(၁) ကမ္ဘောဇဘဏ်သည် “Thingyan Myanmar New Year Campaign အစီအစဥ်ကာလကို ၂၀၂၆ ခုနှစ် ဧပြီလ ၁ရက်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ရက်နေ့ အထိသတ်မှတ်ထားပါသည်။
(၂) ဤအစီအစဥ်ကာလအတွင်း KBZBank Customer များသည် ရန်ကုန်၊ မန္တလေး၊ ၊နေပြည်တော် နှင့် ရှမ်းပြည်နယ် ရှိ သတ်မှတ်ထားသည့် ကမ္ဘောဇဘဏ်ခွဲ (၁၅) ဘဏ်တွင် (Ordinary and Cash )CASA,Call,Fixed Deposit ကို လက်ရှိ ဘဏ် အပ်ငွေစာရင်းသို့ဖြစ်စေ၊ အသစ်ဖွင့်လှစ်သော ဘဏ်အပ်ငွေစာရင်း သို့ ဖြစ်စေ မည်သည့် ငွေစုဘဏ်အပ်ငွေအမျိုးအစားကိုမဆိုကနဦးလာရောက်ငွေအပ်နှံသော customer (50)ဦး အား သတ်မှတ်အပ်ငွေ ပမာဏ အလိုက် အမှတ်တရလက်ဆောင်များကို ရရှိမည်ဖြစ်သည်။ အစီအစဥ် ကာလ အတွင်း ပေးအပ်မည့် အမှတ်တရ လက်ဆောင်များသည် အရေအတွက်ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီး နောက် ငွေအပ်နှံသော Customerများ အနေဖြင့် လက်ဆောင်များအား ရရှိနိုင်မည်မဟုတ်ပါ။ ငွေအပ်နှံခြင်းတွင် Fresh Fund ဖြင့်ငွေအပ်နှံခြင်း ၊ CBN NET မှတစ်ဆင့် အထက်ဖော်ပြပါကမ္ဘောဇ အကောင့်ထဲသို့ ငွေလွဲပြောင်းခြင်းကိုဆိုလိုပါသည်)
| ၀၆၁ – ဗဟိုစည် ဘဏ်ခွဲ | ၂၂၈ – သိမ်ဖြူလမ်း ဘဏ်ခွဲ | ၁၇၃- ပန်းဆိုးတန်းဘဏ်ခွဲ | ၀၆၅ – ပျဉ်းမနား ဘဏ်ခွဲ | ၁၇၇ – နေပြည်တော် ဘဏ်ခွဲ (၄) |
| ၀၄၃ – ပြည်ကြီးတံခွန် ဘဏ်ခွဲ | ၀၈၇- မန္တလေး ဘဏ်ခွဲ (၁၁) | ၂၂၄ – မန္တလေး (၂၄) ဘဏ်ခွဲ | ၃၁၁ – မန္တလေး ဘဏ်ခွဲ (၄၀) | ၃၈၀- မန္တလေး ဘဏ်ခွဲ (၄၆) |
| ၄၀၈ – ပုသိမ်ကြီး (အုန်းချော) ဘဏ်ခွဲ | ၀၀၁ – တောင်ကြီးဘဏ်ခွဲ(၁) | ၀၃၅ – အောင်ပန်းဘဏ်ခွဲ | ၃၄၄-ဟဲဟိုး ဘဏ်ခွဲ | ၀၅၉-ညောင်ရွှေ ဘဏ်ခွဲ |
| သတ်မှတ်အပ်နှံငွေပမာဏ | မေတ္တာလက်ဆောင်များ |
| ကျပ်သိန်း (၁၀၀) မှ သိန်း(၃၀၀) အထိ | Notebook + Pen + Mug |
| ကျပ်သိန်း (၃၀၀) မှ သိန်း(၅၀၀) အထိ | Notebook + Pen + Mini Jute bag |
| ကျပ်သိန်း (၅၀၀) မှ သိန်း (၁,၀၀၀) အထိ | Notebook +Pen + Umbrella |
| ကျပ်သိန်း (၁,၀၀၀) နှင့် အထက် | Notebook + Pen + Jacket |
(၃) ဤအစီအစဉ်အရ Customer အနေဖြင့် ရရှိထားသော လက်ဆောင်များကို ကမ္ဘောဇဘဏ် မှ မည်သည့် အခါတွင်မျှ ငွေကြေးဖြင့်လဲလှယ်ပေးမည်မဟုတ်ဘဲ Customerမှလည်း ထိုကဲ့သို့လဲ လှယ်ပေးရန် တောင်းဆိုပိုင်ခွင့် မရှိပါ။
(၄) Customer များအနေဖြင့် မိမိရရှိသော လက်ဆောင်များကို မိမိငွေစာရင်းအပ်နှံသောအပိုဒ် (၂)တွင် ဖော်ပြထားသည့် ဘဏ်ခွဲတွင်သာ ထုတ်ယူရမည်ဖြစ်ပါသည်။
(၅) လက်ဆောင်ပစ္စည်းများကိုမထုတ်ယူမှီ အမျိုးအစားနှင့် အရေအတွက်အား သေချာစွာ စစ်ဆေးရန်မှာ Customer ၏ တာဝန်သာဖြစ်ပါသည်။ Customer များသည် သတ်မှတ်ရက်အတွင်း ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်မှ မည်သည့်အခါတွင်မျှ လက်ဆောင်ပစ္စည်း များကို ပြန်လည်၍ ငွေအမ်းပေးခြင်း သို့မဟုတ် လဲလှယ်ပေးခြင်းများပြုလုပ်မည်မဟုတ်ပါ။
(၆) ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် မေတ္တာလက်ဆောင်ပစ္စည်းအရေအတွက်ထက် ကျော်လွန်ပြီး နောက် ငွေစာရင်အပ်နှံသည့် Customer များအနေဖြင့် အဆိုပါ မေတ္တာလက်ဆောင်များ ရရှိနိုင်တော့ မည်မဟုတ်ကြောင်း သိရှိနားလည်ပါသည်။
(၇) ယခုအစီအစဉ်အတွင်းသာလျှင် သတ်မှတ်ချက်နှင့်ကိုက်ညီသော Customer များအနေဖြင့် မေတ္တာ လက်ဆောင်များအား ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် အဆိုပါ အခွင့်အရေး များလည်း ကုန်ဆုံးသွားမည်ဖြစ်သည်။
(၈) ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ ၊OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့် သတင်းအချက် အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။
(၉) ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယ ဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
(၁၀) ဤအစီအစဥ်ကာလနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
(၁၁) ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) အစီအစဉ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေ အနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
(၁၂) ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင် ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံ တစ် ရာပြောင်းလဲခြင်း ကြောင့် ကမ္ဘောဇဘဏ် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
(၁၃) ကမ္ဘောဇဘဏ် နှင့်သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် ဆုလက်ဆောင် များ အသီးသီးတွင် သတ်မှတ်ပါရှိသော စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
(၁၄) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
(၁၅) ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေ အရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရား များကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
(၁၆) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပါယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာ ဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။