Get Payment Holiday Plan Now

(6) Months

Payment Holiday

၆ လ ချေးငွေ ဆိုင်းငံ့ အစီအစဉ်

ကမ္ဘောဇဘဏ်သည် ကမ္ဘာတစ်ဝှမ်း တွင် ကြုံတွေ့နေရသည့် Covid-19 ကပ်ရောဂါကြောင့် customer များ၏ ငွေကြေးဆိုင်ရာအခက်အခဲများကို ကူညီဖြေရှင်းပေးလိုသည့်အနေဖြင့် အိမ်ရာချေးငွေ အတွက် လစဉ်ပေးဆပ်နေရသည့် ပြန်လည်ပေးဆပ်မှုကာလ (မေလ/ဇွန်လမှ စတင်ပြီး နိုဝင်ဘာလ/ဒီဇင်ဘာလထိ) ၆ လ တိတိ ဆိုင်းငံ့ပေးသွားပါမည်။

ပထမဆုံး ချေးငွေဆိုင်းငံ့ပေးသည့် အစီအစဉ်ကို စတင်ရယူသည့် လ အပေါ်မူတည်၍ ပြန်လည် ရေးဆွဲထားသော လစဉ်ချေးငွေ ပေးဆပ်မှု ဇယားကို နိုဝင်ဘာလတွင်ဖြစ်စေ (သို့) ဒီဇင်ဘာလတွင် ဖြစ်စေ ပြန်လည် စတင်ပါမည်။

ယခုအစီအစဉ်တွင် ပါဝင်နိုင်သူများ

  • အိမ်ရာချေးငွေအတွက် လစဉ်ပေးဆပ်မှုကို ပုံမှန်ပေးဆပ်မှုရှိသော customer များအားလုံး
  • ဧပြီလ ၃၀ ရက်နေ့တွင် ရက် ၃၀ ထက် ကျော်လွန်၍ မပျက်ကွက်သော customer များ

လိုအပ်သည့် စာရွက်စာတမ်းများ

  • မှတ်ပုံတင် (မူရင်း)
  • မှတ်ပုံတင် ( မိတ္တူ)

ချေးငွေဆိုင်းငံ့ပေးသည့် အစီအစဉ်ကို ရယူလိုက်ပါ။

ချေးငွေစောင့်ဆိုင်းသည့် အစီအစဉ် ပုံစံ ကို ဒေါင်းလုပ်ရယူပြီး လိုအပ်သည့် အချက်အလက်များအား ဖြည့်စွက်ကာ လျှောက်ထားသူ ၊ ပူးတွဲ လျှောက်ထားသူ ၊ အာမခံထားသူ များ၏ လက်မှတ်များကို ရယူရပါမည်။ ထို့နောက် ကမ္ဘောဇ အိမ်ရာချေးငွေဌာန၏ ဖုန်းနံပါတ်( သို့ )email မှ တစ်ဆင့် ရက်ချိန်းရယူလိုက်ပါ။

Form – ဖောင်ရယူရန် နှိပ်ပါ

မေးမြန်းစုံစမ်းရန်


ဖုန်းနံပါတ် – ၀၉ ၄၀၉၇၇၆၅၂၇


အီးမေးလ် – secure.paymentholiday@kbzbank.com