“KBZPay မှာ MPT AutoRenew Data Carry Plus ဝယ် ဒေတာလက်ဆောင်တွေရယူမယ်”အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay အသုံးပြုသူများအနေဖြင့် Data Bonusများရရှိနိုင်ရန်“KBZPay မှာ MPT AutoRenew Data Carry Plus ဝယ် ဒေတာလက်ဆောင်တွေရယူမယ်” အစီအစဥ်အား  ပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။ အစီအစဉ်ကာလ မှာ ၂၀၂၄ခုနှစ် ဧပြီလ ၄ ရက်နေ့မှ ၂၀၂၄ခုနှစ် ဧပြလ ၃၀ ရက်နေ့အထိဖြစ်ပါသည်။

၃။ ဤအစီအစဉ်တွင် Auto Renewal Data Carry Plus Pack ၉၇၉ ကျပ်= 434 MB (ရက် ၃၀ သက်တမ်း) + 255 MB (၅ရက်သက်တမ်း) + 1000GB အထိအပိုဒေတာလက်ဆောင်ကံထူးခွင့် + 200GB အထိရရှိနိုင်သည့် ထိပေါက်ခံစားခွင့်တစ်ကြိမ်၊ Auto Renewal Data Carry Plus Pack ၂၃၁၉ ကျပ်= 1024 MB (ရက် ၃၀ သက်တမ်း) + 500 MB (၅ရက်သက်တမ်း) + 1000GB အထိအပိုဒေတာလက်ဆောင်ကံထူးခွင့် + 200GB အထိရရှိနိုင်သည့် ထိပေါက်ခံစားခွင့်တစ်ကြိမ်၊ Auto Renewal Data Carry Plus Pack ၄၆၂၉ ကျပ်= 2048MB (ရက် ၃၀ သက်တမ်း) + 1 GB (၅ရက်သက်တမ်း)  + 1000GB အထိအပိုဒေတာလက်ဆောင် ကံထူးခွင့် + 200GB အထိရရှိနိုင်သည့် ထိပေါက်ခံစားခွင့်တစ်ကြိမ် တို့ပါဝင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး (AR trigger) သည့်အချိန်တိုင်းတွင် ထိပေါက်ကစားခွင့် (၃) ကြိမ်ကစားပြီး ဒေတာ 200GB အထိ နှင့် MPT Club ပွိုင့် ၁၀၀၀ ပွိုင့်အထိကံထူးခွင့်ရရှိမည်ဖြစ်သည်။

၄။ Auto Renewal Data Carry Plus ၉၇၉ ကျပ် ပက်ကေ့ချ်ကို ဝယ်ယူထားသူသည် ဝယ်ယူသည့်နေ့မှစပြီး (၇) ရက်အတွင်း 255MB ကို လက်ခံရရှိမည်ဖြစ်ပြီး လက်ခံရရှိသည့်နေ့ရက်မှ (၅) ရက်အတွင်း အသုံးပြုနိုင် ပါမည်။

Auto Renewal Data Carry Plus ၂၃၁၉ ကျပ် ပက်ကေ့ချ်ကို ဝယ်ယူထားသူသည် ဝယ်ယူသည့်နေ့မှစပြီး (၇) ရက်အတွင်း 500MB ကို လက်ခံရရှိမည်ဖြစ်ပြီး လက်ခံရရှိသည့်နေ့ရက်မှ (၅) ရက်အတွင်း အသုံးပြုနိုင်ပါမည်။

Auto Renewal Data Carry Plus ၄၆၂၉ ကျပ်ပက်ကေ့ချ်ကို ဝယ်ယူထားသူသည် ဝယ်ယူသည့်နေ့မှစပြီး (၇) ရက်အတွင်း 1GB ကို လက်ခံရရှိမည်ဖြစ်ပြီး လက်ခံရရှိသည့်နေ့ရက်မှ (၅) ရက်အတွင်း အသုံးပြုနိုင်ပါမည်။

