“အပ်ငွေစာရင်း လုပ်ဆောင်ချက်များ၏ အထူးသက်သာခွင့်များ” အစီအစဉ်၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

၁။ အစီအစဉ်ကာလသည်  ၁၅.၁၁.၂၀၂၃ မှ ၃၁.၁၂.၂၀၂၃ အထိဖြစ်သည်။

၂။ ဤအစီအစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်၏ customer များသည်  အပ်ငွေစာရင်းနှင့်ပတ်သက်သော သတ်မှတ်လုပ်ဆောင်ချက်အား ဘဏ်ခွဲများမှတစ်ဆင့် (သို့) m/iBanking မှတစ်ဆင့်ပြုလုပ်ရုံဖြင့်  ဝန်ဆောင်ခများ ကင်းလွတ်ခွင့်/သက်သာခွင့် ရရှိနိုင်မည်ဖြစ်သည်။

၃။ အစီအစဉ်တွင် customer များသည် အပ်ငွေစာရင်းဆိုင်ရာ လုပ်ဆောင်ချက်များကို   ဘဏ်ခွဲများမှလုပ်ဆောင်ရာတွင် ဝန်ဆောင်ခ ၁၀၀% အခမဲ့ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး m/iBanking မှတစ်ဆင့် လုပ်ဆောင်ရာတွင် ဝန်ဆောင်ခ ၅၀%  သက်သာခွင့်ဖြင့်  ဆောင်ရွက်နိုင်မှာဖြစ်ပါသည်။ 

၄။ ဘဏ်ခွဲများမှ လုပ်ဆောင်ချက်များပြုလုပ်ရာတွင် အထက်ဖော်ပြပါ ဝန်ဆောင်ခ ကင်းလွတ်ခွင့်သည် မြို့နယ်တူ(same city) ဖြစ်စေ မြို့နယ်မတူ (different city) သည်ဖြစ်စေအကျုံးဝင်ပါသည်။ 

၅။ သတ်မှတ်ထားသော အပ်ငွေစာရင်းဆိုင်ရာ လုပ်ဆောင်ချက်မှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။ 

ဘဏ်ခွဲများတွင် ဝန်ဆောင်ခ ၁၀၀% အခမဲ့ဖြင့် ဆောင်ရွက်နိုင်သည့်ဝန်ဆောင်မှုများ 

(က) ငွေအပ်နှံ/ ထည့်သွင်းခြင်း

(ခ) ငွေသားထုတ်ယူခြင်း

(ဂ) ဘဏ်စာရင်းအချင်းချင်း ငွေလွှဲခြင်း

m/iBanking တွင်ဝန်ဆောင်ခ ၅၀% သက်သာခွင့်ဖြင့် ဆောင်ရွက်နိုင်သည့်ဝန်ဆောင်မှုများ 

(က) Internal Transfer 

(ခ)  Fast Transfer

(ဂ)  Multiple Transfers

၆။ အထက်ပါ အပိုဒ် (၅) တွင်ဖော်ပြထားသော လုပ်ဆောင်ချက်များမှလွဲ၍ အခြား လုပ်ဆောင်ချက် များအတွက် ကောက်ခံသော ဝန်ဆောင်ခများမှာ လက်ရှိသတ်မှတ်ချက်များအတိုင်းသာ ဖြစ်ပါသည်။ 

၇။ ဝန်ဆောင်ခ ကင်းလွတ်ခွင့်/သက်သာခွင့် များသည် Campaign ကာလ ၁၅.၁၁.၂၀၂၃ မှ ၁၄.၁၂.၂၀၂၃ အထိ အချိန်တစ်လတာ အကျုံးဝင်ပါသည်။ 

၈။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် အထူးအစီအစဉ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤအစီအစဉ်ကာလနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် အသုံးပြုသူများ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၁။ ကမ္ဘောဇဘဏ် သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် ကမ္ဘောဇဘဏ် အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသား ထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။