Maternal and Child Cash Transfer (MCCT) Program


MCCT ဆိုတာဘာလဲ။

MCCT ဆိုတာ Maternal and Child Cash Transfer “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေး ရေးအစီအစဉ်” ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်တာဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

ဘာကြောင့် ဒီရက် (၁၀၀၀) က အရေးကြီးရတာလဲ။

လူဘဝကာလတစ်လျောက်လုံး ကိုယ်ခန္တာကြီးထွားဖွံ့ဖြိုးဖို့နှင့် ဉာဏ်ရည်ပြည့်ဝထက်မြတ်စေဖို့ ဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှ ကလေးအသက်(၂)နှစ်ပြည့်သည်အထိ ဘဝအစ ရက်ပေါင်း (၁၀၀၀) အတွင်းမှာ မှန်ကန်ပြည့်ဝသော အစာအာဟာရရရှိရေးဟာ အလွန်အရေးကြီးပါတယ်။ ကလေး သူငယ်တစ်ဦးရဲ့ အကြားအာရုံ၊ အမြင်အာရုံ၊ ဘာသာစကားနှင့် သိမြင်မှုဆိုင်ရာ ဦးနှောက် ဖွံ့ဖြိုးမှု ဟာ ဘဝအစကနဦး ရက်ပေါင်း(၁၀၀၀) အတွင်းမှာ အမြင့်မားဆုံးဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ကို အထောက်အကူပြုဖို့ အာဟာရပြည့်ဝစွာစားသုံးရေးဟာ အလွန်အရေးကြီးပါတယ်။

အဓိက ရည်ရွယ်ချက်

လူ့ဘဝအစရက်(၁၀၀၀)အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်ရွယ်ပါသည်။

ထောက်ပံ့မည့် အစီအစဉ်

MCCT အစီအစဉ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ နေထိုင်ကြတဲ့ ကိုယ် ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များ အသက်(၂)နှစ်ပြည့် သည်အထိ လစဉ် ကျပ်(၁၅,၀၀၀) ကို (၃)လတစ်ကြိမ် ထုတ်ပေးသွားမှာဖြစ်ပါတယ်။



အသေးစိတ် အချက်အလက် မေးခွန်းများ


(၁) MCCT ဆိုတာဘာလဲ။

MCCT ဆိုတာ Maternal and Child Cash Transfer “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေး ရေးအစီအစဉ်” ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်တာဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

(၂) First 1000 days of human life ဆိုတာဘာလဲ။ ဘာကြောင့် အရေးကြီးတာလဲ။

လူဘဝကာလတစ်လျောက်လုံး ကိုယ်ခန္တာကြီးထွားဖွံ့ဖြိုးဖို့နှင့် ဉာဏ်ရည်ပြည့်ဝထက်မြတ်စေဖို့ ဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှ ကလေးအသက်(၂)နှစ်ပြည့်သည်အထိ ဘဝအစ ရက်ပေါင်း (၁၀၀၀) အတွင်းမှာ မှန်ကန်ပြည့်ဝသော အစာအာဟာရရရှိရေးဟာ အလွန်အရေးကြီးပါတယ်။ ကလေး သူငယ်တစ်ဦးရဲ့ အကြားအာရုံ၊ အမြင်အာရုံ၊ ဘာသာစကားနှင့် သိမြင်မှုဆိုင်ရာ ဦးနှောက် ဖွံ့ဖြိုးမှု ဟာ ဘဝအစကနဦး ရက်ပေါင်း(၁၀၀၀) အတွင်းမှာ အမြင့်မားဆုံးဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ကို အထောက်အကူပြုဖို့ အာဟာရပြည့်ဝစွာစားသုံးရေးဟာ အလွန်အရေးကြီးပါတယ်။

(၃) MCCT Program မှထောက်ပံသော ထောက်ပံ့ကြေးငွေကို ဘယ်သူတွေ လျှောက်ထားနိုင်မလဲ။ ဘယ်သူတွေအတွက်ပေးတာလဲ။

MCCT အစီအစဉ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ နေထိုင်ကြတဲ့ ကိုယ် ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များ အသက်(၂)နှစ်ပြည့် သည်အထိ လစဉ် ကျပ်(၁၅,၀၀၀) ကို (၃)လတစ်ကြိမ် ထုတ်ပေးသွားမှာဖြစ်ပါတယ်။

() KBZ Bank နှင့် KBZPay က MCCT Program မှာ မည်သည့် အခန်းကဏ္တမှ ပါဝင်သနည်း။

KBZ Bank နှင့် KBZPay အနေဖြင့် ကြီးမားကျယ်ပြန့်လှတဲ့ ကိုယ်စားလှယ်ကွန်ရက်ကနေတဆင့် ရှမ်းပြည်နယ်အတွင်းက ရာပေါင်းထောင်ပေါင်းများစွာသော MCCT အကျိုးခံစားခွင့်ရမယ့်သူတွေရဲ့ ထောက်ပံ့ကြေးငွေတွေကို လုံခြုံမှုအပြည့်ဖြင့် ဒီဂျစ်တယ်နည်းပညာကို အသုံးပြုကာ လွှဲပြောင်းပေးအပ်မည့်ကဏ္တမှ ပါ၀င်သွားပါမည်။