၅။ နည်းပညာပိုင်းဆိုင်ရာ ပြသနာတစ်ခုခုကြောင့် အသုံးပြုသူတစ်ဦးဦးထံတွင် ပရိုမိုးရှင်းအပိုဆုအား မှားယွင်းစွာ ထည့်သွင်းမိခြင်း (သို့မဟုတ်) အပိုဆောင်းထည့်သွင်းမိခြင်း (သို့မဟုတ်) အကြိမ်များစွာ ထည့်သွင်းမိခြင်း စသည့်အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါ MPT အနေဖြင့် ၎င်း၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ပါဝင်သူထံမှ ၎င်းမှားယွင်းစွာထည့်သွင်းပေးလိုက်သည့် ပရိုမိုးရှင်းအပိုဆု ပမာဏအတိုင်း အကျိုးခံစားခွင့်များ ကို ပြန်လည်တောင်းခံရပိုင်ခွင့် ရှိမည်ဖြစ်သည်။

၆။ ဤအစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော Auto Renewal Data Carry Plus  ပတ်ကေ့ချ်များကို KBZPay Appမှ  တစ်ဆင့် ဝယ်ယူမှသာလျှင်အကျိုးခံစားခွင့်ကိုရရှိပါမည်။

၇။ Data Bonusသည် မည်သည့်ဒေတာသုံးစွဲမှုအတွက်မဆို သုံးစွဲနိုင်သည်။

၈။ Data Bonusအကျိုးခံစားခွင့်သည် KBZPay application တွင်ဝယ်ယူသည့်အခါတွင်သာ ရရှိမည်ဖြစ်ပြီး အလိုအလျောက် သက်တမ်းတိုး (AR trigger) သည့်အချိန်များတွင် Data Bonus ကိုရရှိမည်မဟုတ်ပါ။

၉။ ဝယ်ယူသူတစ်ယောက် (MSISDN တစ်ခု) အနေဖြင့် ဤအစီအစဉ်ကာလအတွင်းတွင် သတ်မှတ် ထားသော ပရိုမိုးရှင်းပက်ကေ့ချ်တစ်ခုစီအတွက် Data Bonus ခံစားခွင့်ကို ပထမဆုံးအကြိမ်ဝယ်ယူသည့်အခါ တွင်သာရရှိမည်ဖြစ်ပြီး ပရိုမိုးရှင်းကာလတစ်လျှောက်တွင် နှုန်းထားတူညီသောပရိုမိုးရှင်းပက်ကေ့ချ်တစ်ခုကို ထပ်ခါထပ်ခါဝယ်ယူသော်လည်း ပထမအကြိမ်ဝယ်ယူသည့်အကြိမ်အတွက်သာ Data Bonus ခံစားခွင့် ကိုရရှိပါမည်။ ဝယ်ယူသူတစ်ယောက်သည် ဤအစီအစဉ်ကာလတစ်လျှောက်တွင် နှုန်းထားမတူညီ သော ပရိုမိုးရှင်းပက်ကေ့ချ်များကို ဝယ်ယူပါက မတူညီသော ပရိုမိုးရှင်းပက်ကေ့ချ်တစ်ခုစီတိုင်း၏ ပထမ အကြိမ်ဝယ်ယူမှုတိုင်းအတွက် Data Bonus ခံစားခွင့်ကိုရရှိမည်ဖြစ်သည်။

၁၀။ Data Bonusအချင်းချင်းပေါင်းစည်းသွားမည်မဟုတ်ပါ။

၁၁။ Data Bonusကို ပရိုမိုးရှင်းပက်ကေ့ချ် ဝယ်ယူပြီး (၇)ရက်အတွင်း ပေးသွားပါမည်။

၁၂။ (AR trigger) သည့်အချိန်များတွင် Data Bonus ကိုရရှိမည်မဟုတ်ပါ။

၁၃။ နှုန်းထားတူညီသော Auto Renewal Data Carry Plusပက်ကေ့ချ်များကို အကန့်အသန့်မရှိ ဝယ်ယူနိုင်ပြီး  နှုန်းထားမတူသော Auto Renewal Data Carry Plus ပက်ကေ့ချ်များကို အကန့်အသတ်မရှိဝယ်ယူ၍ မရနိုင်ပါ။ လက်ရှိသုံးနေသော Auto Renewal Data Carry Plus ပက်ကေ့ချ်ကို ရပ်တန့် (unsubscribe) ပြီးမှသာလျှင် နောက်ထပ် Auto Renewal Data Carry Plus ပက်ကေ့ချ်အသစ်ကို ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ 

