MPU Debit ကတ် စတင်အသုံးပြုရန် အီလတ်ထရောနစ် PIN နံပါတ်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ 

၂၀၂၁ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့မှစ၍ customer များ MPU Debit ကတ် လျှောက်ထားပါက (သို့) ကတ်အသစ်ပြန်လည် လဲလှယ်ပါက E-PIN  (OTP ကုဒ်) အား ဘဏ်တွင်မှတ်ပုံတင်ထားသော ဖုန်းနံပါတ် သို့ ပေးပို့သွားမည် ဖြစ်ပါသည်။ Customer များအနေဖြင့် PIN ပေးပို့လာမည့် စာအိတ်အား စောင့်ဆိုင်းရန်မလိုအပ်တော့ပါ။

MPU Debit ကတ်အား စတင်အသုံးပြုရန်၊ customer များအနေဖြင့် နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်၍ အောက်ပါအချက်များကို လုပ်ဆောင်ရပါမည်။

၁။ ATM စက်ထဲသို့ MPU Debit ကတ်အား ထည့်ပါ။

၂။ သင်၏ ဖုန်းသို့ပေးပို့သော OTP ကုဒ် ၆လုံးအား ရိုက်ထည့်ပါ။

Customer များအနေဖြင့် အကောင့်နှင့် ကတ်လုံခြုံမှုရှိစေရန်၊

၃။ မိမိ၏ ကိုယ်ပိုင် PIN နံပါတ်အားသတ်မှတ်ပါ။ ( PIN နံပါတ်အသစ်နှင့် PIN နံပါတ်အဟောင်း တူ၍မရပါ။)

ကမ္ဘောဇဘဏ်အနေဖြင့် customer များထံမှ OTP နှင့် PIN နံပါတ်အား မည်သည့်အခါမျှမေးမြန်း တောင်းခံမည် မဟုတ်ပါ။ Customer များအနေဖြင့်လည်း မိမိ၏OTP နှင့် စကားဝှက် PIN နံပါတ်အား မည်သူ့ကိုမှ မျှဝေခြင်း မပြုလုပ်သင့်ပါ။ Customer များ  OTP နှင့် PIN နံပါတ်တို့ကို မျှဝေမိပါက မသမာသူများမှ ဘဏ်အကောင့်၊ အချက်အလက်များ နှင့် ပိုက်ဆံတို့အား ခိုးယူနိုင်ပါသောကြောင့် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက  8555 သို့မဟုတ် 09 9510 18555  သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။