၁။ “April Special: Spend More, Win More_Double Rewards” Campaign ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့ အထိ ရက် (၂၀) တိတိကျင်းပသွားမည် ဖြစ်ပါသည်။
၂။ ဤ Campaign ၏ရည်ရွယ်ချက်မှာKBZ Bank Credit Card ကိုင်ဆောင်ထားသော Customer များအားလုံးသည် KBZ Bank Credit Card ဖြင့် KBZ POSစက်များတွင် ငွေပေးချေမှုပြုလုပ်ကာ Cashback နှင့် Lucky Draw အစီအစဥ်များ၌ ပါဝင်ပြီး Double Rewards အခွင့်အရေးဖြင့် ဆုလက်ဆောင်များကို ကံထူးပိုင်ဆိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
၃။ Cashback အစီအစဥ်
KBZ Bank Credit Card ကိုင်ဆောင်ထားသော Customer များအနေဖြင့် ဤ Campaign ကာလအတွင်း KBZ Bank Credit Card ဖြင့် KBZ POS စက်များတွင် ပြေစာတစ်စောင်လျှင် အနည်းဆုံး ငွေပမာဏ တစ်သိန်းခွဲ (၁၅၀,၀၀၀) ကျပ် နှင့် အထက် ငွေပေးချေမှုပြုလုပ်ခြင်းဖြင့် ပြန်အမ်းငွေ ၅% (အများဆုံး ၁၀,၀၀၀ ကျပ် အထိ) ရရှိနိုင်မည် ဖြစ်ပါသည်။KBZ Bank Credit Card တစ်ကတ်လျှင် (၁)ရက်ကို (၁)ကြိမ်သာ ပြန်အမ်းငွေ အထူးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ (ဤ Campaignကာလ ရက် (၂၀) အတွင်း ပြန်အမ်းငွေ ခံစားခွင့်ရရှိနိုင်မည့် Customer အရေအတွက် ကန့်သတ် ထားပြီး ဦးသူရစနစ်ဖြစ်ပါသဖြင့် ကန့်သတ်အရေအတွက်ထက် ကျော်လွန်သွားပါက KBZ Bank Credit Card ဖြင့် ငွေပေးချေသော Customers များအနေဖြင့် ပြန်အမ်းငွေရရှိနိုင်မည် မဟုတ်ပါ။)
၄။ Lucky Draw အစီအစဥ်
KBZ Bank Credit Card ကိုင်ဆောင်ထားသော Customer များသည် ဤ Campaign ကာလအတွင်း KBZ Bank Credit Card ဖြင့် KBZ POS စက်များတွင် ပြေစာတစ်စောင်လျှင် အနည်းဆုံး ငွေပမာဏ သုံးသိန်း (၃၀၀,၀၀၀) ကျပ် နှင့် အထက် ငွေပေးချေမှုပြုလုပ်ပါက KKS Thai Food & B.B.Q ၈မိုင် ဆိုင်ခွဲတွင် အသုံးပြုနိုင်သော ငွေငါးသောင်း(၅၀,၀၀၀) ကျပ် တန်ဖိုးရှိ Gift Voucher များကို ကံထူးခွင့် ရရှိမည် ဖြစ်ပါသည်။ ဤအစီအစဥ်တွင် စုစုပေါင်း ကံထူးရှင် (၅၀) ဦး ကို ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။
၅။ Double Rewards အထူးအခွင့်အရေး
KBZ Bank Credit Card ဖြင့် KBZ POS စက်များတွင်ပြေစာတစ်စောင်လျှင် အနည်းဆုံး ငွေပမာဏ သုံးသိန်း (၃၀၀,၀၀၀) ကျပ် နှင့် အထက် ငွေပေးချေမှု ပြုလုပ်သော Customer များသည် အထက်ဖော်ပြပါ Cashback နှင့် Lucky Draw အစီအစဉ် (၂) မျိုးလုံးတွင် ပါဝင်ကံစမ်းခွင့် ရရှိမည် ဖြစ်ပြီး Double Rewards ကံထူးနိုင်မည့် အခွင့်အရေးကို ရယူခံစားနိုင်မည် ဖြစ်ပါသည်။ Campaign ကာလအတွင်း KBZ Bank Credit Card ဖြင့် ငွေပမာဏ များများ သုံးစွဲလေလေ ဆုလက်ဆောင်များကို ကံထူးနိုင်မည့် အခွင့်အရေး များများပိုမိုရရှိလေ ဖြစ်ပါသည်။
၆။ ဤCampaign မှရရှိသည့် Cashback (ပြန်အမ်းငွေ) များကို Campaign ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း ပြန်အမ်းငွေရရှိသူများ၏ KBZ Bank Credit Card အကောင့်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးသွား မည်ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပြီးပါက ပြန်အမ်းငွေရရှိသူများထံသို့ KBZ Bank မှ SMS ပေးပို့အကြောင်းကြား သွားမည် ဖြစ်ပါသည်။
၇။ ဤCampaignမှ ငွေငါးသောင်း(၅၀,၀၀၀) ကျပ် တန်ဖိုးရှိ Gift Voucher များကို ကံထူးသွားသော ကံထူးရှင်များသည် Card Business Unit (CBU) – တိုက်အမှတ် (MS-4)၊ ဒုတိယထပ်၊ ကန်တော်ကြီး ရိပ်မွန်၊ အထက်မန္တလေးလမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်တွင် ၂၀၂၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့ (အစိုးရရုံးပိတ်ရက်များမပါဝင်ပါ) နောက်ဆုံးထား၍ ရုံးချိန်အတွင်း လာရောက် ထုတ်ယူရပါမည်။ သတ်မှတ်ရက် ကျော်လွန်ပြီးမှ လာရောက်ထုတ်ယူသည့် ဆုလက်ဆောင်များအတွက် KBZ Bank မှ တာဝန်ယူ ထုတ်ပေးမည်မဟုတ်ပါ၊ ကံထူးရှင်များအနေဖြင့်လည်း ထိုကဲ့သို့နောက်ကျထုတ်ယူခွင့်ကို တောင်းဆိုပိုင်ခွင့်ရှိမည်မဟုတ်ပါ။