၁၄။ Auto Renewal Data Carry Plus ပက်ကေ့ချ်များဝယ်ယူတိုင်းမှာ ပုံမှန်အတိုင်းထိပေါက်ကစားခွင့် ကိုရရှိမည်ဖြစ်ပြီး MPT4U App ရဲ့ ပက်ကေ့ချ်ထိပေါက် Lucky Draw မှာ ထိပေါက်တစ်ကြိမ်ကစားပြီး 200GB အထိ ကံထူးနိုင်မည်ဖြစ်ပါသည်။

၁၅။ Auto Renewal Data Carry Plus (AR trigger) သည့်အချိန်တိုင်းတွင် ထိပေါက်ကစားခွင့် (၃) ကြိမ်ရပါမည်။ MPT4U App ရဲ့ ပက်ကေ့ချ်ထိပေါက် Lucky Draw  မှာ ထိပေါက်ကစားပြီး ဒေတာ 200GB အထိ နှင့် MPT Club ပွိုင့် ၁၀၀၀ ပွိုင့်အထိကံထူးနိုင်သည်။

၁၆။ KBZPay အသုံးပြုသူများဝယ်ယူသည့် ပက်ကေ့ခ်ျအမျိုးအစားများအလိုက် ပရိုမိုးရှင်းထပ်ဆောင်း အပိုဆုများ ကို MPT မှ ပေးအပ်သွားမည်ဖြစ်ပြီး ပရိုမိုးရှင်းထပ်‌ဆောင်း အပိုဆုများကို MPT မှ အချိန်နှင့်အမျှ ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။

၁၇။  KBZPay အသုံးပြုသူများသည် MPT တွင် ဝယ်ယူထားသော ပက်ကေ့ချ်အား ပြောင်းလဲလိုခြင်း၊ ပယ်ဖျက်ခြင်း နှင့် ပြန်အမ်းငွေပြန်လည်တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များ ပေါ်ပေါက်ပါက KBZPay အသုံးပြုသူများ အနေဖြင့် MPT သို့တိုက်ရိုက်ဆက်သွယ်ရမည် ဖြစ်ပြီး MPT ၏ ဆုံးဖြတ်ချက် အတိုင်း လိုက်နာရမည်ဖြစ်သည်။

၁၈။ ဤအစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၁၉။ KBZ ဝန်ထမ်းများသည် အစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၀။  ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၁။ ဤအစီအစဉ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွား မှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၂၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို စည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက် နှင့် မလျော်ညီသည့်ပြုလုပ်မှု တစ်စုံတစ်ရာတွေ့ရှိပါက မည်သည့်အချိန်တွင်မဆို ပယ်ဖျက်ခွင့်နှင့် ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

၂၃။  KBZPay သည်မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင် အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ ရပ်စဲခွင့်နှင့်/ သို့မဟုတ် ဆုလက်ဆောင်ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ်ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ်အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင် လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၂၄။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၂၅။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် MPT MPT AutoRenew Data Carry Plus ဝယ်ယူခြင်းနှင့်သက်ဆိုင်သောစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၆။ ဤစည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၇။ KBZPay သည် COVID- 19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့်မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ တွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၈။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထား ပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထား သည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

၂၉။ ဤအစီအစဥ်နှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည့်အချက်များရှိပါက KBZ Bank Customer Service ဖုန်းနံပါတ် ၃၂၁၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်မည့်သူများသည် အထက်ဖော်ပြပါ စည်းမျဉ်း၊စည်းကမ်းများကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။