၅) ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT) မှ  ထောက်ပံ့ကြေးငွေရရှိကြောင်း မည်သို့သိရှိနိုင်မည်နည်း။ 

လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်သော ထောက်ပံ့ကြေးရရှိသူများအား ကမ္လောဇဘဏ်မှ message ပေးပို့ဆက်သွယ်သွားပါမည်။

(၆) ခံစားခွင့်ရှိသူတွေက ထောက်ပံကြေးငွေကို မည်သို့လက်ခံရရှိနိုင်မည်နည်း။

ထောက်ပံကြေးငွေ ရရှိသူသည် KBZPay အသုံးပြုသူဖြစ်ပါက ထိုသူ၏ KBZPay ewallet အကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်ပါသည်။ 

KBZPay အသုံးပြုခြင်းမရှိသေးပါက ထောက်ပံကြေးငွေ ရရှိသူ၏ ဖုန်းနံပါတ်သို့ ငွေလွှဲပေးမည်ဖြစ်ပြီး နီးစပ်ရာ KBZPay Agent များတွင် သွားရောက်ထုတ်ယူနိုင်ပါသည်။ အကယ်၍ ခံစားခွင့်ရှိသူများသည် မိုလ်ဗိုင်းဖုန်း အသုံးမပြုသူ/မရှိသူ ဖြစ်ပါက မိမိတိို့နေထိုင်ရာ ဒေသများတွင် KBZPay ကိုယ်စားလှယ်များမရှိပါက သက်ဆိုင်ရာဒေသ ဘဏ်ခွဲများမှ ရပ်​ကျေး/ရွာကျေး ထွေအုပ်များနှင့် ပူးပေါင်းညှိနှိုင်းကာ သတ်မှတ်ရက်အတွင်း ငွေသားဖြင့်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

(၇) ဖုန်းမရှိသူများ KBZPay မရှိသူများနှင့် Keypad ဖုန်းသာ အသုံးပြုသူများအနေဖြင့် မည်သို့ လက်ခံရရှိ၍၊ မည်သို့ ထုတ်ယူနိုင်ပါသနည်း။

KeyPad ဖုန်းအသုံးပြုသူများအနေဖြင့် ထောက်ပံ့ကြေးငွေရရှိကြောင်း message ရရှိပြီးနောက် နီးစပ်ရာ KBZPay Agent များတွင် သွားရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ဖုန်းမရှိသူများအနေဖြင့် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများတွင် ထောက်ပံ့ကြေးငွေ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။

(၈) COVID-19 ကူးဆက်ပျံ့ပွားနေချိန်တွင် ဝန်ထမ်းများ လုံ​ခြုံရေးအတွက် မည်သို့ ပြင်ဆင်ထားပါသနည်း။

ထောက်ပံ့ကြေးငွေပေးအပ်သည့် လုပ်ငန်းစဥ် ပြုလုပ်နေစဥ်အတောအတွင်း နှာခေါင်းစည်း၊ လက်အိတ်နှင့် မျက်နှာအကာအကွယ်များ ၀တ်ဆင်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော  social distancing စည်းမျဥ်းများနှင့်အညီ ၆ပေအကွာမှ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်။    

(၉) ဘဏ်ခွဲများမှ သက်ဆိုင်ရာ KBZPay ကိုယ်စားလှယ်များထံသို့ မည်သို့ပြင်ဆင် ပို့ဆောင်ပေးပါသနည်း။

သက်ဆိုင်ရာ KBZPay ကိုယ်စားလှယ်များထံ ထောက်ပံ့ကြေးးသွားရောက်ပေးပို့သော၀န်ထမ်းများအား နှာခေါင်းစည်း၊ လက်အိတ်နှင့် မျက်နှာအကာအကွယ်များ ၀တ်ဆင်စေ၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော  social distancing စည်းမျဥ်းများနှင့်အညီ ၆ပေအကွာမှ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

(၁၀) ကိုယ်စားလှယ်များ နှင့် ထောက်ပံ့ကြေးလာရောက်ထုတ်ယူသောသူများ လုံခြုံစိတ်ချစေရေးအတွက် မည်သို့ ပံ့ပိုး ပြင်ဆင်ထားပါသနည်း။

ကိုယ်စားလှယ်များ နှင့် ထောက်ပံ့ကြေးလာရောက်ထုတ်ယူသောသူများအနေဖြင့် လုံခြုံမှုရှိစေရန် ထောက်ပံ့ကြေးလာရောက်ထုတ်ယူရာတွင် နှာခေါင်းစည်း၊ လက်အိတ်နှင့် မျက်နှာအကာအကွယ်များ ၀တ်ဆင်သင့်ပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော  social distancing စည်းမျဥ်းများနှင့်အညီ ဆောင်ရွက်ရပါမည်။

