အပတ်စဉ် ၁၀သိန်းကျပ် ကံထူးခွင့်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ 

ကမ္ဘောဇဘဏ်မှ (၁.၉.၂၀၂၁) ရက်နေ့မှ  (၁၄.၁၀.၂၀၂၁) ရက်နေ့အတွင်း ငွေစာရင်းအကောင့်အသစ်များဖြစ်သော ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း တို့အားဖွင့်လှစ်မည့် customer အတွက် ကံစမ်းမဲအစီအစဉ်အား မိတ်ဆက်ပေးလိုက်ပါသည်။

ငွေစာရင်းအကောင့်အသစ်(တစ်ဦးချင်းအကောင့်) ဖွင့်သည့် customer များအနေဖြင့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန် အကောင့်ဖွင့်သည့် ရက်သတ္တပတ်အတွက် ကံစမ်းမဲလက်မှတ် (၁) စောင် ရရှိမည်ဖြစ်ပါသည်။ 

ငွေစာရင်းအကောင့်အသစ်(စီးပွါးရေးအကောင့်) ဖွင့်သည့် customer များအနေဖြင့် ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်နိုင်ရန် အကောင့်ဖွင့်သည့် ရက်သတ္တပတ်အတွက် ကံစမ်းမဲလက်မှတ် (၃) စောင်ရရှိမှာဖြစ်ပါသည်။

ကံထူးရှင်အား (၁၀.၉.၂၀၂၁) ရက်နေ့မှ (၁၅.၁၀.၂၀၂၁) ရက်နေ့အထိ အပတ်စဉ်သောကြာနေ့တိုင်း ကြေညာပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်သည် ၁၀သိန်းကျပ် ရရှိမည်ဖြစ်ပြီး ကံထူးရှင်၏ ငွေစာရင်းအကောင့်သို့ တိုက်ရိုက်ထည့်သွင်းပေးသွားမှာ ဖြစ်ပါသည်။

ကံစမ်းမဲအစီအစဉ်အကြောင်း အသေးစိတ်သိရှိလိုပါက ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။