ငွေစာရင်းအကောင့် အသစ် Lucky Draw အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ ကမ္ဘောဇဘဏ်​၏ ငွေစာရင်းအကောင့် အသစ် Lucky Draw Campaign ကာလ သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ထိဖြစ်ပါသည်။

၂။ ကမ္ဘောဇဘဏ်​၏ ငွေစာရင်းအကောင့် အသစ် Lucky Draw Campaign ​၏ ရည်ရွယ်ချက်မှာ ကံစမ်းမဲ ကာလအတွင်း ငွေစာရင်းအကောင့် အသစ်ဖွင့်သည့် Customer များအတွက် ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။

၃။ ငွေစာရင်းအကောင့်အသစ် (ခေါ်ယူအပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း) တစ်ဦးချင်းအကောင့် ဖွင့်ပါက Lucky Draw စာရင်းဝင်ရန် အကောင့်တစ်ကောင့်လျှင် ကံစမ်းခွင့်လက်မှတ် ၁စောင်ရရှိမည်ဖြစ်ပါသည်။

ငွေစာရင်းအကောင့်အသစ်( ခေါ်ယူအပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း) Business  ငွေစာရင်းအကောင့်အသစ် ဖွင့်ပါက Lucky Draw  စာရင်းဝင်ရန် အကောင့်တစ်ကောင့်လျှင် ကံစမ်းခွင့်လက်မှတ် ၃စောင်ရရှိမည်ဖြစ်ပါသည်။

၄။ အပတ်စဉ် Lucky Draw Winner တစ်ဦးအား သောကြာနေ့ တွင် အသိပေးအကြောင်းကြား သွားမှာဖြစ်ပြီးSMS မှ တဆင့် အနိုင်ရရှိကြောင်း ပေးပို့ပေးသွားမည်ဖြစ်ပါသည်။ ကံထူးသူအား ကြေညာပြီးပါက ရရှိမည့် ဆုကြေးငွေများကို ၇ရက်မှ ၁၀ ရက်အတွင်း winner ၏ လက်ရှိ အကောင့် (ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း) ထဲသို့ ဖြည့်သွင်းပေးမည်ဖြစ်ပါသည်။ ဆုကြေးငွေထည့်သွင်းပေးမည့် အလုပ်လုပ်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်အတွင်း ကျရောက်ပါက သို့မဟုတ် ဘဏ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားသောကိစ္စရပ်များရှိပါက ပြောင်းလဲမှုရှိနိုင်ပါသည်။   

၅။ ငွေစာရင်းအကောင့်အသစ်​၏ ဆုလက်ဆောင် အစီအစဉ်များအဖြစ်  အောက်ပါအတိုင်း မြင်တွေ့ရမည် ဖြစ်ပါသည်။
■ Lucky Draw ကာလ​အတွင်း Winner တစ်ဦး အတွက် တစ်ပတ်လျှင် ၁,၀၀၀,၀၀၀ ကျပ် 
■ အနိုင်ရရှိနိုင်သော စုစုပေါင်း ပမာဏသည် ၆,၀၀၀,၀၀၀ ကျပ် ဖြစ်ပါသည်။ (တစ်ပတ်လျှင် ၁,၀၀၀,၀၀၀ သိန်းကျပ် ) 

၆။ Customer တစ်ဦးအနေဖြင့် ကံစမ်းမဲကာလအတွင်း တစ်ကြိမ်သာ အနိုင်ရရှိခွင့် ရှိပါသည်။

၇။ ယခု ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ရန် Customers များသည် စက်တင်ဘာလ ၁ရက်နေ့မှ အောက်တိုဘာလ ၁၄ရက်နေ့အတွင်း ငွေစာရင်းအကောင့်အသစ်ဖွင့်ရမည် ဖြစ်ပြီး ယခုကာလအတွင်း အကောင့်အတွင်းကျန်ရှိရမည့် အနည်းဆုံး လက်ကျန်ငွေများကို သိမ်းထားရပါမည်။

၈။ ဆုငွေ သည် customer ၏ လက်ရှိ  ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း ထဲသို့ထည့်သွင်းပေးသွားမည်ဖြစ်ပါ၍  ကံထူးသူသည် လက်ရှိတွင်  ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း အကောင့်မရှိပါက နီးစပ်ရာဘဏ်ခွဲတွင်  ထိုအကောင့်တစ်ခုခုအား ကံထူးကြောင်းကြေညာပြီးနေ့ရက်မှ တစ်ပတ်အတွင်း သွားရောက်ဖွင့်လှစ်ရပါမည်။

၉။ ကံထူးကြောင်းကြေညာပြီးနေ့ရက်မှ တစ်ပတ်အတွင်း ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိသောကံထူးသူ အနေဖြင့် ကံစမ်းမဲဆုငွေအား ရရှိပိုင်ဆိုင်ခွင့်ရှိနိုင်တော့မည်မဟုတ်ပါ။

၁၀။  ကမ္ဘောဇဘဏ်​ နှင့် ဘဏ်၏ ဝန်ထမ်းများသည် ယခု ကံစမ်းမဲအစီအစဉ်တွင်ပါဝင်သူ Customer များကို OTP, PIN ဒါမှမဟုတ် အကောင့်နှင့်သက်ဆိုင်သော မည်သည့် အချက်အလက်များကိုမှ ဆက်သွယ်တောင်းခံ မည် မဟုတ်ပါ။

၁၁။ ယခု ငွေစာရင်းအကောင့် အသစ်၏ Lucky Draw Campaign ကာလအတွင်း ကမ္ဘောဇဘဏ်Customers များ ​၏ အချက်အလက် များကို လိမ်ညာခြင်းမပြုနိုင်ရန်အတွက် တင်းကျပ်စွာ တားမြစ်ထားပါသည်။ Customerများ ​၏ အချက်အလက်များကို လိမ်ညာသည်ဟု သံသယ ရှိသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် မှ လိုအပ်သလိုအရေးယူပိုင်ခွင့်ရှိသည်။

၁၂။ ကမ္ဘောဇဘဏ်Customer များနှင့် ကမ္ဘောဇဘဏ်တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၃။  တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၄။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေ များနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။