မိတ်ဆွေတစ်ယောက်ကို ညွှန်းပေးပြီး ဆုငွေတွေရယူလိုက်ပါ အစီအစဉ်၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။ ကမ္ဘောဇဘဏ်​၏ ငွေစာရင်းအကောင့်အသစ် Referral Campaign ကာလ သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ထိဖြစ်ပါသည်။

၂။ ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့်အသစ် Referral Campaign  ၏ ရည်ရွယ်ချက်မှာ ယခု Campaign ကာလအတွင်း မိတ်ဆွေများ၊ ဆွေမျိုးများနှင့် လက်လှမ်းမီသည့် သူများအား ငွေစာရင်းအကောင့်အသစ်(စီးပွါးရေးလုပ်ငန်းအကောင့်) ဖွင့်ရန် ညွှန်းပေးသည့် လက်ရှိ ငွေစာရင်းအကောင့်အသစ် customer များအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် ပြုလုပ်သည့်အစီအစဉ်ဖြစ်ပါသည်။  

၃။ Campaign ကာလအတွင်း  ကမ္ဘောဇဘဏ်၏ ငွေစာရင်း အကောင့်အသစ် (စီးပွါးရေးလုပ်ငန်းအကောင့်) အား ဖွင့်လှစ်ရန် customer အသစ်သို့ ညွှန်းပေးသည့် လက်ရှိ ငွေစာရင်းအကောင့်အသစ် (ယခင် Operating Account အမည်ရှိ) customer များ၏ လက်ရှိအကောင့် ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း ထဲသို့  ဆုငွေအား တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

၄။ ယခု Campaign ကာလအတွင်း Business ငွေစာရင်းအကောင့်အသစ်  (စီးပွားရေးလုပ်ငန်းအကောင့်) အောင်မြင်စွာဖွင့်လှစ်ပြီးပါက ထို customer အသစ်အားဖွင့်ရန် ညွှန်ပေးသည့် လက်ရှိ ငွေစာရင်းအကောင့် customer မှ ၎င်းတို့ညွှန်ထားသော အကောင့်အသစ်တခုချင်းစီအတွက် Referral fee အနေဖြင့် ၁၀,၀၀၀ ကျပ် ရရှိမည်ဖြစ်ပါသည်။ 

၅။ Referral များ ကိုဖြည့်သွင်းရန် ဘဏ်ခွဲများတွင် ငွေစာရင်းအကောင့်အသစ်(စီးပွါးရေးလုပ်ငန်းအကောင့်) ဖွင့်လှစ်သော customer အသစ်များက ၎င်းတို့အား ဖွင့်လှစ်ရန် ညွှန်းပေးခဲ့သော လက်ရှိ ငွေစာရင်းအကောင့်အသစ် Customer  များ​၏ အမည် နှင့် ဖုန်းနံပါတ်များကို  Form တခုထဲတွင် ထည့်သွင်းရေးသားရမည်ဖြစ်သည်။

၆။ Referral Fee များ ကိုဖြည့်မသွင်းပေးမီ ငွေစာရင်းအ​ကောင့်အသစ်ဖွင့်ထားသော customer များ ဖော်ပြထားသော အချက်အလက်များ တိကျသေချာစေရန် ကမ္ဘောဇဘဏ် မှ စစ်ဆေးလိမ့်မည် ဖြစ်ပါသည်။

၇။ Referral Fee ကို  ညွှန်းပေးသည့် customer ၏ လက်ရှိ အကောင့် ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း ထဲသို့ ထည့်သွင်းရာတွင် အလုပ်လုပ်ရက် ၇ ရက်မှ ၁၀ ရက်အထိကြာနိုင်မည်ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်မှု၍မရနိုင်သော အခြေအနေမျိုးတွင် Referral Fee ထည့်သွင်းပေးမည့်ကာလသည် အပြောင်းအလဲရှိနိုင်ပါသည်။

