လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များ၊
အချိန်ကာလကြာမြင့်စွာ အသုံးမပြုဖြစ်သော ဘဏ်အကောင့်များနှင့် ပတ်သက်သည့် သတ်မှတ်ချက်များကို အသိပေးအကြောင်းကြားလိုပါသည်။ လူကြီးမင်းတို့၏ ဘဏ်စာရင်းအကောင့်များကို ၇ နှစ်နှင့်အထက် အသုံးမပြုဘဲ ထားရှိပါက အသုံးမပြုသော ဘဏ်စာရင်း(Dormant) အဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး စာရင်းထိန်းသိမ်းခအဖြစ် တစ်နှစ်ကို ၃,၀၀၀ ကျပ် ကောက်ခံသွားမည် ဖြစ်ပါသည်။
လူကြီးမင်းအနေဖြင့် အသုံးမပြုသောဘဏ်စာရင်းအကောင့်များရှိပါက ဘဏ်စာရင်း ထိန်းသိမ်းခ ကောက်ခံခြင်းမှ ကင်းလွတ်နိုင်ရန် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်၍ အဆိုပါ အကောင့်ကို အသုံးပြု၍ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း သို့မဟုတ် ငွေလွှဲပြောင်းခြင်း ပြုလုပ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။ အသေးစိတ် သိရှိလိုပါက KBZ Bank Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။