၈။ Gift Voucher အား ကံထူးသူကတ်ပိုင်ရှင် ကိုယ်တိုင် မှတ်ပုံတင် မူရင်းဖြင့် လာရောက်ထုတ်ယူရ မည်ဖြစ်ပြီး ကိုယ်စားထုတ်ယူခွင့်မပြုပါ။ Gift Voucher များကို ရရှိသူသည် မိမိရရှိသည့် Gift Voucher အား ထုတ်ယူစဉ်တွင် သေချာစစ်ဆေးပြီးမှသာ လက်ခံရယူရမည်မှာ Gift Voucher ရရှိသူ၏ တာဝန်ဖြစ်ပါသည်။ Gift Voucher ရရှိသူမှ ထုတ်ယူပြီးသော Gift Voucher များနှင့် ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ Bank မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။ KBZ Bank သည် ဤCampaignမှ ရရှိသော Gift Voucher များကို မည့်သည့်အခါမှ ငွေသားဖြင့် လဲလှယ်ပေးမည်မဟုတ်ပါ၊
၉။ Gift Voucher ကံထူးရှင်များသည် Gift Voucher အားပြန်လည် အသုံးပြုရာတွင် ၎င်း၏ နောက်ကျောဘက်တွင်ပါရှိသည့် စည်းမျဥ်းစည်းကမ်းများ အတိုင်း ပြန်လည်အသုံးပြုရမည် ဖြစ်ပါသည်။ Gift Voucher တစ်ခု၏သက်တမ်းမှာ ဇူလိုင်လ (၃၁) ရက် ၂၀၂၆ ခုနှစ် အထိဖြစ်ပါသည်။ အသုံးပြုရမည့် သက်တမ်း ကျော်လွန် သွားသည့် Gift Voucher များအတွက် KBZ Bank မှ တာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ပါ။
၁၀။ ဤCampaignမှ ပြန်အမ်းငွေရရှိသူများနှင့် Gift Voucher ကံထူးရှင်များကို ရွေးချယ်ရာတွင် ၎င်းတို့၏ KBZ Bank Credit Card များကို ပိတ်သိမ်းရန် လျှောက်လွှာတင်ထားသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ ပြန်အမ်းငွေရရှိသူများနှင့် Gift Voucher ကံထူးရှင်များ၏ Credit Card သည် System Active ဖြစ်နေပြီး Campaign ကာလမတိုင်မီ ရှေ့ (၃) လအတွင်း အကြွေးပြန်လည်ပေးဆပ်ခြင်း ပျက်ကွက်မှုမရှိသော Non-Delinquent Users ဖြစ်မှသာလျှင် Cashback နှင့် Lucky Draw ဆုများအား ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
၁၁။ ဤCampaign၏ ပြန်အမ်းငွေရရှိသူများနှင့် Gift Voucher ကံထူးရှင်များကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော) နှင့် KBZ Bank Official Website များတွင် Campaign ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၁၀)ရက်အတွင်း ကြေညာပေးမည် ဖြစ်ပါသည်။ Facebook Page နှင့် Official Website များတွင် ကြေညာရန်အလို့ငှာ ပြန်အမ်းငွေရရှိသူများ နှင့် Gift Voucher ကံထူးရှင်များ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။
၁၂။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ပြန်အမ်းငွေရရှိသူများနှင့် Gift Voucherကံထူးရှင်များကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် ကြေညာမည့်အချိန်နှင့် ပြန်အမ်းငွေများအား သက်ဆိုင်ရာ KBZ Bank Credit Card အကောင့်ထဲသို့ ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။
၁၃။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။
၁၄။ ဤCampaignကာလအတွင်းသာလျှင် KBZ Bank Credit Card (VISA, UnionPay & MPU) ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများ လည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။ Gift Voucher များကိုကံထူးသည့် KBZ Bank Credit Cards ကိုင်ဆောင်သူများ အနေဖြင့် အပိုဒ် (၉) ပါ သတ်မှတ်ချက်နှင့်အညီ Gift Voucher သက်တမ်းကျန်ရှိသည်အတိုင်း အသုံးပြုခွင့်ရမည်ဖြစ်ပါသည်။
၁၅။ ဤ Campaign အတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZ Bank Credit Card ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank Credit Card ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
၁၇။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) Campaign အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၈။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank Credit Card ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၉။ KBZ Bank Credit Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Merchant ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၁။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အမှန်ယူမည်ဖြစ်သည်။