Campaign ကာလအတွင်း KBZ Online Banking Gift Cards ဝယ်ယူလေ့ရှိသော Customer များအတွက်အထူးအစီအစဥ်” စည်းမျဥ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ KBZ Online Banking Gift Card Campaign သည် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ KBZ Online Banking Gift Card Campaign ၏ ရည်ရွယ်ချက်မှာ Campaign ကာလအတွင်း KBZ Online Banking Gift Card [iTunes (US), Netflix (US), PlayStation Network (US), PlayStation Network (SG), Steam Wallet Code (US), Steam Wallet Code (SG)] ဝယ်ယူသော Customer များအနေဖြင့် ငွေသားဆုများ ကံစမ်းနိုင်မည့်အခွင့်အရေး ရရှိမည်ဖြစ်ပါသည်။

၃။ Campaign ကာလအတွင်း KBZ Online Banking Gift Card [iTunes (US), Netflix (US), PlayStation Network (US), PlayStation Network (SG), Steam Wallet Code (US), Steam Wallet Code (SG)] ဝယ်ယူသည့် KBZ Online Banking အသုံးပြုသည့် Customer များအားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။ KBZ Online Banking ရှိ Gift Card များသည် ရောင်းချသူ၏ သတ်မှတ် Rate များဖြင့် ကောက်ခံခြင်းဖြစ်သောကြောင့် အပြောင်းအလဲရှိနိုင်ပါသည်။

၄။ Campaign ကာလအတွင်း သတ်မှတ်ထားသော Gift Card တို့ကို KBZ Online Banking မှ ဝယ်ယူသော Customer ထဲမှ ဆုရရှိသူရွေးချယ်ပြီး ကြေညာပေးမည်ဖြစ်ပြီး  ငွေသားဆုငွေ များအား ကံထူးသူများ၏ သက်ဆိုင်ရာ KBZ Bank account သို့ တိုက်ရိုက်ထည့်သွင်းပေးမည် ဖြစ်ပါသည်။ 

Gift Card အမျိုးအစားအလိုက် သတ်မှတ်ထားသော ကံထူးငွေ ပမာဏမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Gift CardDeno PricesReward Amount (MMK)Reward Counts
iTunes (US)5 USD1,750 MMK20
10 USD3,500 MMK8
15 USD5,250 MMK7
25 USD8,750 MMK3
50 USD17,500 MMK3
100 USD35,000 MMK2
Netflix (US)30 USD10,500 MMK3
60 USD21,000 MMK3
100 USD35,000 MMK2
PlayStation Network (US)10 USD3,500 MMK8
25 USD8,750 MMK3
50 USD17,500 MMK3
100 USD35,000 MMK2
Steam Wallet Code (US)10 USD3,500 MMK20
20 USD7,000 MMK  7
50 USD17,500 MMK3
100 USD35,000 MMK2
PlayStation Network (SG)20 SGD4,000 MMK7
40 SGD8,000 MMK3
100 SGD20,000 MMK2
Steam Wallet Code (SG)5 SGD1,000 MMK20
10 SGD2,000 MMK8
20 SGD4,000 MMK7
30 SGD6,000 MMK3
50 SGD10,000 MMK3

၅။ ဤ Campaign မှ ကံထူးသူများကို KBZ Bank Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် KBZ Bank Website တို့မှ တဆင့် Campaign အပြီး ရက်သတ္တပတ် (၂) ပတ်အတွင်း ကြေညာပေးသွားမည်ဖြစ်သည်။ ဆုရရှိသည့် ကံထူးသူကို ကြေညာရန်အလို့ငှာ  ကံထူးသူ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ)တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူများမှ သိရှိပြီး သဘောတူပါသည်။ ဆုရရှိသည့် ကံထူးသူကို ကြေညာပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၅) ရက်အတွင်း ဆုငွေများကို ကံထူးသူများ၏ KBZ Mobile Banking Account သို့ ထည့်သွင်းပေးသွားပါမည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၆။ ကံထူးသူများအားဆုငွေထည့်သွင်းပေးပြီးနောက် SMS မှတဆင့်လည်း အကြောင်းကြားပေး မည်ဖြစ်ပြီး ထို SMS တွင် ကံထူးသူသည် မည်သည့် ငွေသားဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေးအကြောင်းကြား သွားမည်ဖြစ်ပါသည်။ 

၇။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် Customer များ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည် ကို သိရှိသဘောတူပါသည်။

၁၃။ ကမ္ဘောဇဘဏ် ပုံမှန် Online Banking ဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက် များနှင့် ရောင်းချသူများ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း လည်း အကျုံးဝင်စေ ရမည်။ 

၁၄။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၁၅။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ် မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့်ကမ္ဘောဇဘဏ် Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။ 

၁၇။ ဤ Campaign နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက ကမ္ဘောဇဘဏ် Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။