Coporate Tax Debit Card အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

Corporate Tax Debit Card သည် Company Account ဖြင့်ချိတ်ဆက်၍ Ecommerce ဖြင့် သက်ဆိုင်ရာ Government Related Payment များနှင့် Tax ပေးဆောင်ခြင်းလုပ်ငန်းစဉ်များအတွက်  အသုံးပြု၍ရသော ကတ်အမျိုးအစားဖြစ်ပါသည်။

Corporate Tax card သည် Company Current Account အကောင့်ဖြင့်ချိတ်ဆက်၍ ဖွင့်ပေးရသော ကတ်အမျိုးအစားဖြစ်ပါသည်။

Corporate Tax Debit Card လာရောက်လျှောက်ထားလျှင် လိုအပ်သောအချက်အလက်များ –

         (1) Original NRC OR Passport

         (2) Company Registration

         (3) BODs & Shareholder List

         (4) BOD Resolution တို့လိုအပ်ပါသည်။

     

Company Account ဖြင့်ချိတ်ဆက်၍ ကတ်လာရောက်ထားခြင်းအတွက် BODs Resolution တွင် ကိုယ်စားကတ်ကိုင်ဆောင်မည့် Card Holder အတွက် BODs List တွင်ပါသည့် အနည်းဆုံး အဖွဲ့ဝင် Director (50%) ၏ ခွင့်ပြုထောက်ခံခြင်းလက်မှတ်များ နှင့် Company စည်းတုံး ပါရှိရမည် ဖြစ်ပါသည်။

MPU Corporate Tax Card ကိုင်ဆောင်ခြင်းနှင့်ပတ်သတ်၍ အကြောင်းတစုံတရာဖြစ်ပေါ်ပါက Company (သို့မဟုတ်) ကတ်ကိုင်ဆောင်သူ၏ တာဝန်သာဖြစ်ပါသည်။

Company Account ဖြင့်ချိတ်ဆက်ထားသော MPU Corporate Tax Debit Card ကိုယ်စားကိုင်ဆောင်သူ အပြောင်းအလဲရှိပါက Company ဘက်မှ working days (၁၀) ရက် မတိုင်ခင် ဘဏ်ခွဲအား ကြိုတင်အကြောင်းကြားပေးရပါမည်။

Corporate Tax Debit Card လျှောက်ထားလျှင် Card Registration Fee (3,000) ကျပ် ကောက်ခံပါသည်။

Corporate Tax Debit Card ကတ် ပျက်စီး/ပျောက်ဆုံး/သက်တမ်းကုန်ဆုံးခြင်းများအတွက် ပြန်လည်လျှောက်ထားလျှင် Card Replacement/ Renewal Fees  (3,000) ကျပ် ဖြင့်ပြန်လည်လျှောက်ထားနိုင်ပါသည်။

MPU Corporate Tax Debit Card သည် ATM စက်၌ Pin Number ရယူရန် မလိုအပ်ပါ။

MPU Corporate Tax Debit Card သည် သက်ဆိုင်ရာ Government Website များ၌သာ အခွန်ဆောင် ရန်နှင့် License Fees များ ပေးဆောင်ရန်သာ အသုံးပြုနိုင်သော ကတ်ဖြစ်ပါသည်။

 ATM, POS နှင့် Government Website မဟုတ်သော တခြား Website များတွင် အသုံးပြု၍မရသော ကတ်အမျိုးအစားဖြစ်ပါသည်။

သက်ဆိုင်ရာ Government Website များတွင် Tax ခများပေးဆောင်ရန်အတွက် MPU Corporate Tax Debit Card ဖြင့် (1) ရက်လျှင် 5 Billion အထိ Tax ပေးဆောင် ခြင်းများအတွက် အသုံးပြုနိုင်ပါသည်။

MPU Corporate Tax Debit Card ဖြင့် သက်ဆိုင်ရာ Government Related Payment များနှင့် Tax ပေးဆောင်  ခြင်းလုပ်ငန်းစဉ်များအတွက် Ecommerce လျှောက်ထားရန်လိုအပ်ပါသည်။ Card Holder မှ ကတ်ရရှိသည်နှင့်တပြိုင်နက် ဘဏ်ခွဲတွင် Ecommerce လျှောက်ထားရမည်ဖြစ်ပါသည်။