ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့်အသစ်

ကမ္ဘောဇဘဏ်မှ မိတ်ဆက်လိုက်သည့် မြင့်မားသောအတိုးနှုန်းများနှင့် မိမိ၏ငွေသားကို အလွယ်တကူ စီမံခန့်ခွဲနိုင်မည့် ငွေစာရင်းအကောင့်အသစ်များ(ယခင် Operating Account အမည်ရှိ ) အကြောင်းကို နီးစပ်ရာဘဏ်ခွဲတွင် ယနေ့ပဲ စုံစမ်းနိုင်ပါပြီ။

ငွေစာရင်းအကောင့်သစ်ကို အတိုးနှုန်း ၆% ရရှိနိုင်တဲ့ ခေါ်ယူအပ်ငွေစာရင်းအဖြစ်လည်းကောင်း၊ စာရင်းရှင်အပ်ငွေစာရင်းအဖြစ်လည်းကောင်း တစ်နိုင်ငံလုံးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲတိုင်းမှာ စာရင်းသစ်ဖွင့်လှစ်သွားနိုင်မှာဖြစ်ပါတယ်။ ၎င်းအပြင် ရက် (၉၀) အထူးစာရင်းသေအပ်ငွေစာရင်းအဖြစ်လည်း ဖွင့်လှစ်နိုင်ပြီး အပ်နှံသည့်ငွေပမာဏရဲ့ ၈% အထိ အတိုးရရှိနိုင်မှာဖြစ်ပါတယ်။  

ငွေစာရင်းအကောင့်အသစ်၏ အထူးအစီအစဉ်များကိုလည်း မကြာမီ မိတ်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နေကြဖို့ သတင်းကောင်းပါးအပ်ပါသည်။

ငွေစာရင်းအကောင့် အသစ်အကြောင်းပိုမိုသိရှိလိုပါက ဤလင်ခ့် တွင်ဝင်ရောက်ကြည့်ရှုပါ။
https://www.kbzbank.com/mm/စာရင်းများ/operating-account-mm/