၈။ ယခု Campaign တွင်ပါဝင်နိုင်ရန် စက်တင်ဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့ အတွင်း  customer များ အနေဖြင့် ငွေစာရင်းအကောင့်သစ်တစ်ခုစီ ဖွင့်လှစ်ထားရမည်ဖြစ်ပြီး ၎င်းတို့ညွှန်းသော customer အသစ်မှလည်း ငွေစာရင်းအကောင့်အသစ် စီးပွါးရေးလုပ်ငန်းအကောင့်အား အောင်မြင်စွာ ဖွင့်လှစ်ထားရမည်ဖြစ်ပါသည်။ ထို customer နှစ်ဦးစလုံးသည် ၎င်းတို့၏ငွေစာရင်းအကောင့်အသစ်တွင် လိုအပ်သော အနည်းဆုံးလက်ကျန်ငွေ ကျန်ရှိရမည်ဖြစ်သည်။

၉။ Referral Fee သည် customer ၏ လက်ရှိ  ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း ထဲသို့ထည့်သွင်းပေးသွားမည်ဖြစ်ပါ၍  ညွှန်းပေးသည့် customer သည် လက်ရှိတွင်  ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း အကောင့်မရှိပါက နီးစပ်ရာဘဏ်ခွဲတွင်  ထိုအကောင့်တစ်ခုခုအား တစ်ပတ်အတွင်း သွားရောက်ဖွင့်လှစ်ရပါမည်။ Referral Fee အားလက်ခံရန်အတွက် ညွှန်းပေးသည့် customer သည် လက်ရှိတွင်  ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာ ရင်း ရှိရမည်ဖြစ်သည်။ထို အကောင့် ဖွင့်လှစ်ရာတွင်အသုံးပြုသည့် ဖုန်းနံပါတ်သည် ညွှန်းပေးသည့်အချိန်က customer အသုံးပြုသည့် ဖုန်းနံပါတ်နှင့်တူညီရမည်ဖြစ်သည်။

၁၀။ကမ္ဘောဇဘဏ်မှ referrer အဖြစ်အတည်ပြုပြီးနေ့ရက်မှ တစ်ပတ်အတွင်း ငွေစုဘဏ်အပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိသော customer အနေဖြင့် Referral Fee အား ရရှိပိုင်ဆိုင်ခွင့်ရှိနိုင်တော့မည်မဟုတ်ပါ။

၁၁။  ကမ္ဘောဇဘဏ်​ နှင့် ဘဏ်၏ ဝန်ထမ်းများသည် ယခုအစီအစဉ်တွင်ပါဝင်သူ Customer များကို OTP, PIN သို့မဟုတ် အကောင့်နှင့်သက်ဆိုင်သော မည်သည့် အချက်အလက်များကိုမှ ဆက်သွယ်တောင်းခံမည် မဟုတ်ပါ။

၁၂။ ယခု ငွေစာရင်းအကောင့် ​၏ Referral Campaign ကာလအတွင်း ကမ္ဘောဇဘဏ်​၏ customers များ၏ အချက်အလက်များကို လိမ်ညာခြင်းမပြုနိုင်ရန်အတွက် တင်းကျပ်စွာ တားမြစ်ထားပါသည်။ Customer များ​၏ အချက်အလက်များကို လိမ်ညာသည်ဟု သံသယရှိသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် မှ လိုအပ်သလိုအရေးယူပိုင်ခွင့်ရှိသည်။

၁၃။ ကမ္ဘောဇဘဏ် customer များနှင့် ကမ္ဘောဇဘဏ်တို့အကြား ပေါ်ပေါက်သည့် မည်သည့် အငြင်းပွားမှုမဆို ရှိခဲ့လျှင် ကမ္ဘောဇဘဏ်၏ တစ်ခုတည်းသော အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်ပါသည်။

၁၄။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၅။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၆။ကမ္ဘောဇဘဏ်ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။  ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ၊ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။