သတိထားသင့်သည့် ငွေကြေးဆိုင်ရာလိမ်လည်မှုများ

ကမ္ဘောဇဘဏ် နှင့် KBZPay အသုံးပြုသူ customer များအနေဖြင့် ငွေကြေးလိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန် မိမိတို့၏ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားသင့်ပါသည်။

လိမ်လည်ရာတွင် အသုံးပြုလေ့ရှိသည့် ဒီဂျစ်တယ်ချန်နယ်များ

လိမ်လည်သူများသည် သင်၏ငွေကြေးဆိုင်ရာသတင်းအချက်အလက်များကို အောက်ပါဒီဂျစ်တယ်ချန်နယ်များမှရယူတတ်ပါသည်။

  • Facebook Page အတုများဖြင့်ရယူခြင်း
  • Viber Channel အတုများဖြင့်ရယူခြင်း
  • Email အတုများဖြင့်ရယူခြင်း
  • Website အတုများဖြင့်ရယူခြင်း
  • SMS အတုများဖြင့်ရယူခြင်း
  • Application အတုများဖြင့်ရယူခြင်း

လိမ်လည်သည့်ပုံစံများ

  • ယခုအခါတွင် လိမ်လည်သူများသည် KBZ Bank (သို့) KBZ Bank ၏ ဝန်ဆောင်မှုများ/ဝန်ထမ်းများအဖြစ် အယောင်ဆောင်ကာ Website အတုများ၊ Facebook page အတုများဖန်တီးခြင်း၊ Email, Viber, SMS, Messenger များမှ တဆင့်ငွေကြေးဆိုင်ရာအချက်အလက်များကိုတောင်းခံခြင်းစ သည်တို့ကိုပြုလုပ်လေ့ရှိပါသည်။
  • လိမ်လည်သူများသည် Customers များကို link အတုများထဲသို့ဝင်ရောက်စေကာ ၄င်းတို့၏ KBZ mBanking Username and Passwordများ, KBZPay PIN/OTP Code, Credit/Debit card numbersများ , Credit/ Debit cards ကျောနောက်ဖက်တွင်ရှိသော Expiry Date and Security Codeများကိုဖြည့်ခိုင်းလေ့ရှိပါသည်။
  • လိမ်လည်သူများသည် ဘဏ်ဝန်ထမ်းများအဖြစ်ဟန်ဆောင်ကာ Customers များထံမှာ OTP codes များရယူ၍ KBZPay account များထံဝင်ရောက်ပြီး ငွေကြေးလွှဲပြောင်းခြင်းများပြုလုပ်လေ့ရှိပါသည်။

Customers များအနေဖြင့် အထက်ပါလိမ်လည်လှည့်ဖြားသည့်နည်းလမ်းများကို သတိပြုကာ မသမာသူတို့၏အန္တရာယ်မှကင်းဝေစေရန်အသိပေးအပ်ပါသည်။

  1. သံသယဖြစ်ဖွယ်ဖုန်းနံပါတ်များ (သို့) Email မှ ပေးပို့လာသည့် messagesများမှ link များကိုမည်သည့်အခါမှမနှိပ်ကြည့်ပါနှင့်။ နှိပ်ကြည့်မိခဲ့ပါကလည်း မိမိ၏ ဘဏ်အကောင့်အချက်အလက်များကို link ထဲသို့မရိုက်ထည့်ပါနှင့်။
  2. OTP code များ၊ PIN၊ Password များကို မည်သူ့ကိုမှ မျှဝေခြင်းမပြုပါနှင့်။
  3. KBZ Bank သည် “ ” @kbzbank.com” ” နှင့်ဆုံးသော Email Domain၊ KBZ Call Center နံပါတ် 09951018555 နှင့် KBZPay Call Center နံပါတ် 3211တို့ကိုသာလျှင်အသုံးပြုပြီး တခြားမည်သည့် Email Domain နှင့် ဖုန်းနံပါတ်များကို အသုံးပြုနေခြင်း လုံးဝမရှိပါ။
  4. ကမ္ဘောဇဘဏ်အနေဖြင့် customer များထံမှ OTP/PIN နံပါတ်များကို မည်သည့်အခါမှ တောင်းခံခြင်းမရှိပါ။
  5. သံသယတစ်စုံတစ်ရာရှိပါက နီးစပ်ရာ ဘဏ်ခွဲသို့ဖြစ်စေ ၂၄ နာရီ (၇) ရက်အချိန်မရွေးဖုန်းခေါ်ဆိုနိုင်မည့် KBZ Bank 09-951018555 နှင့် KBZPay 3211 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။