(၁၁) ထောက်ပံ့ကြေးငွေရရှိကြောင်း message ရရှိပြီးနောက် မည်သည့်အချိန်အတွင်း KBZPay Agent များတွင် သွားရောက်ထုတ်ယူရမည်နည်း။

ထောက်ပံ့ကြေးငွေရရှိကြောင်း message ရရှိပြီးသည့်နောက် ၂၀၂၀ စက်တင်ဘာလ ၂၀ ရက်နေ့ အထိ နီးစပ်ရာ KBZPay Agent တွင် သွားရောက်ထုတ်ယူနိုင်ပါမည်။

(၁၂) အကယ်၍ မိမိတို့ နေထိုင်ရာဒေသအတွင်း KBZPay ကိုယ်စားလှယ်များ မရှိခြင်း ကြောင့် သတ်မှတ်ရက်အတွင်း ထုတ်ယူနိုင်ခြင်းမရှိပါက မည်သို့ဆောင်ရွက်ရမည်နည်း။    

မိမိတို့ နေထိုင်ရာဒေသများတွင် KBZPay ကိုယ်စားလှယ်များမရှိပါက သက်ဆိုင်ရာဒေသ ဘဏ်ခွဲများမှ ရပ်​ကျေး/ရွာကျေး ထွေအုပ်များနှင့် ပူးပေါင်းညှိနှိုင်းကာ သတ်မှတ်ရက်အတွင်း ငွေသားဖြင့်ထုတ်ပေးသွားမည် ဖြစ်ပြီး ၎င်းသက်မှတ်ရက်အတွင်း ထုတ်ယူနိူင်ခြင်းမရှိပါက KBZPay Customer Service ဖုန်းနံပါတ် ၀၉-၉၆၉၉၆၃၂၁၁ သို့ အကြောင်းကြားထားနိုင်ပါသည်။

(၁၃) အကယ်၍ သွားရောက်ထုတ်ယူရန် အခက်အခဲရှိခြင်းတို့ကြောင့် သတ်မှတ်ရက်အတွင်း ထုတ်ယူနိုင်ခြင်းမရှိပါက မည်သို့ဆောင်ရွက်ရမည်နည်း။ 

 အကယ်၍ သွားရောက်ထုတ်ယူရန် အခက်အခဲရှိခြင်းတို့ကြောင့် သတ်မှတ်ရက်အတွင်း ထုတ်ယူနိူင်ခြင်းမရှိပါက KBZPay Customer Service ဖုန်းနံပါတ် ၀၉-၉၆၉၉၆၃၂၁၁ သို့ အကြောင်းကြားထားနိုင်ပါသည်။

(၁၄) ဤအစီအစဉ်နှင့်ပတ်သက်၍ထပ်မံသိရှိလိုသည့်အချက်များရှိပါကမည့်သို့ဆက်သွယ်နိုင်ပါသနည်း။ 

ကမ္ဘောဇဘဏ်၏ အပြာရောင်အမှတ်ပါသော KBZPay Facebook page messenger သို့လည်းကောင်း၊ ကမ္ဘောဇဘဏ်၏ KBZPay Customer Service ဖုန်းနံပါတ် ၀၉-၉၆၉၉၆၃၂၁၁ သို့ လည်းကောင်းဆက်သွယ်‌မေးမြန်းနိုင်ပါသည်။


ဖုန်းနံပါတ်သို့ ကုဒ်နံပါတ် ဂဏန်း ၁၀လုံး လက်ခံရရှိသူများအနေဖြင့် KBZPay ကိုယ်စားလှယ်ထံတွင် သွားရောက်ထုတ်ယူပုံအဆင့်ဆင့်

           အဆင့်(၁) ထောက်ပံ့ကြေးငွေလက်ခံရရှိသူ၏ ဖုန်းနံပါတ်သို့ ဂဏန်း ၁၀လုံးပါ လုံခြုံရေးကုဒ်ကို SMS ဖြင့် လက်ခံရရှိမည်ဖြစ်သည်။ 

           အဆင့်(၂) ထောက်ပံ့ကြေးသွားရောက်ထုတ်ယူမည့်သူသည် ထိုလက်ခံရရှိသော  ဂဏန်း ၁၀လုံး၊ မှတ်ပုံတင်ကတ် တို့နှင့်အတူ နီးစပ်ရာ ကိုယ်စားလှယ်ထံတွင် ပြ၍ ငွေထုတ်ယူနိုင်မည် ဖြစ်သည်။


သတိပြုရန် ။ ။ မိမိလက်ခံရရှိသည့် လုံခြုံရေးကုဒ်ကို မိမိသွားရောက်ထုတ်ယူမည့် KBZPay ကိုယ်စားလှယ်မှလွဲ၍ အခြားသူများအား လုံး၀(လုံး၀) ပြောကြားခြင်းမပြုပါနှင့်။


ငွေလွှဲ လက်ခံရရှိမည့် နမူနာ SMSပုံစံ