လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များ
၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ (အင်္ဂါနေ့)သည် ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ချက်လက်မှတ်ဖြင့် ဘဏ်အချင်းချင်း စာရင်းရှင်းလင်းခြင်း (Clearing) ကိစ္စရပ်များကို နေ့လည် (၁၂) နာရီ နောက်ဆုံးထား၍ ဘဏ်ခွဲများတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ နေ့လည် (၁၂) နာရီထက် ကျော်လွန်၍ လာရောက်ရှင်းလင်းသော ချက်လက်မှတ်များအား ဧပြီလ (၂) ရက်နေ့မှသာ ပြန်လည်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။
ကျေးဇူးတင်ရှိပါသည်။