“KBZ Card တွေနဲ့  ငွေကျပ် (၃) သိန်းနှင့် အခြားငွေသားဆုများကံထူးခွင့်” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

ဤအစီအစဥ်တွင် သတ်မှတ်ထားသော Merchant ဆိုင်များ၌ ဝယ်ယူပြီး KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေမှုပြုလုပ်သူများအားလုံး ပါဝင် နိုင်မည်ဖြစ်ပါသည်။

အစီအစဥ်ကာလသည်  ၁၆.၁၁.၂၀၂၃ မှ ၃၁.၁၂.၂၀၂၃  အထိ (၄၅) ရက် တိတိ ကြာမြင့်မှာဖြစ်သည်။

အစီအစဥ် ကာလအတွင်း သတ်မှတ်ထားသော Merchant ဆိုင်များ၏ KBZ POS စက် တွင် KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေမှုများကို ပြုလုပ်ပါက ဤ အစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံထူးခွင့်ရရှိမည်ဖြစ်ပါသည်။ ‌

အစီအစဥ်တွင် ပါဝင်သော Merchant ဆိုင်များမှာ –  

NoMerchant NameCity
1Hotel SS Aung BanAung Ban
2Mya Setkyar LotusInle/ Nyaung Shwe
3Khit Sunn YinInle/ Nyaung Shwe
4Novotel Inle LakeInle/ Nyaung Shwe
5Pyae Thar Tun Padaung TraditionalInle/ Nyaung Shwe
6Kalaw Heritage HotelKalaw
7Thu Maung RestaurantKalaw
8Pine HillKalaw
9My House RestaurantTaunggyi
10UCT Taunggyi HotelTaunggyi
11Jasmine Taunggyi HotelTaunggyi
12Yamazaki Sushi and Japanese RestaurantTaunggyi
13Ngwe San EainTaunggyi
14Taung Chune RestaurantTaunggyi
15AYETHARYA SUNSET WINE GARDENTaunggyi
16Hotel Htein ThaTaunggyi
17Café KalawKalaw
18126 BarKalaw
19Chill BarKalaw
20Moul Kham 2Nyaung Shwe
21Sein Ngwe HlyanNyaung Shwe
22Ngwe Zin Yaw MartNyaung Shwe
23SMY Rooftop BarTaunggyi
24Bar Min LandTaunggyi
25Shwe KyunTaunggyi
26Saya U Nyunt Wai kyay ohTaunggyi
27Branded FashionTaunggyi
28Kg Loon HotelTaunggyi
29The Upper House CaféTaunggyi
30My Secret CaféTaunggyi
31Heart Beats Bar and RestaurantTaunggyi
32City View RestaurantTaunggyi
33Royal Nadi ResortNyaung Shwe
34Hotel Maine LiNyaung Shwe
35Ngapali SeafoodTaunggyi

အစီအစဥ်တွင် အောက်ပါအတိုင်း ‌ငွေသားဆုများ ကံထူးနိုင်မည်ဖြစ်ပါသည်။  

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့ မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ အထိ အစီအစဥ်ကာလအတွက် ငွေသားဆုများ

  • ငွေကျပ် ၁၀၀,၀၀၀ ဆု – (၁) ဆု
  • ငွေကျပ် ၅၀,၀၀၀ ဆု – (၉) ဆု

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ အထိ အစီအစဥ်ကာလအတွက် ငွေသားဆုများ

  • ငွေကျပ် ၃၀၀,၀၀၀ ဆု -(၁) ဆု
  • ငွေကျပ် ၁၀၀,၀၀၀ ဆု – (၄) ဆု

ငွေကျပ် ၅၀,၀၀၀ ဆု – (၁၅) ဆု

ယခုအစီအစဥ်တွင် အနည်းဆုံးအသုံးပြုရမည့် ငွေပမာဏကို သတ်မှတ်ထားခြင်းမရှိပါ။ ကြိုက်နှစ်သက်ရာ ငွေပမာဏကို သုံးစွဲနိုင်ပြီး KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် KBZ POS စက်များတွင် ငွေပေးချေမှုများကို ပြုလုပ်နိုင်ပါသည်။

အကြိမ်ရေ အရေအတွက် ကန့်သတ်ထားခြင်း မရှိပါ။ KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေမှု (၁) ကြိမ် ပြုလုပ်တိုင်း ကံထူးခွင့် (၁) ကြိမ် ရရှိနိုင်မည်ဖြစ်သည့်အတွက် များများဝယ်ယူပါက ကံထူးခွင့်တွေ များများရရှိမည်ဖြစ်ပါသည်။

ကံထူးသူများကို KBZ Bank Facebook Official Page  (အပြာရောင်အမှတ်ခြစ်ပါသော) နှင့် Offical Website တို့တွင် ကြေညာပေးပါမည်။ ထို့နောက် KBZ Bank နာမည်ဖြင့် ကံထူးသူများထံသို့ SMS ပေးပို့ပါမည်။ ထို SMS တွင် ကံထူးသူသည် မည်သည့်ဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေးသွားမည်ဖြစ်ပြီး Customer များထံမှ လျှို့ဝှက်နံပါတ်တောင်းခံခြင်းကို မည်သည့်အခါမှ မပြုလုပ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ လူကြီးမင်းတို့ အနေဖြင့်လည်း OTP နှင့် PIN အား မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါသည်။

 ငွေသားဆုများကို ကံထူးရှင်များ၏ KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) Card နှင့် ချိတ်ဆက်ထားသော Bank Account ထဲသို့သာ ဆုရရှိသည့် ကံထူးသူများကို KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော) နှင့် Official Website များတွင် ကြေညာသည့်နေ့ရက်မှစ၍ သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်ပေးမည် ဖြစ်ပါသည်။ ငွေသားဆုများ ထည့်သွင်းပြီးပါက ကံထူးသူထံသို့ SMS ပေးပို့အကြောင်းကြား ပေးသွားပါမည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank ဘဏ် မှ ထိန်းချုပ်၍  မရနိုင်သော အခြေအနေမျိုးတွင် ကံထူးသူများအား ကြေညာမည့် အချိန်နှင့် ငွေသားဆုငွေများ အား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်၊၊

သတိပြုရန်။ KBZ Bankသည် ယခု အစီအစဉ်​၏ တစိတ်တဒေသဖြစ်သည့် အသုံးပြုသူတို့​၏ အကောင့်အချက်အလက်များ ၊ OTP သို့မဟုတ် စကားဝှက်များ ကို အသုံးပြုသူများထံမှ မည်သည့်အခါမျှ ဖုန်းဆက်ခေါ်ယူ မေးမြန်းတောင်းယူမည်မဟုတ်ပါ။ ထိုကဲ့သို့သော သတင်းအချက် အလက်များကို တစ်စုံတစ်ယောက်မှ ဖုန်းဆက်မေးမြန်းလာပြီဆိုပါက ထိုသူတို့​၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မပြုခြင်းဖြင့် လိမ်လည်မှုများကို ရှောင်ရှားပါ။