“KBZ Online Banking Account အသစ် ဖွင့်လှစ် အသုံးပြုသူများအတွက် အထူးအစီအစဥ်” စည်းမျဥ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

KBZ  Online Banking Account အသစ် ဖွင့်လှစ်အသုံးပြုသူများအတွက် အထူးအစီအစဥ် ကာလသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့အထိ သတ်မှတ်ထားပါသည်။

၂။         ဤ အစီအစဥ် ၏ ရည်ရွယ်ချက်မှာ ဤအစီအစဥ်ကာလအတွင်း KBZ Online Banking (iBanking/ mBanking) Account အသစ်ဖွင့်လှစ်သူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် နှစ်ပတ်တစ်ကြိမ် ငွေသား ကျပ် တစ်သောင်း (၁၀,၀၀၀) ဆု (၁၁) ဆု၊ ကျပ် ငါးသောင်း (၅၀,၀၀၀) ဆု (၃)ဆု၊ တစ်သိန်း (၁၀၀,၀၀၀) ဆု (၁)ဆု  Online Banking Accountအသစ်ဖွင့်လှစ်ပြီးနောက် KBZ Online Banking မှတစ်ဆင့် transactionအနည်းဆုံး (၁) ကြိမ် ပြုလုပ်သည့် အသုံးပြုသူများအတွက် လစဥ် အထူးဆု ငွေသားဆု ဆယ်သိန်း (၁,၀၀၀,၀၀၀) ကျပ် ဆု (၁) ဆု  လက်ဆောင်အား ခံစားခွင့် ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

၃။         ဤအစီအစဥ်ကာလအတွင်း  KBZ Online Banking Account အသစ် ဖွင့်လှစ်အသုံးပြုများ နှင့်/သို့မဟုတ်  KBZ Online Banking Account အသစ်ဖွင့်လှစ်ပြီးနောက် KBZ Online Banking မှတဆင့် transaction တစ်ခုအား လုပ်ဆောင်သည့် အသုံးပြုသူများသည် ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံထူးခွင့်ရရှိမည် ဖြစ်ပါသည်။ ဤ အစီအစဥ် ကာလအတွင်းအသုံးပြုသူ  များသည် KBZ Online Banking Account အသစ်ဖွင့်လှစ်ခြင်းဖြင့် နှစ်ပတ်တစ်ကြိမ် ပေးအပ်မည့် ငွေသားဆုများကို ကံထူးနိုင်မည်ဖြစ်ပြီး KBZ Online Banking Account အသစ် ဖွင့်လှစ်ပြီးနောက် အသုံးပြုသူများသည် KBZ Online Banking မှတစ်ဆင့် transaction အနည်းဆုံး (၁)ကြိမ် ပြုလုပ်ပါက အထူးဆုလက်ဆောင် ငွေသားဆု ဆယ်သိန်းကျပ် (၁,၀၀၀,၀၀၀) ကျပ်ကို တစ်လတစ်ခါ ကံစမ်းခွင့် အခွင့်အရေး (၁) ကြိမ်ထပ်မံရရှိနိုင်မည်ဖြစ်သည်။ ဤ အစီအစဥ် ကာလအတွင်း KBZ Online Banking မှတဆင့် transaction ပြုလုပ်ရမည့် အကြိမ်အရေအတွက် နှင့် transaction ပြုလုပ်ရမည့် ငွေပမာဏအား ကန့်သတ်ထားခြင်းမရှိပါ။

၄။         နှစ်ပတ်တစ်ကြိမ် ငွေသားဆုကံထူးရှင်များကို  (၂) ပတ်ပြီး ‌နောက် သတ်မှတ်ရုံးဖွင့်ရက် (၇)ရက်အတွင်း တွင်လည်းကောင်း အထူးဆု ငွေသားဆု ကို ကံထူးရှင်များကို လတစ်လပြီးဆုံးပြီးနောက် ရက်သတ္တပတ် အတွင်းတွင်လည်းကောင်း KBZ Bank Official Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ၊ KBZ Bank Official Website မှတဆင့် ကြေညာမည်ဖြစ်ပြီး  ကံထူးရှင်များ ၏ Mobile ဖုန်းသို့ SMS ပေးပို့၍လည်း အသိပေးအကြောင်းကြား သွားမည်ဖြစ်သည်။  ငွေသားဆုရရှိသည့် ကံထူးရှင်များအား အသိပေးပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ငွေသားဆုလက်ဆောင်ကို ကံထူးသူ၏ သက်ဆိုင်ရာ KBZ Bank Account သို့ တိုက်ရိုက်ထည့်သွင်းပေးသွားပါမည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုလက်ဆောင်များအား သက်ဆိုင်ရာ ဘဏ်စာရင်းထဲသို့ထည့်သွင်းပေးမည့်အချိန်နှင့် ကံထူးရှင်များကို ကြေညာပေးသည့်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၅။        ဤ အစီအစဥ်မှ ပေးအပ်သည့် ငွေသားဆုလက်ဆောင်များအတွက် ကံထူးသူများကို  အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media channel မှ တဆင့် ကြေညာ၍လည်းကောင်း  ကံထူးရှင်များ ၏ Mobile ဖုန်းသို့ SMS ပေးပို့၍လည်းကောင်း ဆက်သွယ်မည်ဖြစ်ပါသည်။၄င်းကံထူးရှင်များကို Social Media များနှင့် Website များတွင် ကြေညာ ရန်အလို့ငှာ မိမိ၏အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။

၆။        ငွေသားဆုလက်ဆောင်ကို ကံထူးသူ၏သက်ဆိုင်ရာ KBZ Bank Account ထဲသို့ထည့်သွင်းပေးပြီးနောက် ကံထူးရှင်များ ၏ Mobile ဖုန်းသို့ SMS မှတဆင့်လည်း ထပ်မံအသိပေးအကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။

၇။        ဤ အစီအစဥ် ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်  အသုံးပြုသူများ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ် ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။        ကမ္ဘောဇဘဏ်  ဝန်ထမ်းများသည် ဤ အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။        ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကို မဆို ကမ္ဘောဇဘဏ်  က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။      ဤ အစီအစဥ် နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် အသုံးပြုသူ များ နှင့် ကမ္ဘောဇဘဏ်  တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်  ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူ  ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့် ပတ်သက်သော အကျိုးခံစား ခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင် ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။       ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ် အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် အသုံးပြုသူ  အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။      ကမ္ဘောဇဘဏ်  ၏ ပုံမှန် စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။      ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၁၅။      ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်  အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်  မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်  မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်  အနေဖြင့် ကမ္ဘောဇဘဏ်  အသုံးပြုသူ  အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ် တစ်ဦးဦးအပေါ်တွင် ဖြစ်စေတာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။      ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာ ဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

၁၇။      ဤ အစီအစဥ် နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Bank Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။