Campaign ကာလအတွင်း Steam Wallet Gift Card (USD) နှင့် Steam Wallet Gift Card (SGD) ဝယ်ယူလေ့ရှိသော Customer များ အတွက် အထူးအစီအစဥ်” ၏ မေးလေ့မေးထရှိသော မေးခွန်းများ

KBZ Online Banking ထဲရှိ Steam Wallet Gift Card (USD) နှင့် Steam Wallet Gift Card (SGD) ဝယ်ရှိသော Customer များအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

အစီအစဥ်ကာလသည်  ၂၁.၀၉.၂၀၂၃ မှ ၂၇.၀၉.၂၀၂၃  အထိ ၇ရက်တိတိ ကြာမြင့်မှာဖြစ်ပါသည်။

သတ်မှတ်ထားသော အထူးအစီအစဥ် ကာလအတွင်းSteam Wallet Gift Card (USD) နှင့် Steam Wallet Gift Card (SGD) ဝယ်ရှိသော Customer များအားလုံး ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ‌

Steam Wallet Gift Card ကို စက်တင်ဘာလ ၂၁ ရက်နေ့မှ  ၂၇ ရက် နေ့အတွင်း KBZ Mobile Banking မှ ဝယ်ယူသော Customer တိုင်း သည် ဝယ်ယူပြီး တစ်ရက်အကြာတွင် ဝယ်ယူသော Customer ၏ ဘဏ်အကောင့်ထဲသို့ ပြန်အမ်းငွေကို ပြန်လည် ရရှိမည်ဖြစ်ပါသည်။

အစီအစဥ်တွင် ပြန်အမ်းငွေမှာ အကန့်အသတ်ရှိ၍ ဦးရာသူ စနစ်သာဖြစ်ပါသည်။

မိမိတို့ဝယ်ယူသည့် gift card ပမာဏပေါ်မူတည်ပြီး ပြန်အမ်းငွေ ၁,၅၀၀ ကျပ်မှစတင်၍ ၂၀,၀၀၀ ကျပ်အထိ ရယူနိုင်ပါသည်။ 

Campaign ကာလအတွင်း User တစ်ယောက်လျှင် အများဆုံး နှစ်ကြိမ်အထိသာ ရယူနိုင်မည်ဖြစ်ပါသည်။

Transaction History တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။

သတိပြုရန်။ KBZ Bankသည် ယခု အစီအစဉ်​၏ တစိတ်တဒေသဖြစ်သည့် အသုံးပြုသူတို့​၏ အကောင့်အချက်အလက်များ ၊ OTP သို့မဟုတ် စကားဝှက်များ ကို အသုံးပြုသူများထံမှ မည်သည့်အခါမျှ ဖုန်းဆက်ခေါ်ယူ မေးမြန်းတောင်းယူမည် မဟုတ်ပါ။ ထိုကဲ့သို့သော သတင်းအချက် အလက်များကို တစ်စုံတစ်ယောက်မှ ဖုန်းဆက်မေးမြန်းလာပြီဆိုပါက ထိုသူတို့​၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မပြုခြင်းဖြင့် လိမ်လည်မှုများကို ရှောင်ရှားပါ။