“ဝါကျွတ်ကာလမှာ ပြည်ပငွေလွှဲလက်ခံရင်း  ရွှေသားနဲ့ ငွေသားဆုများပါ ကံထူးနိုင်ပါပြီ” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ ယခု “ဝါကျွတ်ကာလမှာ ပြည်ပငွေလွှဲလက်ခံရင်း  ရွှေသားနဲ့ ငွေသားဆုများပါ ကံထူးနိုင်ပါပြီ” Campaign သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် ပြည်ပငွေလွှဲ လက်ခံရရှိသည့် ကမ္ဘောဇဘဏ်စာရင်းပိုင်ရှင်များ၊ KBZPay အဆင့် ၂ Customer များနှင့် ကမ္ဘောဇဘဏ်ခွဲများတွင် ပြည်ပငွေလွှဲကို ငွေသားထုတ်ယူခြင်း (Cash pick up) ဝန်ဆောင်မှုကို ရယူသူများသာ ပါဝင်နိုင်မှာဖြစ်ပြီး Campaign ကာလ အတွင်း ပြည်ပမှ လွှဲပို့သည့်ငွေများကို အနည်းဆုံး ၂၀၀,၀၀၀ ကျပ် မှ စတင်၍ လက်ခံရန် လိုအပ်ပါသည်။ 

၃။ KBZPay အဆင့် ၁ Customerများ နှင့် အဆင့် ၁.၅ Customerများသည် KBZPay အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ ကမ္ဘောဇဘဏ်စာရင်း ပိုင်ရှင်များ အနေဖြင့် ပုံမှန်အပ်ငွေစာရင်းများ (Savings, Call, Current) (သို့) Cash Accounts (Special Savings, Call, Current) ငွေစာရင်းအမျိုးအစားတစ်ခုခုအား ဖွင့်လှစ်ထားရန် လိုအပ်ပါသည်။ သတ်မှတ်ထားသည့် ကမ္ဘောဇဘဏ်ငွေစာရင်းအမျိုးအစားတစ်ခုခုအား ဖွင့်လှစ်ထားခြင်းမရှိသည့် Customer များနှင့် KBZPay အကောင့်ဖွင့်လှစ်ထားခြင်း မရှိသည့် Customerများသည်လည်း ကမ္ဘောဇဘဏ်ခွဲများတွင် ပြည်ပငွေလွှဲများကို ငွေသားထုတ်ယူခြင်း (Cash pick up) ဖြင့် ဤ Campaign တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။

၄။ ဤ Campaign တွင် ပါဝင်သော ဆုလက်‌ဆောင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

ပထမဆု – ‌ရွှေ ၁ ကျပ်သား

ဒုတိယဆု – ၁၀ သိန်း ကျပ်

တတိယဆု – ၅ သိန်း ကျပ်

အထူးဆု – ၁ သိန်း ကျပ် ၁၀ ဆု

၅။ ဤ Campaign တွင် ကံထူးသူ (၁၃) ဦးကို ကျပန်းအနေနှင့် ရွေးချယ်သွားမည်ဖြစ်ပြီး  ကံထူးသူများကို  အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media Channel နှင့် အပြာရောင်အမှန်ခြစ်ပါသော KBZPay Social Media Channel များမှတစ်ဆင့် Campaign ပြီးဆုံးသည့် ရက်မှစ၍ သတ်မှတ်ရုံးဖွင့်ရက် (၃) ရက် အတွင်း ကြေညာပေးသွားမည် ဖြစ်ပါသည်။ ကံထူးသူများထံသို့ ကမ္ဘောဇဘဏ်မှ SMS ပေးပို့၍လည်း ဆက်သွယ်မည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ် မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက် ထုတ်ယူနိုင်မည့် လိပ်စာအား အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ ကံထူးသူများအား social media များနှင့် website များတွင် ကြေညာရန်အလို့ငှာ  ကံထူးသူများ၏ အမည်နှင့်  ဖုန်းနံပါတ် (ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ)ကို ကမ္ဘောဇဘဏ် မှ အသုံးပြုနိုင်သည်ကို ကံထူးသူများမှ သိရှိပြီး သဘောတူပါသည်။ 

၆။ ဆုရရှိသူများသည် အပြာရောင် အမှန်ခြစ်ပါသော KBZ Bank Facebook Page Messenger (သို့) အပြာရောင် အမှန်ခြစ်ပါသော KBZPay Facebook Page Messenger (သို့) [email protected] (သို့) [email protected] သို့ မိမိ၏ ကိုယ်ရေးအချက် အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်နှင့် လက်ရှိနေရပ်လိပ်စာ တို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့်အတူ ပေးပို့၍ ဆက်သွယ်ရပါမည်။ 

၇။ ပထမဆု ရွှေ ၁ ကျပ်သား ရရှိသူသည် ဆုလက်ဆောင်အား ထုတ်ယူရန်အကြောင်းကြားသည့် နေ့ရက်မှစတင်၍ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး  ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှု၊ ကွဲလွဲမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၈။ ပထမဆု ရွှေ ၁ ကျပ်သားအား ရရှိသည့် ကံထူးရှင်အနေဖြင့်ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၉။ ဒုတိယဆု ၁၀ သိန်း ကျပ်၊ တတိယဆု ၅ သိန်း ကျပ် နှင့် အထူးဆု ၁ သိန်း ကျပ် (၁၀) ဆု တို့ကိုရရှိသည့် ကံထူးသူများအနေဖြင့် ဆုငွေများအား ကံထူးသူများ၏ သက်ဆိုင်ရာ  ကမ္ဘောဇဘဏ်ငွေစာရင်း (သို့) KBZPay Wallet ထဲသို့ ကံထူးရှင်စာရင်းကို ကြေညာပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၃) ရက်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ကံထူးရှင်များအနေဖြင့် ဆုလက်ခံရယူရန် အတွက် ကမ္ဘောဇဘဏ်စာရင်း ဖွင့်လှစ်ထားရှိရန် (သို့) KBZPay အဆင့် ၂ Customer ဖြစ်ရန် လိုအပ်ပါသည်။ 

၁၀။ ကမ္ဘောဇဘဏ်၏ ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်ခွင့်ရှိမည်မဟုတ်ပါ။

၁၁။ ဤ Campaign တွင် ပါဝင်သည့် Customer များသည် ဤစည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် သဘောတူပါသည်။ 

၁၂။ ဤ Campaign ကာလအတွင်း ပါဝင်သည့် Customerများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၃။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် Campaign တွင်ပါဝင်သည့် Customerများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့် ရှိသည်။

၁၅။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များနှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေ ရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၆။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၇။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် ဤ Campaign တွင် ပါဝင်သည့် Customerသူများအနေဖြင့် လျော်ကြေး တစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၈။ ကမ္ဘောဇဘဏ် ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်  မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် နှင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။