၁၀ သိန်းကံထူး နှစ်သစ်ကူး အစီအစဉ်၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

၁။ “၁၀ သိန်းကံထူး နှစ်သစ်ကူး” အစီအစဥ်ကာလသည် ၂၀.၁၂.၂၀၂၂ မှ ၃၁.၁.၂၀၂၃ အထိ ဖြစ်သည်။

၂။ “၁၀ သိန်းကံထူး နှစ်သစ်ကူး” အစီအစဥ်အား KBZ Bank MPU-UPI credit card ဖြင့် ငွေပေးချေသူများအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။ ဤအစီအစဥ်တွင် ငွေပေးချေသူသည် KBZ Bank MPU-UPI credit card ဖြင့် အထူးအစီအစဥ် ကာလအတွင်း ငွေပေးချေမှုများ ပြုလုပ်ပါက ဤကံစမ်းမဲ အစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ‌ဤအစီအစဥ်တွင် ဆုလက်ဆောင်များနှင့် Coupon များကို ကံထူးနိုင်ရန်အတွက် အထူးအစီအစဥ် ကာလအတွင်း ငွေပမာဏ ကန့်သတ်ထားခြင်းမရှိပဲ  KBZ Bank MPU-UPI credit card ဖြင့် ငွေပေးချေမှုများ ပြုလုပ်ပြီးအလိုအလျောက် ကံထူးခွင့် ရရှိမည်ဖြစ်ပါ သည်။   

၄။ “၁၀ သိန်းကံထူး နှစ်သစ်ကူး”  အစီအစဥ်တွင် ပါဝင်ရန်အတွက်

– သတ်မှတ်ထားသော အထူးအစီအစဥ် ကာလအတွင်း POS machine သို့မဟုတ် Ecommerce တွင် KBZ Bank MPU-UPI credit card ဖြင့် ငွေပေးချေမှုများ ပြုလုပ်ပါက ဤကံစမ်းမဲ အစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ‌

– KBZ Bank MPU-UPI credit card ဖြင့် ငွေပေးချေမှုများကို တစ်ခါ ပြုလုပ်ပါက တစ်ကြိမ် ကံစမ်းခွင့်ရှိသည်။ ငွေပေးချေမှုများကို များများ ပြုလုပ်ပါက ကံစမ်းခွင့်များများ ရရှိမည်ဖြစ်ပါသည်။ 

၅။     “၁၀ သိန်းကံထူး နှစ်သစ်ကူး” အစီအစဥ်တွင် အောက်ပါ လက်ဆောင်များ ကံစမ်းနိုင်မည် ဖြစ်ပါသည်။ ပါဝင်သော လက်ဆောင်များမှာ 

– ၁,၀၀၀,၀၀၀ ကျပ် တစ်ဆု 

– ၃၀၀,၀၀၀ ကျပ် တစ်ဆု 

– ၂၀၀,၀၀၀ ကျပ် တစ်ဆု 

– lucky draw Coupon များ 

၆။  လက်ဆောင်ကံထူးသူများကို  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်  KBZ Bank Facebook Official Page  (အပြာရောင်အမှတ်ခြစ်ပါသော) မှ တစ်ဆင့် ကြေညာပေးသွားပါမည်။ ဆုရရှိသည့် ကံထူးရှင်များကို social media များနှင့် website များတွင် ကြေညာရန်အလို့ငှာ  လက်ဆောင် ကံထူးသူများ၏ အမည်ကို KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံစမ်းမဲ ပေါက်သူမှ သိရှိပြီး သဘောတူပါသည်။ 

၇။​  ထို့နောက် KBZ Bank နာမည်ဖြင့် လက်ဆောင်ကံထူးသူများကို SMS ပို့ပေးပါမည်။ ထို SMS တွင် ကံထူးသူသည် မည်သည့်ဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေး မည့်အပြင် မည်သည့်ဘဏ်ခွဲတွင်ထုတ်ယူရမည်ဆိုသည့် အသေးစိတ် အချက်အလက်အား အသိပေးမည်ဖြစ်သည်။ဘဏ်ခွဲတွင် ဆုလက်ဆောင်ထုတ်ယူရမည့် ကံထူးရှင်သည်  အဆိုပါ မိမိဆုရရှိကြောင်း အတည်ပြုနိင်တဲ့ SMS နှင့်တကွ မှတ်ပုံတင်အား ယူဆောင်လာပြီး ကံထူးရှင်ကိုယ်တိုင်လာရောက်ထုတ်ယူရမည်။ 

‌ ဆုရရှိသူများအနေဖြင့် ဆုထုတ်ယူခွင့်ရရှိသည့်နေ့ရက်မှစ၍ ၂၈.၀၃.၂၀၂၃ နောက်ဆုံးထား၍ ဆုများအားထုတ်ယူရမည်ဖြစ်ပါသည်။ ကံစမ်းမဲ ပေါက်သူသည် expiry date ပြီးနောက် အဆက်အသွယ်မရရှိပါက ဆုလက်ဆောင်ခံစားခွင့် ပျက်ပြယ် မည်ဖြစ်ပါသည်။ ကူပွန်များ၏ သက်တမ်းများကို ယင်းကူပွန်များပေါ်တွင်ဖော်ပြထားမည်ဖြစ်ပြီး ကူပွန်ပါ သက်တမ်းများကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

၈။ ဆုလက်ဆောင်များကို ၂၈.၀၃.၂၀၂၃ နေ့အထိ လာရောက်ထုတ်ယူချင်းမရှိပါက ဆုလက်ဆောင်ခံစားခွင့် ပျက်ပြယ် မည်ဖြစ်ပါသည်။

၉။ လက်ဆောင်ကံထူးသူများအနေဖြင့် ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။ လက်ဆောင်ကံထူးသူများမှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့်ပတ်သတ်၍ ချို့ယွင်းချက်တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ Bankမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၀။ ငွေသားဆုငွေများအား  ကံထူးသူ၏ KBZ Bank MPU-UPI Credit Card ထဲသို့သာ သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်ပေးမည် ဖြစ်ပါသည်။ ထိုပမာဏအား ‌ငွေသားဖြင့် ထုတ်ပေးမည် မဟုတ်ပါ။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bankမှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၁၁။ KBZ Bankဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။   ဤအစီအစဉ်ကာလနှင့်ပတ်သက်၍ KBZ Bank အသုံးပြုသူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၄။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၅။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZ Bank အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၆။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက် များလည်း အကျုံးဝင်စေရမည်။

၁၇။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။   KBZ Bankသည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bank အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bankမှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ Bankအနေဖြင့် KBZ Bank အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာ ဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက် မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။