Terms and Conditions for “KBZ Card တွေနဲ့  ငွေကျပ် (၃) သိန်းနှင့် အခြားငွေသားဆုများကံထူးခွင့်” စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

၁။ အစီအစဥ်ကာလသည် ၁၆.၁၁.၂၀၂၃ မှ ၃၁.၁၂.၂၀၂၃ အထိဖြစ်သည်။

၂။ ဤအစီအစဥ်တွင် သတ်မှတ်ထားသော Merchant ဆိုင်များ၌ ဝယ်ယူပြီး KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေမှုပြု လုပ်သူများ အားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။ အစီအစဥ်တွင် ပါဝင်ရန်အတွက်

  ၃၊၁။  ဤအစီအစဥ်ကာလအတွင်း သတ်မှတ်ထားသော Merchant ဆိုင်များတွင် ဝယ်ယူပြီး ထို Merchantဆိုင်များ၏ KBZ POS စက်တွင် KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့်  ငွေပေးချေမှုများ ပြုလုပ်သည့် ကတ်ကိုင်ဆောင်သူများအားလုံး ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံစမ်းခွင့်ရရှိမည် ဖြစ်ပါသည်။ 

      ၃၊၂။    KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေမှု (၁) ကြိမ် ပြုလုပ်တိုင်း ကံထူးခွင့် (၁) ကြိမ် ရရှိနိုင်မည်ဖြစ်သည့်အတွက် များများ ဝယ်ယူပါက ကံထူးခွင့်တွေ များများရရှိမည်ဖြစ်ပါသည်။

၄။  အစီအစဥ်တွင် ပါဝင်ခွင့်ရရှိသူများအနေဖြင့် အောက်ဖော်ပြပါ‌ငွေသားဆုများအား ကံစမ်းခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။  

  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့ မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ အထိ အစီအစဥ်ကာလအတွက် ငွေသားဆုများ

  • ငွေကျပ် ၁၀၀,၀၀၀ ဆု – (၁) ဆု
  • ငွေကျပ် ၅၀,၀၀၀ ဆု – (၉) ဆု

 ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ  ၃၁ရက်နေ့ အထိ အစီအစဥ်ကာလအတွက် ငွေသားဆုများ

  • ငွေကျပ် ၃၀၀,၀၀၀ ဆု – (၁) ဆု
  • ငွေကျပ် ၁၀၀,၀၀၀ ဆု – (၄) ဆု
  • ငွေကျပ် ၅၀,၀၀၀ ဆု – (၁၅) ဆု

၅။ အစီအစဥ်တွင် ပါဝင်သော Merchant ဆိုင်များမှာ –  

NoMerchant NameCity
1Hotel SS Aung BanAung Ban
2Mya Setkyar LotusInle/ Nyaung Shwe
3Khit Sunn YinInle/ Nyaung Shwe
4Novotel Inle LakeInle/ Nyaung Shwe
5Pyae Thar Tun Padaung TraditionalInle/ Nyaung Shwe
6Kalaw Heritage HotelKalaw
7Thu Maung RestaurantKalaw
8Pine HillKalaw
9My House RestaurantTaunggyi
10UCT Taunggyi HotelTaunggyi
11Jasmine Taunggyi HotelTaunggyi
12Yamazaki Sushi and Japanese RestaurantTaunggyi
13Ngwe San EainTaunggyi
14Taung Chune RestaurantTaunggyi
15AYETHARYA SUNSET WINE GARDENTaunggyi
16Hotel Htein ThaTaunggyi
17Café KalawKalaw
18126 BarKalaw
19Chill BarKalaw
20Moul Kham 2Nyaung Shwe
21Sein Ngwe HlyanNyaung Shwe
22Ngwe Zin Yaw MartNyaung Shwe
23SMY Rooftop BarTaunggyi
24Bar Min LandTaunggyi
25Shwe KyunTaunggyi
26Saya U Nyunt Wai kyay ohTaunggyi
27Branded FashionTaunggyi
28Kg Loon HotelTaunggyi
29The Upper House CaféTaunggyi
30My Secret CaféTaunggyi
31Heart Beats Bar and RestaurantTaunggyi
32City View RestaurantTaunggyi
33Royal Nadi ResortNyaung Shwe
34Hotel Maine LiNyaung Shwe
35Ngapali SeafoodTaunggyi

၆။ ကံထူးသူများအား ဤအစီအစဥ်ကာလကုန်ဆုံးပြီးနောက်တွင် KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော) နှင့် Official Website တို့၌ ကြေညာပေးမည်ဖြစ်ပါသည်။ ဆုရရှိသည့် ကံထူးသူများကို Social Media များ နှင့် Official Website များ တွင် ကြေညာရန်အလို့ငှာ  ကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ 

၇။​ ထို့နောက် KBZ Bank မှ  ကံထူးသူများကို SMS ပေးပို့၍အကြောင်းကြားသွားမည်ဖြစ်ပြီး ထို SMS တွင် ကံထူးသူသည် မည်သည့် ငွေသားဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေးအကြောင်းကြား သွားမည်ဖြစ်သည်။

 ၈။​ KBZ Bank ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေးအချက် အလက်များ၊  OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်း အချက်အလက်ကိုမျှ တောင်းခံ မည် မဟုတ်ပါ။

 ၉။​ ငွေသားဆုများကို ကံထူးသူများ၏ KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) Card နှင့် ချိတ်ဆက်ထားသော Bank Account ထဲသို့ ဆုရရှိသည့် ကံထူးသူများကို KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော) နှင့် Official Website များတွင် ကြေညာသည့်နေ့ရက်မှစ၍ သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်ပေးမည် ဖြစ်ပါသည်။ ငွေသားဆုများ ထည့်သွင်းပြီးပါက ကံထူးသူထံသို့ SMS ပေးပို့ အကြောင်းကြား ပေးသွားပါမည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank ဘဏ် မှ ထိန်းချုပ်၍  မရနိုင်သော အခြေအနေမျိုးတွင် ကံထူးသူများအား ကြေညာမည့် အချိန်နှင့် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်၊၊ 

၁၀။ ကံထူးသူများသည် ၎င်းတို့၏ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ငွေကြေး အဖြစ် လဲလှယ်ခြင်းအား ခွင့်မပြုပါ။ ကံထူးသူများမှ ဆုများနှင့်ပတ်သတ်၍ ချို့ယွင်းချက်တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ Bank ဘဏ် မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၁။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကို မဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤအစီအစဉ်နှင့်ပတ်သက်၍ KBZ Bank အသုံးပြုသူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၃။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်း ကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZ Bank အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။ KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Merchant  ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ Bankသည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bank အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bankမှ ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ Bankအနေဖြင့် KBZ Bank အသုံးပြုသူ အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေ ရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသား ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက် မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာ ဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။