Medicare မှာ KBZPayနဲ့ရှင်းပြီး ၁ သိန်းကျပ်အထိ ပြန်အမ်း‌ငွေနှင့် လျှော့စျေးကူပွန်ရယူလိုက်ပါ Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ Medicare မှာ KBZPayနဲ့ရှင်းပြီး ၁ သိန်းကျပ်အထိ ပြန်အမ်း‌ငွေနှင့် လျှော့စျေးကူပွန်ရယူလိုက်ပါ Campaign ကို ၂၀၂၄ခုနှစ် မတ်လ ၂၅ ရက်နေ့မှ ၂၀၂၄ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ ဤ Campaign ကာလအတွင်း KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ Medicare ဆိုင်များတွင် ဝယ်ယူပြီး KBZPay QR Code ကို scan ဖတ်၍ အောင်မြင်စွာ ငွေပေး‌ချေသော KBZPayအသုံးပြုသူများအား ၃,၀၀၀ ကျပ်အထိလျှော့စျေးကူပွန်အပြင် ထပ်ဆောင်း ပြန်အမ်းငွေများ ရရှိနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။  

၄။ ဤ Campaign အရ ၃,၀၀၀ ကျပ်တန်လျှော့‌စျေးကူပွန်များရရှိသူများသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည်ဖြစ်ပြီး ပြန်အမ်းငွေရရှိသူများသည် KBZPay Wallet အကောင့်ထဲသို့ ချက်ချင်းတိုက်ရိုက် လက်ခံရရှိမည်ဖြစ်သည်။ လျှော့‌စျေးကူပွန်များ နှင့်ပြန်အမ်းငွေများအား ချက်ချင်းထည့်သွင်း ပေးမည်ဟု ဖော်ပြထားသော်လည်း KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် လျှော့‌စျေးကူပွန်များ နှင့်ပြန်အမ်းငွေများအား ထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါသည်။ လျှော့ဈေးကူပွန်၏ သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှစ၍ မတ်လ ၃၁ ရက် နေ့၊ ည ၁၁:၅၉ နာရီတွင် သက်တမ်းကုန်ဆုံး မည်ဖြစ်ပြီး သက်တမ်းမကုန်မီ Medicare ဆိုင်များတွင် KBZPay QR Code ကို scan ဖတ်၍ငွေပေး‌ချေသော ဝယ်ယူမှုများအတွက် ပြန်လည်အသုံးပြုနိုင်ပါသည်။

၅။ ရရှိလာသောလျှော့စျေးကူပွန်ကို Medicare ၌ ၁၀,၀၀၀ ကျပ်နှင့်အထက် ဝယ်ယူမှုများတွင် ပြန်လည်အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။ 

၆။ ရရှိနိုင်သောပြန်အမ်းငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားအနည်းဆုံးဝယ်ယူရမည့် ပမာဏ အများဆုံးရရှိနိုင်မည့်ပြန်အမ်းငွေပမာဏ
Level 1.5 and Level 2 ၁၅,၀၀၀ – ၂၉,၉၉၉ ကျပ်၁,၀၀၀ ကျပ်
၃၀,၀၀၀ – ၄၄,၉၉၉ ကျပ်၁,၅၀၀ ကျပ်
၄၅,၀၀၀ – ၅၉,၉၉၉ ကျပ်၂,၀၀၀ ကျပ်
၆၀,၀၀၀ – ၇၄,၉၉၉ ကျပ်၂,၅၀၀ ကျပ်
၇၅,၀၀၀ – ၈၉,၉၉၉ ကျပ်၃,၀၀၀ ကျပ်
၉၀,၀၀၀ – ၁၀၄,၉၉၉ ကျပ်၃,၅၀၀ ကျပ်
၁၀၅,၀၀၀ နှင့် အထက်၁၀၀,၀၀၀ ကျပ်

ကူပွန်အသုံးပြု၍ ဝယ်ယူပါက ကူပွန်ပမာဏအားနှုတ်ယူပြီးနောက် ကျန်ရှိသော ပမာဏသည် အနည်းဆုံး ဝယ်ယူရမည့် ပမာဏအား ပြည့်မှီမှသာလျှင် ပြန်အမ်းငွေကိုရရှိမည်ဖြစ်သည်။ အထက်တွင် လျှော့‌စျေးကူပွန်ပမာဏ နှင့် ပြန်အမ်းငွေပမာဏအား မည်သို့ပင်ဖော်ပြစေကာမူ ဤ Campaign ကာလအတွက် KBZPayမှ သတ်မှတ်ထားသော လျှော့‌စျေးကူပွန် အရေအတွက် သို့ရောက်ရှိသွားပါက “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသော ပြန်အမ်းငွေပမာဏသို့ ရောက်ရှိသွားပါက ၁၅,၀၀၀ကျပ် ကျော်လွန်သည့် မည်သည့် ငွေပေးချေမှုအားလုံးအတွက်မဆို “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည် ဖြစ်ပါသည်။

၇။ ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများအနေဖြင့် ငွေပေးချေမှု တစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ် ၁၅,၀၀၀ ကျပ်နှင့်အထက်ဝယ်ယူ၍ Medicare ဆိုင်များ၏ KBZPay QR Code အား scan ဖတ်၍ ငွေပေးချေမှသာ ပြန်အမ်းငွေရရှိမည်ဖြစ်ပြီး ၁၀,၀၀၀ ကျပ်နှင့်အထက် ဝယ်ယူပေးချေမှုများအတွက် လျှော့စျေးကူပွန် ကိုသာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် QR Codeအား scan ဖတ်၍ငွေပေးချေခြင်း မဟုတ်သည့် ဝယ်ယူမှုများအတွက် လျှော့စျေးနှင့် ပြန်အမ်းငွေများကို ရရှိနိုင်မည်မဟုတ်ပါ။

၈။ ဤ Campaign အရ ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။

၉။ ဤ Campaign တွင်ပါဝင်သူများအနေဖြင့် အစီအစဉ်ကာလအတွင်း KBZPay အကောင့်တစ်ခုအတွက် လျှော့စျေးကူပွန် (၁) ကြိမ်ရယူခွင့်ရှိမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ပြည့်မှီသည့် ဝယ်ယူပေးချေမှုများအတွက် Medicare ဆိုင်များတွင် ပြန်အမ်းငွေ (၅) ကြိမ်အထိရယူခွင့်ရှိပါသည်။ 

၁၀။   ဤ Campaign ကာလအတွင်း KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaignကာလ ကုန်ဆုံး သည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၁။ အသုံးပြုသူများမှ Medicare ဆိုင်များတွင် ဝယ်ယူပြီးသောပစ္စည်းများအား လဲလှယ်ခြင်းနှင့် ပြန်အမ်းငွေပြန်လည် တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များပေါ်ပေါက်ပါက Medicare နှင့် အသုံးပြုသူများနှင့်သာ သက်ဆိုင်မည်ဖြစ်သည်။ 

၁၂။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။

၁၃။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၆။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၇။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၈။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Medicare ဆိုင်များ၏   စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၉။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် Medicare ဆိုင်များမှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် Medicare ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိ စေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။၂၁။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။