ယခုကျင်းပသည့် “Lunar New Year မေတ္တာလက်ဆောင် Campaign” အစီအစဥ်၏ အဓိကရည်ရွယ်ချက်မှာကမ္ဘောဇဘဏ်၏ Saving Deposit (Ordinary and Cash) ပမာဏတိုးတက်လာစေရန် နှင့် Saving Deposit အသစ် အပ်နှံသူ customer များတိုးလာရန် အတွက် ရည်ရွယ်ပါသည်။
၂။ “Lunar New Year” မေတ္တာလက်ဆောင် Campaign”ကာလအား ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ ဤအစီအစဉ်တွင်ကနဦးအပ်နှံသူ Customer (၁၀၀)ဦးအားအပိုဒ်(၃)ပါ အပ်နှံငွေပမာဏအလိုက် မေတ္တာလက်ဆောင်များ ပေးအပ်မည့် အပြင် ငွေကျပ် သိန်း(၁၀၀)အောက် မှ ငွေကျပ်သိန်း(၁၀၀၀) နှင့်အထက် ကနဦးအပ်နှံသူ New and existing customer (၅၀)ဦး ကိုလည်း မေတ္တာလက်ဆောင်များနှင့်အတူ “Lunar New Year လက်ဆောင် များကို သတ်မှတ်ထားသော ဘဏ်ခွဲများတွင် ပေးမည့် အစီအစဉ် ဖြစ်ပါသည်။
၃။ ဤCampaignကာလအတွင်း သတ်မှတ်ရွေးချယ်ထားသော ကမ္ဘောဇဘဏ်ခွဲ (၁၀) ဘဏ်တွင် ပထမဦးဆုံး လာရောက်၍ ငွေစာရင်းအသစ်ဖွင့်လှစ်သည့် Customer (၁၀၀) ဦးကို မေတ္တာလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ရာ ဘဏ်ခွဲတစ်ခုလျှင် New Saving Deposit Customer (၅၀) ဦးနှုန်း ၊ Existing Saving Deposit Customer (၄၀) ဦးနှုန်းနှင့် ဘဏ်သို့လာရောက်၍ Mobile Banking ဖွင့်လှစ်သည့် Customer (10)ဦး စုစုပေါင်း customer (၁၀၀)ဦးတို့ အား လက်ဆောင်ပစ္စည်းများကို သတ်မှတ်ထားသည့်အပ်နှံငွေပမာဏအလိုက် မေတ္တာလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။ လက်ဆောင်ပေးရန် သတ်မှတ်ထားသည့် အပ်နှံငွေပမာဏများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ထို့အပြင် ကနဦးအပ်နှံသူ New and existing Customer (၅၀) ဦးအား သတ်မှတ်ထားသော ဘဏ်ခွဲများတွင် ‘Lunar New Year လက်ဆောင်များ’ ပေးအပ်သွားမည်ဖြစ်ပါသည်။
| သတ်မှတ်အပ်နှံငွေပမာဏ (New saving deposit) | မေတ္တာလက်ဆောင်များ |
| ကျပ်သိန်း (၁၀၀) အောက် | Notebook+Recycle bag +Pen |
| ကျပ်သိန်း (၁၀၀) မှ (၅၀၀) အထိ | Mini Jute Bag |
| ကျပ်သိန်း (၅၀၀) မှ (၁,၀၀၀) အထိ | Umbrella+Recycle bag |
| ကျပ်သိန်း (၁,၀၀၀) နှင့် အထက် | Jacket + Mini Jute bag |
| သတ်မှတ်အပ်နှံငွေပမာဏ (Existing saving deposit) | မေတ္တာလက်ဆောင်များ |
| ကျပ်သိန်း (၅၀၀) မှ (၁,၀၀၀) အထိ | Umbrella+Recycle bag |
| ကျပ်သိန်း (၁,၀၀၀) နှင့် အထက် | Jacket + Mini Jute bag |
| Mobile Banking Opening at Bank | မေတ္တာလက်ဆောင်များ |
| Note Book + Pen |
၄။ သတ်မှတ်ရွေးချယ်ထားသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တောင်ကြီးမြို့ ကြီးများရှိ အောက်ပါဘဏ်ခွဲများတွင် ယခုCampaignကာလအတွင်း အပိုဒ် (၁) တွင် ဖော်ပြထားသော ငွေစာရင်းအမျိုးအစားများဖြစ်သည့် ငွေစာရင်းအသစ်တစ်ခုခုအားဖွင့်လှစ်ပါက ၎င်း၊ လက်ရှိဖွင့်လစ်ထားသော ငွေစာရင်းတွင်ငွေအပ်နှံပါက၎င်း အပိုဒ် (၃) တွင်ဖော်ပြထားသည့်အတိုင်း မေတ္တာလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။
