KBZ Credit Card သက်တမ်းတိုးမယ့်အခါ KBZ Self-service Banking Portal မှာ ကိုယ်တိုင် အလွယ်တကူ ပြုလုပ်ပါ။
KBZ Credit Card ကိုင်ဆောင်သူလူကြီးမင်းများအနေနဲ့ သက်တမ်းတိုးဖို့လိုအပ်တဲ့အခါ အချိန်ထပ်မံပေးစရာမလိုဘဲ ဘဏ်ခွဲများအထိသွားစရာမလိုအပ်ကြောင်း သတင်းကောင်းပေးချင်ပါတယ်။ သက်တမ်းတိုးရမယ့်နေရာကတော့ KBZ Self-service Banking Portal မှတဆင့် Credit Card Renewal Form မှာ မိမိတို့ရဲ့ Card Information နဲ့ အချက်အလက်များကို ဖြည့်စွက်ပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒီလို KBZ Self-service Banking Portal ကနေသက်တမ်းတိုးလိုက်တဲ့အခါ ✦ ယခင်ကလို ဖောင်တွေအများကြီးမှာ ရေးမှတ်ပြီး အဆင့်ဆင့်သက်တမ်းတိုးစရာမလိုဘဲ အွန်လိုင်းကနေ လိုအပ်တဲ့အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီးတင်နိုင်ခြင်း ✦ နီးစပ်ရာဘဏ်များသို့ သွားစရာမလိုဘဲ အွန်လိုင်းမှတဆင့် ၂၄ နာရီ မိမိအားလပ်ရာအချိန်မှာ သက်တမ်းတိုးနိုင်ခြင်း ✦ ကမ္ဘောဇဘဏ်သို့...



