စက်တင်ဘာလအတွင်း ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် အခမဲ့ငွေလွှဲနိုင်ခြင်းး

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် i/mBanking အသုံးပြုသူ customer များ 

ကမ္ဘောဇဘဏ် i/mBanking အသုံးပြုသူ customer များအနေဖြင့် စက်တင်ဘာလအတွင်း KBZ mBanking နှင့် iBanking တို့မှတဆင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်းအတွက် မြန်မာကျပ်ငွေ နှင့် အမေရိကန်ဒေါ်လာများကို မည်သည့် ငွေလွှဲပမာဏမဆို ငွေလွှဲခ “အခမဲ့” ဖြင့် လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ 

mBanking နှင့် iBanking တို့မှတဆင့် အသုံးပြုနိုင်သော ငွေလွှဲဝန်ဆောင်မှုများမှာ  Fast Transfer၊ Transfer Other (KBZ-KBZ) နှင့် Multiple Internal Account Transfer  တို့ဖြစ်ပါသည်။ ထို့အပြင် ဘေလ်​ပေး​ဆောင်ခြင်း နှင့် အ​ကောင့်​လက်ကျန်ငွေစစ်​ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွား​​ရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်​ဆောင်နိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။