သတိထားသင့်သည့် ငွေကြေးဆိုင်ရာလိမ်လည်မှုများ

ကမ္ဘောဇဘဏ် နှင့် KBZPay အသုံးပြုသူ customer များအနေဖြင့် ငွေကြေးလိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန် မိမိတို့၏ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားသင့်ပါသည်။

KBZ Bank Online Banking နှင့် KBZPay အသုံးပြုသူများလိုက်နာသင့်သည့်အချက်များ

  • PIN/Password များသတ်မှတ်ရာတွင် မိမိ၏ မှတ်ပုံတင်နံပါတ်၊ မွေးနေ့နှင့် ဖုန်းနံပါတ်များကို လုံးဝမထည့်ပါနှင့်။
  • မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူမှုကွန်ရက်များပေါ်တွင် မျှဝေခြင်း လုံးဝမပြုလုပ်ပါနှင့်။
  • မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖုန်း (သို့မဟုတ်) လက်ပတော့ထဲတွင်သိမ်းဆည်းထားခြင်းများ လုံးဝမပြုလုပ်ပါနှင့်။
  • မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တခြားသူများနှင့် မျှဝေခြင်းလုံးဝမပြုလုပ်ပါနှင့်။
  • အများသုံးဝိုင်ဖိုင်ဖြင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများကို လုံးဝအသုံးမပြုပါနှင့်။
  • သံသယဖြစ်ဖွယ် ဖုန်း၊ Email နှင့် SMS များကို လုံးဝအကြောင်းမပြန်ပါနှင့်။
  • အခြားသူများမှ ပေးပို့လာသော သံသယဖြစ်ဖွယ်ရာ website link များကို နှိပ်ကြည့်ခြင်း၊ မသင်္ကာဖွယ်ရာ application များတွင် download ချခြင်းတို့ကို လုံးဝမပြုလုပ်ရပါ။

အကယ်၍ သံသယရှိလာပါက နီးစပ်ရာ ဘဏ်ခွဲ(သို့ KBZPay Center) သို့သွားရောက်၍ဖြစ်စေ၊ KBZ Bank Call Center နံပါတ် 09-951018555နှင့် KBZPay Call Center နံပါတ် 3211 သို့တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ မေးမြန်းနိုင်ပါသည်။