ကမ္ဘောဇဘဏ်ရဲ့ ဝန်ဆောင်မှုများကို အမြဲရယူနေတဲ့ Customer များအနေနဲ့ မိမိရယူခဲ့တဲ့ ဝန်ဆောင်မှုများအပေါ်မှာ စိတ်ကျေနပ်မှုရှိမရှိကို ဝန်ဆောင်မှုရယူပြီးချင်းမှာပဲ ရောက်ရှိလာတဲ့ တရားဝင်စာတိုမက်ဆေ့ချ်ရဲ့ လင်ခ့်ကနေတဆင့် မေးခွန်းများဖြေဆိုပြီး ဆုလက်ဆောင်ပေါင်းများစွာ ကံထူးနိုင်တဲ့ အစီအစဥ်အကြောင်းသတင်းကောင်းမျှဝေလို့ပေးချင်ပါတယ်။ ဒီစိတ်လှုပ်ရှားစရာအစီအစဥ်မှာတော့ ကမ္ဘောဇဘဏ်မှ တရားဝင်ပေးပို့လာတဲ့ လင်ခ့်မှတဆင့်မေးခွန်းတွေကို သေချာစွာဖြေပြီးရင်တော့ ရရှိမယ့် ဆုလက်ဆောင်တွေက-
✦ ၁၀၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ
✦ ၅၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ
✦ ၁၀,၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ
✦ ၅၀၀၀ ကျပ် တန်ဖိုးရှိ KBZPay Market Coupon များ နှင့်
✦ ၅၀၀,၀၀၀ကျပ်အထိ တန်ဖိုးရှိ Vacation Package များပဲဖြစ်ပါတယ်။
ဒီအစီအစဥ်ကို မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက် ၂၀၂၄ အထိပြုလုပ်သွားမှာဖြစ်ပြီး ဆုလက်ဆောင်များကိုတော့ နှစ်ပါတ် (၁) ကြိမ်ရွေးချယ်ပြီး ကြေညာပေးဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘောဇဘဏ်ရဲ့ ဝန်ဆောင်မှုများအပေါ်မှာ မိမိရဲ့ထင်မြင်ချက်တွေကို မျှဝေနိုင်ပြီး ဆုလက်ဆောင်များရရှိနိုင်မယ့်အခွင့်အရေးဖြစ်လို့ မေးခွန်းတွေဖြေတဲ့အခါသေချာလေးဖြေဆိုဖို့ တိုက်တွန်းပါရစေနော်။
ပထမအကြိမ် ဆုလက်ဆောင်ကံထူးသွားသော ကံထူးရှင်များကတော့ –
ဒုတိယအကြိမ် ဆုလက်ဆောင်ကံထူးသွားသော ကံထူးရှင်များကတော့
တတိယအကြိမ် ဆုလက်ဆောင်ကံထူးသွားသော ကံထူးရှင်များကတော့
(၄) ကြိမ်မြောက် ဆုလက်ဆောင်ကံထူးသွားသော ကံထူးရှင်များကတော့
(၅) ကြိမ်မြောက် ဆုလက်ဆောင်ကံထူးသွားသော ကံထူးရှင်များကတော့
(၆) ကြိမ်မြောက် ဆုလက်ဆောင်ကံထူးသွားသော ကံထူးရှင်များကတော့
ကိုယ်ရေးအချက်အလက်များဖြစ်သော KBZ m/iBanking User Name နှင့် Password, KBZPay OTP နှင့် PIN နံပါတ်များအား မည်သူ့ကိုမှ မျှဝေခြင်းမပြုပါနှင့်။ ကမ္ဘောဇဘဏ်ဝန်ထမ်းများမှလည်း လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက်များအား ဆိုရှယ်မီဒီယာများမှတဆင့်တောင်းခံခြင်းမရှိကြောင်း ထပ်မံပြောကြားလိုက်ရပါတယ်။
သံသယဖြစ်ဖွယ်ရာ အီးမေးလ်များ (သို့မဟုတ်) ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိပါက နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲ သို့မဟုတ် Call Center 09951018555 သို့ ဆက်သွယ်အတည်ပြုနိုင်ပါတယ်။
စည်းမျည်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။