| လမ်းမတော် (၁) ဘဏ်ခွဲ | လမ်းမတော် (၄)လမ်း ဘဏ်ခွဲ | လမ်းမတော် (၈)လမ်း ဘဏ်ခွဲ | ဗဟိုစည်ဘဏ်ခွဲ | မန္တလေး (၁) ဘဏ်ခွဲ |
| မန္တလေး (၃) ဘဏ်ခွဲ | မန္တလေး (၇) ဘဏ်ခွဲ | မန္တလေး (၂၂) ဘဏ်ခွဲ | တောင်ကြီး (၁) ဘဏ်ခွဲ | တောင်ကြီး (၃) ဘဏ်ခွဲ |
၅။ ဤအစီအစဉ်အရ Customer အနေဖြင့် ရရှိထားသော လက်ဆောင်များကို ကမ္ဘောဇဘဏ် မှ မည်သည့်အခါတွင်မျှ ငွေကြေးဖြင့်လဲလှယ်ပေးမည်မဟုတ်ဘဲ Customerမှလည်း ထိုကဲ့သို့လဲလှယ်ပေးရန် တောင်းဆိုပိုင်ခွင့် မရှိပါ။
၆။ Customer များအနေဖြင့် မိမိရရှိသော လက်ဆောင်များကို မိမိငွေစာရင်းအသစ်ဖွင့်လှစ်ထားသောအပိုဒ် (၄)တွင်ဖော်ပြထားသည့် ဘဏ်ခွဲတွင်သာ ထုတ်ယူရမည်ဖြစ်ပါသည်။ လက်ဆောင်ပစ္စည်းများကိုမထုတ်ယူမှီ အမျိုးအစားနှင့် အရေအတွက်အား သေချာစွာ စစ်ဆေးရန်မှာ Customer ၏တာဝန်သာဖြစ်ပါသည်။ ကမ္ဘောဇဘဏ်မှ မည်သည့်အခါတွင်မျှ လက်ဆောင်ပစ္စည်းများကို ပြန်လည်၍ လဲလှယ်ပေးမည်မဟုတ်ပါ။
၇။ ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် မေတ္တာလက်ဆောင်ပစ္စည်းအရေအတွက်ထက် ကျော်လွန်ပြီး နောက် ငွေစာရင်းအသစ်ဖွင့်လှစ်သည့် Customer များအနေဖြင့် အဆိုပါ မေတ္တာလက်ဆောင်များ ရရှိနိုင်တော့မည်မဟုတ်ကြောင်း သိရှိနားလည်ပါသည်။
၈။ ယခုအစီအစဉ်အတွင်းသာလျှင် သတ်မှတ်ချက်နှင့်ကိုက်ညီသော Customer များအနေဖြင့် မေတ္တာလက်ဆောင်များအား ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်သည်။
၉။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ဤ Campaignတွင် ပါဝင်သည့် Customerများ အား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၀။ ဤCampaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယ ဖြစ်ခြင်း ခံရသည့် မည်သူ့ကို မဆို ကမ္ဘောဇဘဏ်က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၁။ ဤ Campaign ကာလနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
၁၂။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) အစီအစဉ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ် ဆောင်ရွက်နိုင်သည်။
၁၃။ ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် ဆု လက်ဆောင်များအသီးသီးတွင် သတ်မှတ်ပါရှိသော စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၅။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသောအခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်း များအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသား ထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပါယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာ ဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသား ထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။