောဇဘဏ်၏ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။

၁၆။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကို မဆို ကမ္ဘောဇဘဏ်က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့် ရှိသည်။

၁၇။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၈။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစား ခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင် ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၉။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် ကမ္ဘောဇဘဏ် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၂၀။ ကမ္ဘောဇဘဏ်၏ပုံမှန်စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ နှင့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု (International Remittance) ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရ မည်။ 

၂၁။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၂၂။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်  မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများ ကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်  မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ်  အနေဖြင့် ကမ္ဘောဇဘဏ်  Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေတာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။ 

၂၄။ ဤ Campaign နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Bank Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။