ကမ္ဘောဇဘဏ်ခွဲများကို အများပြည်သူအလုပ်ပိတ်ရက်များအတွင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဩဂုတ်လ ၁၆  ရက်နေ့မှ ၂၀ ရက်နေ့သည် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ပါသောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ 

ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZPay နှင့် KBZ iBanking/mBanking များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။