“ငွေသားဆုတွေကံထူးဖို့ ပြည်ပငွေလွှဲလက်ခံစို့ IR Campaign” ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။               International Remittance ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်သည့် Western Union (WU) ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ ထိုင်းနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့မှ KBZPay Wallet နှင့် ကမ္ဘောဇဘဏ်အကောင့် သို့  ပြည်ပ ငွေလွှဲလက်ခံရရှိသော Customer များအတွက် ငွေသားဆုတွေကံထူးဖို့ ပြည်ပငွေလွှဲလက်ခံစို့ IR Campaign” ကာလကို ​​၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။

၂။               ဤ Campaign ၏ရည်ရွယ်ချက်မှာ   Western Union ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ KBZPay Wallet နှင့် ကမ္ဘောဇဘဏ်အကောင့် တို့မှတစ်ဆင့် ငွေ ငါးသိန်း (၅၀၀,၀၀၀) ကျပ် နှင့် အထက် ပြည်ပမှ ငွေလွှဲလက်ခံရရှိသော Customer များအတွက်   Cash Back များရရှိနိုင်စေရန်ဖြစ်ပါသည်။ Campaign ကာလအတွင်း သတ်မှတ်ထားသော ငွေပမာဏကို အကြိမ်ရေများများ လက်ခံရရှိလေလေ၊ Cash Back ကံထူးနိုင်ခြေ အခွင့်အလမ်း ပိုမိုများပြားလေလေ ဖြစ်ပါ သည်။

၃။               ဤ Campaign ကာလအတွင်း ထိုင်းနိုင်ငံမှ ပြည်ပငွေလွှဲ လက်ခံရရှိသော Customer များအတွက် တစ်(၁)ပတ်လျှင် Winner (၂၁) ဦး နှုန်းဖြင့် ရက်သတ္တပတ် လေး(၄)ပတ် အတွက် စုစုပေါင်း Winner (၈၄) ဦးအပြင် ဂျပန်နိုင်ငံ မှ ပြည်ပငွေလွှဲလက်ခံရရှိသော Customer များအတွက် တစ်(၁)ပတ်လျှင် Winner (၂၁) ဦး နှုန်းဖြင့် ရက်သတ္တပတ် လေး(၄)ပတ် အတွက် စုစုပေါင်း Winner (၈၄) ဦးနှုန်းဖြင့် နှစ်နိုင်ငံ အတွက် တစ်လစာ  စုစုပေါင်း ကံထူးရှင် (၁၆၈) ဦး အား ရွေးချယ်သွား၍ Cash Back များပေးအပ်သွားမည်ဖြစ်ပါသည်။

၄။               ဤ Campaign ကာလအတွင်း ပထမ ရက်သတ္တပတ်အတွက် ကံထူးရှင် များကို ဧပြီလ (၈) ရက်နေ့တွင် လည်းကောင်း၊ ဒုတိယ ရက်သတ္တပတ်အတွက် ကံထူးရှင်များကို ဧပြီလ (၁၅) ရက်နေ့တွင်လည်းကောင်း၊ တတိယ ရက်သတ္တပတ်အတွက် ကံထူးရှင်များကို ဧပြီလ (၂၂) ရက်နေ့တွင်လည်းကောင်း၊ နောက်ဆုံး ရက်သတ္တပတ်အတွက် ကံထူးရှင်များကို မေလ (၁) ရက်နေ့တွင်လည်းကောင်း၊ အသီးသီး ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များအား ‌ရွေးချယ်ပြီးနောက် ရုံးဖွင့်ရက် တစ်(၁)ပတ်အတွင်းကြေညာပေးသွားမည်ဖြစ်သည်။

၅။               ယခု Campaignတွင် KBZPay Level 2 အသုံးပြုသူများသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။

၆။               ဤ Campaign တွင် အပတ်စဥ် ပေးအပ်မည့် Cash Back  ဆုလက်ဆောင်များ၊ ဆုအရေအတွက်များ၊ ရွေးချယ် မည့်ရက်စွဲ နှင့်  နိုင်ငံအလိုက် ရွေးချယ်မည့် Winner အရေအတွက်များ မှာအောက်ပါ အတိုင်းဖြစ်ပါသည်။

