Corporate Business Card အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

MPU Corporate Business Debit Card သည် Company Account ဖြင့် ချိတ်ဆက်၍အသုံးပြုရသော ကတ်အမျိုးအစားဖြစ်ပါသည်။ Company Account ၏ CIF   ဖြင့် Sub Account ထပ်မံဖွင့်ပြီး ဆင့်ပွားကတ်များဖြင့် အသုံးပြု၍ရသော ကတ်အမျိုးအစားဖြစ်ပါသည်။

MPU Corporate Business Debit Card ကို ATM, POS, Ecommerce တို့တွင် အသုံးပြု၍ရပါသည်။

MPU Corporate Business Debit Card လာရောက်လျှောက်ထားလျှင် လိုအပ်သောအချက်အလက်များ –

         (1) Original NRC OR Passport

         (2) Company Registration

         (3) BODs & Shareholder List

         (4) BOD Resolution တို့လိုအပ်ပါသည်။

Company Account ဖြင့်ချိတ်ဆက်၍ ကတ်လာရောက်ထားခြင်းအတွက် BODs Resolution တွင် ကိုယ်စားကတ်ကိုင်ဆောင်မည့် Card Holder အတွက် BODs List တွင်ပါသည့် အနည်းဆုံး အဖွဲ့ဝင် Director (50%) ၏ ခွင့်ပြုထောက်ခံခြင်း လက်မှတ်များ နှင့် Company စည်းတုံး ပါရှိရမည် ဖြစ်ပါသည်။

MPU Corporate Business Card ကိုင်ဆောင်ခြင်းနှင့်ပတ်သတ်၍ အကြောင်းတစုံတရာဖြစ်ပေါ်ပါက Company (သို့မဟုတ်) ကတ်ကိုင်ဆောင်သူ၏ တာဝန်သာ ဖြစ်ပါသည်။

Company Account ဖြင့်ချိတ်ဆက်ထားသော MPU Corporate Business Card ကိုယ်စားကိုင်ဆောင်သူ အပြောင်းအလဲရှိပါက Company ဘက်မှ Working Days (၁၀) ရက် မတိုင်ခင် ဘဏ်ခွဲအား ကြိုတင်အကြောင်းကြားပေးရပါမည်။

MPU Corporate Business Card လျှောက်ထားလျှင် Card Registration Fee (3,000) ကျပ် ကောက်ခံပါသည်။

MPU Corporate Business Card ကတ် ပျက်စီး/ပျောက်ဆုံး/သက်တမ်းကုန်ဆုံးခြင်းများအတွက် ပြန်လည်လျှောက်ထားလျှင် Card Replacement/ Renewal Fees  (3,000) ကျပ် ဖြင့်ပြန်လည်လျှောက်ထားနိုင်ပါသည်။

MPU Corporate Business Debit Card သည် ATM စက်၌ Pin Number ယူရန် လိုအပ်ပါသည်။

MPU Corporate Business Debit Card သည် သတ်မှတ်ထားသော Government Website များတွင် Ecommerce မှတဆင့် အခွန်ခများပေးဆောင်ခြင်း ATM တွင်ငွေသားထုတ်ယူနိုင်ခြင်းနှင့် POS စက်များတွင် ဈေးဝယ်ယူခြင်းများအတွက် အသုံးပြု၍ရပါသည်။

သက်ဆိုင်ရာ Government Website များတွင် Tax ခများပေးဆောင်ရန်အတွက် MPU Corporate Business Debit Card ဖြင့် (1) ရက်လျှင် 5 Million အထိအသုံးပြု နိုင်ပါသည်။

MPU Corporate Business Debit Card ဖြင့် Tax ခများပေးဆောင်ရန်အတွက် Ecommerce လျှောက်ထားရန်လိုအပ်ပါသည်။ Card Holder မှ ကတ်ရရှိသည်နှင့် တပြိုင်နက် ဘဏ်ခွဲတွင် Ecommerce ([email protected])သို့ လျှောက်ထားရမည်ဖြစ်ပါသည်။