ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် ဒီဇင်ဘာလ နှစ်ကုန်ပိုင်းအထိ အခမဲ့ငွေလွှဲနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များ 

ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအတွက် ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကမ္ဘောဇဘဏ်နေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး KBZ mBanking နှင့် iBanking တို့မှတဆင့် ငွေလွှဲခ “ အခမဲ့” အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်ပြီး ဤအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှစ်ကုန်ပိုင်းထိ ဆက်လက်တိုးမြှင့်ပေးသွားမည် ဖြစ်သောကြောင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း (မြန်မာကျပ်ငွေ) အတွက် KBZ mBanking နှင့် iBanking မှ ငွေလွှဲမှုများကို အခမဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။

 mBanking နှင့် iBanking တို့မှတဆင့် အသုံးပြုနိုင်သော ငွေလွှဲဝန်ဆောင်မှုများမှာ  Fast Transfer၊ Transfer Other (KBZ-KBZ) နှင့် Multiple Internal Account Transfer  တို့ဖြစ်ပါသည်။ ထို့အပြင် ဘေလ်​ပေး​ဆောင်ခြင်း နှင့် အ​ကောင့်​လက်ကျန်ငွေစစ်​ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွား​​ရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်​ဆောင်နိုင်ပါသည်။

 ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။