ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ချိတ်ဆက်လိုက်သော ပြည်ပငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်သည့် Ria Money Transfer

ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ချိတ်ဆက်လိုက်သော ပြည်ပငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်သည့် Ria Money Transfer သည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများ၏ လခငွေများကို မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ အကျိုးအမြတ်ခံစားခွင့်ရှိသူ/ မိသားစုဝင်များ၏ KBZ Bank အကောင့်သို့ ကမ္ဘာတစ်ဝှမ်းလုံးမှ အချိန်နှင့်တပြေးညီ တိုက်ရိုက်လွယ်ကူ လျင်မြန်စွာ ပေးပို့နိုင်သော ငွေလွှဲ ၀န်ဆောင်မှုလုပ်ငန်း တစ်မျိုး ဖြစ်ပါသည်။

ငွေလွှဲလက်ခံမည့်သူအနေဖြင့် KBZ Bank တွင် ဘဏ်အကောင့်ဖွင့် ထားရန်လိုအပ်ပြီး ငွေလွှဲမည့်သူအား မိမိ၏ ကမ္ဘောဇဘဏ်အကောင့်အသေးစိတ် အချက်အလက်များကို ပို့ပေးပြီး  Ria ၏ပြည်ပဘဏ်လုပ်ငန်းမိတ်ဖက်များထံမှ ငွေလွှဲပေးရန် တောင်းခံနိုင်ပါသည်။ ထို့နောက် မိမိ၏ ကမ္ဘောဇဘဏ်အကောင့်သို့ ငွေလွှဲတိုက်ရိုက်လက်ခံ ရရှိမည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို ဤနေရာတွင်  ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။