အပတ်စဥ် နှစ်နိုင်ငံစာ ပေးအပ်မည့် Cash Back ဆုလက်ဆောင်များနှင့် ဆုအရေအတွက်များ

Cash Back Prize (MMK)Winners အရေအတွက်Total per week (MMK)
သုံးသောင်း (၃၀,၀၀၀)ကျပ်၂၀ခြောက်သိန်း (၆၀၀,၀၀၀) ကျပ်
ငါးသောင်း (၅၀,၀၀၀) ကျပ်၁၄ခုနှစ် သိန်း (၇၀၀,၀၀၀) ကျပ်
တစ်သိန်း (၁၀၀,၀၀၀) ကျပ်ခြောက်သိန်း (၆၀၀,၀၀၀) ကျပ်
သုံးသိန်း (၃၀၀,၀၀၀) ကျပ်ခြောက်သိန်း (၆၀၀,၀၀၀) ကျပ်
စုစုပေါင်း(၄၂) ယောက်နှစ်ဆယ့်ငါးသိန်း (၂,၅၀၀,၀၀၀) ကျပ်

အပတ်စဥ် နှစ်နိုင်ငံစာ ရွေးချယ်မည့် Winner အရေအတွက် နှင့်ရွေးချယ်မည့်ရက်စွဲ

Campaign ကာလWinner ရွေးချယ်မည့် နေ့ရက်ထိုင်းနိုင်ငံအတွက်Winner အရေအတွက်ဂျပန်နိုင်ငံအတွက် Winner အရေအတွက်Winners စုစုပေါင်း
ပထမရက်သတ္တပတ် (ဧပြီ ၁ရက်နေ့ မှ ၇ရက်အထိ)၂၀၂၆ ခုနှစ်၊ ဧပြီ (၈) ရက်နေ့၂၁၂၁၄၂
ဒုတိယ ရက်သတ္တပတ် (ဧပြီ ၈ရက်နေ့ မှ ၁၄ရက်အထိ)၂၀၂၆ ခုနှစ်၊ ဧပြီ (၁၅) ရက်နေ့၂၁၂၁၄၂
တတိယ ရက်သတ္တပတ် (ဧပြီ ၁၅ရက်နေ့ မှ ၂၁ရက်အထိ)၂၀၂၆ ခုနှစ်၊ ဧပြီ (၂၂) ရက်နေ့၂၁၂၁၄၂
နောက်ဆုံး ရက်သတ္တပတ် (ဧပြီ ၂၂ရက်နေ့ မှ ၃၀ရက်အထိ)၂၀၂၆ ခုနှစ်၊ မေ (၁) ရက်နေ့၂၁၂၁၄၂
စုစုပေါင်း(၈၄) ယောက်(၈၄) ယောက်(၁၆၈) ယောက်

၇။               ဤအစီအစဥ် တွင် Cash Back ဆုလက်ဆောင်ရရှိသည့်  Customer များအား ကြေညာပြီး  ရုံးဖွင့်ရက် တစ်ပတ်အတွင်း ၎င်းတို့ ပြည်ပငွေလွှဲ လက်ခံရရှိခဲ့သည့်  KBZPay wallet (သို့မဟုတ်) ကမ္ဘောဇဘဏ်အကောင့် များထဲသို့ Cash Back များအား တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။  Cash Back များအား ထည့်သွင်းပေးမည့် အချိန်သည် ကမ္ဘောဇဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၈။               ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤCampaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၉။               ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP၊ PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၀။             ဤCampaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။             ဤအစီအစဥ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ Customer နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။             ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်/သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaignနှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေများပေါ် မူတည်၍ ပြောင်းလဲဆောင်ရွက်နိုင်သည်။

၁၃။             ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။             ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့်လည်း အကျုံးဝင် စေရမည်။

၁၅။             ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။             ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်း အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၇။             ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသား ထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။