Campaign ကာလအတွင်း Steam Wallet Gift Card (USD) နှင့် Steam Wallet Gift Card (SGD) ဝယ်ယူလေ့ရှိသော Customer များအတွက်အထူးအစီအစဥ်” စည်းမျဥ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ KBZ Mobile Banking Steam Wallet Gift Card Campaign သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ KBZ Mobile Banking Steam Wallet Gift Card Campaign ၏ ရည်ရွယ်ချက်မှာ Campaign ကာလအတွင်း Steam Wallet Gift Card (USD) နှင့် Steam Wallet Gift Card (SGD) ဝယ်ယူလေ့ရှိသော Customer များ အတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ငွေသားလက်ဆောင်များ ပြန်လည်ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။

၃။ Campaign ကာလအတွင်း Steam Wallet Gift Card (USD) နှင့် Steam Wallet Gift Card (SGD) ဝယ်ယူသည့် KBZ Mobile Banking အသုံးပြုသည့် Customer များအားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။ KBZ Mobile Banking ရှိ Steam Wallet ကဒ်များ သည် ရောင်းချသူ ၏ သတ်မှတ် Rate များဖြင့် ကောက်ခံခြင်းဖြစ်ပါတယ်။

၄။ Steam Wallet Gift Card ဝယ်ယူခြင်းများအတွက် ပြန်အမ်းငွေကို ဤ Campaign ကာလအတွင်း Customer တစ်ယောက်လျှင် အများဆုံး နှစ်ကြိမ်အထိသာ ရယူနိုင်မည်ဖြစ်ပြီး ပြန်အမ်းငွေမှာ အကန့်အသတ်ရှိ၍ ဦးရာသူ စနစ်သာဖြစ်ပါသည်။

 ပြန်အမ်းငွေ ပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Steam USDDenomination PriceCash BackSteam SGDDenomination PriceCash Back
USDMMK SGDMMK 
 51,500
103,000103,000
207,000206,000
5015,000309,000
10020,0005015,000

၅။ Steam Wallet Gift Card ကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက် နေ့အတွင်း KBZ Mobile Banking မှ ဝယ်ယူသော Customer တိုင်း သည် ဝယ်ယူပြီး တစ်ရက်အကြာတွင် ဝယ်ယူသော Customer ၏ ဘဏ်အကောင့်ထဲသို့ ပြန်အမ်းငွေကို ပြန်လည် ရရှိမည်ဖြစ်ပါသည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၆။ ဤ Campaign ကာလအတွင်းသာလျှင် KBZ Bank Customerများ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၇။ KBZ Bank ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PINနှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၈။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၉။ ဤ Campaign နှင့်ပတ်သက်၍ KBZ Bank Customer များ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၀။  KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၁။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲ ခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၂။ KBZ Bank ငွေလွှဲဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။ 

၁၃။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၁၄။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bank အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZ Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။ 

၁၆။ ဤ Campaign အစီအစဥ်နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။